နိုင်ဂျီးရီးယားတွင် (၂၀၂၁) ပထမ (၆) လ၌ နေ့စဉ်ခရစ်ယာန် (၁၇) ဦးနှုန်းသတ်ဖျက်ခံနေရဟုဆို

နိုင်ဂျီးရီးယားတွင် (၂၀၂၁) ပထမ (၆) လ၌ နေ့စဉ်ခရစ်ယာန် (၁၇) ဦးနှုန်းသတ်ဖျက်ခံနေရဟုဆို

နိုင်ဂျီးရီးယားတွင် (၂၀၂၁) ပထမ (၆) လ၌ နေ့စဉ်ခရစ်ယာန် (၁၇) ဦးနှုန်းသတ်ဖျက်ခံနေရဟုဆို

နို်ငဂျီးရီးယားနိုင်ငံတွင် (၂၀၂၁) ခုနှစ် ပထမ (၆) ၏ရက်ပေါင်း (၂၀၀) အတွင်း ခရစ်ယာန်စုစုပေါင်း (၃၄၆၂) ဦးကွပ်မျက်ခံခဲ့ရကြောင်း လေ့လာတွေ့ရှိရသည်။ ဤအသေအပျောက်စာရင်းကိုပျမ်းမျှတွက်မည်ဆိုပါလျင် တစ်ရက် တာအတွင်း ခရစ်ယာန် (၁၇) နှုန်းဖြင့်သတ်ဖျက်ခံနေရသည်။

လူ့အဖွဲ့အစည်းများ၏လွှတ်လပ်ခွင့်နှင့်တရားဥပဒေစိုးမိုးဆိုင်ရာ လေ့လာသောနိုင်ငံတကာဆိုင်ရာအဖွဲ့အ စည်း၏တွေ့ရှိချက်အရ နိုင်ဂျီးလီးယားနိုင်၏အရှေ့ဖက်၊ Onitsha ၌ အသတ်ခံခဲ့ရသောသူများအနက် ကက်သလစ် ဘုန်းကြီး (၁၀) ပါးနှင့်ဓမ္မအမူတော်ဆောင်များလည်းပါ၀င်ကြောင်း၊ ၄င်းတို့သည် (၂၀၂၁) ဇန္န၀ါရီလ (၁) ရက်နေ့မှဇူလိုင် (၁၈) အထိစစ်တမ်းများအရသိရသည်။ အကူအညီမဲ့နေသောခရစ်ယာန်များသည် လွန်ခဲ့သောရက် (၂၀၀) မှစ၍ ယကဲ့သို့သတ်ဖြတ်ခံနေရသည်မှာ အီစ္စလမ်မစ်ဂျီဟပ်နှင့်၄င်းတို့ကိုအားပေးထောက်ခံသူများတို့ကြောင့် ဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူများစာရင်းမှာ (၃၄၆၂) ထက်မနည်းတော့ကြောင်း၊ ဤအရေအတွက်သည် နိုင်ဂျီးရီး ယား၌ ယခင်နှစ် (၂၀၂၀) တစ်နှစ်လုံးသတ်ဖြတ်ခံရမူထက် (၆၈) ဦးသာလျော့ကြောင်း၊ ယခင်နှစ် (၂၀၂၀) တစ်နှစ် လုံးသတ်ဖြတ်ခံခဲ့ရသည့် ခရစ်ယာန်ဦးရေမှာ (၃၅၃၀) ဦးဖြစ်ကြောင်းပြောသည်။ (၂၀၁၄) ခုနှစ် ခရစ် ယာန် (၅၀၀၀) ကျော်သတ်ဖြတ်ခံရသည့်အဖြစ်အပျက်ပြီးနောက် ဒုတိယအမြင့်ဆုံးသတ်ဖြတ်ခံရခြင်းဖြစ်သည်။ သို့သော် ယခုမှတစ် နှစ်ပင်မပြည့်သေးပေ။ ဤသတ်ဖြတ်စာရင်းများသည် ထိုဘာသာရေးအစွန်းရောက်အဖွဲ့ဖြစ်သော Boko Haram နှင့် Fulani herdsmen တို့၏လက်ထဲ၌စာရင်းများရှိကြောင်း လေ့လာစုံစမ်းသည့်အဖွဲ့ကဆိုပါသည်။

မှတ်တမ်းများအရ (၂၀၁၄) ခုနှစ်၌ ခရစ်ယာန် (၄၀၀၀) ကျော်သတ်ဖြတ်ခံရမူသည် အာဖရိကတိုက်၏အကြီး မားဆုံးသော အီစလမ်နိုင်ငံထူထောင်ရေးအစွန်းရောက်အဖွဲ့ဖြစ်သည့် Boko Haram အဖွဲ့၌တာ၀န်အရှိဆုံးဖြစ် ကြောင်း၊ Fulani herdsmen အဖွဲ့သည်လည်း ခရစ်ယာန်ဖြစ်လယ်သမားများနှင့်မကြာခဏ ပဋိပက္ခများဖြစ်ပွားပြီး ထိုနှစ်၌ပင် ခရစ်ယာန် (၁၂၂၉) ဦးအသတ်ခံခဲ့ရသည်။ (၂၀၂၁၊ မေလ ၁၁) ရက်နေ့ထုတ်ပြန်သောကြေညာချက်သည် (၂၀၂၁) ဇန္န၀ါရီလမှဧပြီလအထိ ရက်ပေါင်း (၈၀) အတွင်း ခရစ်ယာန် (၁၄၇၀) ဦးထက်မနည်းသတ်ဖြတ်ခံခဲ့ရသည် ကိုတွေ့ရှိရပြီး၊ (၂၀၂၁)၊ မေ (၁) ရက်မှ ဇူလိုင် (၁၈) ရက်နေ့အထိ ခရစ်ယာန် (၁၉၉၂) ဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ ရကြောင်း ဇူလိုင်လ (၁၈) ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ဤအဖွဲ့အစည်း (Intersociety) သည် (၂၀၁၀) မှစ၍ နိုင်ဂျီးရီးယားနိုင်ငံ မတရားအကြမ်းဖက်သတ်ဖြတ်ခံ နေရသော လူနည်းစုတို့၏ အခွင့်အရေးများအားစုံစမ်းစစ်ဆေးမှတ်တမ်းပြုသည့်အဖွဲ့ဖြစ်သည်။ အချက်အလက်များ ကိုများကိုကောက်ခံရာတွင် ကိုယ်တွေ့ကြုံခဲ့ရသောသူများထံမှလည်းကောင်း၊ မီဒီယာနည်းလမ်းဖြင့်လည်းကောင်း၊ တွေ့ဆုံမေးမြန်းခြင်းဖြင့်လည်းကောင်းရယူသည်။ ဤအဖွဲ့၏လေ့လာတွေ့ရှိချက်များအရ (၂၀၂၁) ဇန္န၀ါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ ခရစ်ယာန် (၂၂၀၀) ဦးပြန်ပေးဆွဲခံခဲ့ရသည်။ တဖန် မေလ (၁) ရက်နေ့မှ ဇူလိုင် (၁၈) ရက်နေ့အထိ (၇၈၀) ဦးထပ်မံပြန်ပေးဆွဲခံရသည်။ (၂၀၂၀) တစ်နှစ်တာပြန်ပေးဆွဲဖမ်းဆီးခဲ့သောဦးရေမှာ (၃၀၀၀) ဦးဖြစ်သည်။

စုံစမ်းတွေ့ရှိချက်အရ ပြန်ပေးဆွဲခံရသူ (၃၀) ဦးအနက် အနည်းဆုံး (၃) ဦးမှာသတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးခံ ထားရစဉ်သေဆုံးသည့်ဖြစ်ရပ်များနှင့်ကြုံရသည်။ ယခုနှစ်စပိုင်း၌ ဖမ်းဆီးခံရသောခရစ်ယာန် (၃၀၀) ဦးအသက်ဆုံး ရှုံးခဲ့သည်။ ခရစ်ယာန်များကိုသာမဟုတ် ဘာသာရေးအဆောက်အဦးများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ကြသည်။ (၂၀၂၁၊ ဇန္န၀ါရီလ) မှစ၍ ဘုရားကျောင်းပေါင်း (၃၀၀) တိုက်ခိုက်ခဲ့သည်။ နိုင်ဂျီးရီးယားနိုင်ငံ၏ အရှေ့မြောက်ရှိ Taraba ပြည်နယ်၌ ဘုရားကျောင်းပေါင်း (၇၀) ခန့်တိုက်ခိုက်ဖျက်ဆီးမည်ဟုခြိမ်းခြောက်ခံခဲ့ရဖူးသည်။

ဤသို့ဖြစ်နေသည်မှာ အလွန်စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ကိုမုန်းတီးပြီး တိုက်ခိုက်ရာ၌တာ၀န်ရှိသော အထက်ကဖော်ပြခဲ့သောအဖွဲ့အစည်းများသည် မတရားမူများကိုကျူးလွန်ရန်ခွင့်ပြု မိန့်ရထားသယောင်ဖြစ်နေပြီး၊ လူသတ်မူကိုစိတ်ရှိလက်ရှိကျူးလွန်နေကြသည်။ သေတွင်းမှလွှတ်မြောက်လာခဲ့ကြ သောသူများ၊ မိသားစုများမှာလည်း နိုင်ဂျီးရီးယားအစိုးရ၏မည်သည့်အကာအကွယ်အကူအညီမျှမရလစ်လျူရူခံ ထားရသည်ဟုဆိုပါသည်။ နိုင်ငံတော်၏လုံခြုံရေးတာ၀န်ကိုယူထားကြသူများအားလည်း ချို့တဲ့နွမ်းပါးအကာအ ကွယ်မဲ့သော ခရစ်ယာန်များဘေးအန္တာရာယ်နှင့်ကြုံနေလျှင်လည်း၀င်ရောက်ကူညီခြင်းမပြုရန်ကိုလည်း လက်တို့ ထားကြသည်ဟုဆိုသည်။ ဖုံးဖိမရဖြစ်လာသည့်အချိန်မျိုးမှသာ အကူအညီပေးသယောင်ဖြင့်ကူညီဟန်ပြရန်ညွှန်ကြား ထားသည်။ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း၌ ဘာသာရေးအစွန်းရောက်ဂျီဟပ်တို့သည် လွှတ်လပ်စွာလှုပ်ရှားစစ် ကြောင်းထိုးခွင့်၊ လုံခြုံရေးအင်အားစု၏အကူအညီအပြည့်အ၀ရထားပြီး၊ ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုးဆိုးလု ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ဘာသာရေးကိုအဓမ္မသိမ်းသွင်းခြင်း၊ ခရစ်ယာန်ဘာသာ၀င်များနှင့်ပိုင်ဆိုင်မူများ၊ ၀တ်ပြုရာနေရာများ၊ ပညာရေး၊ ဘာသာရေးသင်ကြားသောနေရာများကိုမူ အကာအကွယ်လုံး၀ပေးမထားပေ။

ထိုလုံခြုံရေးတာ၀န်ရှိသောအဖွဲ့အစည်းများသည် နိုင်ဂျီးရီးနိုင်ငံ၏တောင်ပိုင်း၊ မြောက်ပိုင်းရှိခရစ်ယာန်များ ကိုလည်း ရန်ပြုမူများ၊ နိုင်ငံတော်ဘာသာအားမရိုမသေပြုမူစော်ကားကြောင်းစသောမမှန်ကန်သည့်စွပ်စွဲချက်များ ဖြင့်ခြိမ်းခြောက်မူများပြုလုပ်ကြသည်။ အမှန်တရားနှင့်တရားမျှရေးဖော်သည့်အဖွဲ့၏တွေ့ရှိချက်အရ Fulani herdsmen အဖွဲ့သည် လူသတ်မူ၏အဓိကတရားခံဖြစ်ပြီး၊ (၂၀၂၁) ခုနှစ်၏ ရက်ပေါင်း (၂၀၀) အတွင်း သတ်ဖြတ်ခံ ခဲ့ရသောခရစ်ယာန် (၁၉၀၉) ဦးသည်သူတို့၏လက်ချက်သာဖြစ်သည်။ သူတို့သည် အီစ္စလမ်နိုင်ငံထူထောင်ရန် အကြမ်းဖက်လုပ်ဆောင်နေသောဘာသာရေးအစွန်းရောက်အဖွဲ့ဖြစ်သည့် Boko Haram (the Islamic State in West Africa Province (ISWAP)) အဖွဲ့၏အကာအကွယ်အပြည့်အ၀ကိုရထားသည်။ ခိုးမူဟုစွပ်စွဲခံရလျင်လည်း လူသတ်ခွင့်ပေးထားသော ဥပဒေများထုတ်ပေးထားသောကြောင့် ခရစ်ယာန် (၁၀၆၃) ဦးအသတ်ခံခဲ့ရသည်။ သတင်း ပေးပို့ချက်အရာ နိုင်ဂျီးရီးယားစစ်တပ်၊ ရဲများနှင့်အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် ခရစ်ယာန် (၄၉၀) ဦးကိုသေဆုံးစေမူနှင့်ပတ်သက်နေသည်။
Ref: Catholic News Agency
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

Add new comment

11 + 7 =