နိုက်ဂျီးရီးယား လယ်ယာအလုပ်သမား တစ်ရာကျော် အကြမ်းဖက် အဖွဲ့မှသတ်ဖြတ်ခဲ့မှုအတွက် ဆုတောင်းပေးကြရန် ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

နိုက်ဂျီးရီးယား အရှေ့မြောက် အရပ်တွင်ရှိ ဘော်နို ပြည်နယ် Borno State ဇာဘာမာရီ Zabarmari ကျေးရွာတွင် ပြီးခဲ့သောစနေနေ့က လယ်ယာအလုပ်သမား တစ်ရာကျော် အကြမ်းဖက် အဖွဲ့မှသတ်ဖြတ်ခဲ့မှုကို ကြားသိခဲ့ရသည့်အတွက် လွန်စွာဝမ်းနည်းကြေကွဲရကြောင်း ယခုကဲ့သို့အကြမ်းဖက်မှုကြောင့်သတ်ဖြတ်ခံရသောသူများ အတွက် ဘုရားရှင်၏ရင်ခွင်တော် မှာငြိမ်းချမ်းစွာခံစားရစေဖို့နှင့် ကျန်ရစ်သူမိသားစုဝင်အရောက်တိုင်းစီသည်လည်း ဘုရားရှင်၏နှစ်သိမ့်ပေးမှုကိုခံရစေကြောင်းနှင့် ထိုကဲ့သို့သတ်ဖြတ်ခဲ့ကြသောအကြမ်းဖက်သမားများ၏နှလုံးသားများကို ပြုပြင်ပြောင်းလဲပေးဖို့ ကျွနုပ်အထူး ဆုတောင်းပေးနေ‌ကြောင်း ဆုတောင်းပေးကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က မေတ္တာရပ်ခံ ကြောင်း ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်းတွင် တောင်းဆိုခဲ့ပါသည်။

ယင်းသတ်ဖြတ်မှုတွင် မျက်မြင်သက်သေများ၏ပြောဆိုချက်များအရ သတ်ခံရသူ တစ်ရာ ကျော်သည် လယ်ကွင်းထဲတွင်ခေါင်းဖြတ်သတ်ခံထားရခြင်းဖြစ် ကြောင်း၊ မည်သည့်အဖွဲ့စည်းမှသတ်ဖြတ်ခြင်းကို တာဝန်ယူ တာဝန်ခံခြင်းမရှိကြောင်း၊ ဘိုကို ဟာရန် Boko Haram သို့ မဟုတ် ယင်းအဖွဲ့စည်းနှင့် စက်စပ်သည့် အဖွဲ့များမှဖြစ်နိုင်ကြောင်း၊ နိုက်ဂျီးရီးယားနိုင်ငံ သမ္မတ မိုဟာမက်အဒူဘူဟာရီ က Muhammadu Buhari ယင်းလုပ်ရပ်ပေါ်ပြင်းထန်စွာရှုတ်ချကြောင်း နိုက်ဂျီးရီးယားသတင်းဌာနမှဖော်ပြထားပါသည်။

ဘာသာပြန်-ဖာသာရ်ပီတာကြည်မောင်

Photo courtesy of: AFP or Licensors

https://bit.ly/3lDxxhg

Add new comment

3 + 4 =