နိုက်ဂျီးရီးယား ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော်တစ်ပါးမှ ဒီတပတ် အစေားပိုင်း တနင်္ဂနွေနေ့ညက

နိုက်ဂျီးရီးယား ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော်တစ်ပါးမှ ဒီတပတ် အစေားပိုင်း တနင်္ဂနွေနေ့ညက

နိုက်ဂျီးရီးယား ကက်သလစ်ဂိုဏ်း ချုပ်ဆရာတော်တစ်ပါးမှ ဒီတပတ် အစေားပိုင်း တနင်္ဂနွေနေ့ညက

အဘူဂျာ Abuja ဒေသတွင် ပြန်ပေးဆွဲခံရသော ဘုန်းတော်ကြီး မက်သရူး ဒါဂျို Fr. Matthew Dajo ကောင်းမွန်စွာ ပြန်လည်လွတ်မြောက် လာရေး ဆုတောင်းပေးကြဘို့ တောင်းဆိုလိုက်ပါသည်။

ပြန်ပေးဆွဲသွားသူများ နှင့် အပြန် အလှန်ညှိနှိုင်းမှုများပြုလုပ်နေကြောင်း ရဲဌာနမှပြောကြားခဲ့သည်ကို ဘုန်းတော်ကြီး ပက်ထရိတ်

အလူမူးကူ Fr. Patrick Alumuku မှ စီအဲန်အေသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

အဘူဂျာ Abuja ဒေသတွင်ရှိ လက်နှက်ကိုင်များမှ ရန်ဂိုဂျီ Yangoji မြို့ကိုတိုက်ခိုက်စဉ် ဘုန်းတော်ကြီး မက်သရူး ဒါဂျိုFr. Matthew Dajo အား ပြန်ပေးဆွဲသွားကြပါသည်။ ထိုမြို့ရှိ စိန့် အန်ထော်နီ သာသနာတိုက်နယ်သည် ဘုန်းတော်ကြီး မက်သရူး ဒါဂျို Fr. Matthew Dajo ကျောင်းထိုင်တာဝန်ထမ်း ဆောင်သော နေရာဒေသဖြစ်ပါသည်။ လက်နက်ကိုင်များ အဖွဲ့လိုက် လာယောက် ပြီး ရည်ရွယ်ချက်ရှိရှိ ဖမ်းစီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားတွင် ဘုန်တော်ကြီးများ ကက်သလစ်ဘာသာဝင်များကို ဖမ်းစီးပြန်ပေးဆွဲခြင်းများ မကြာခဏဖြစ်ပေါ်နေကြောင်း၊ ပြီးခဲ့သော သတင်းတပတ်အတွင်း ဘာသာဝင်တစ်ဦး၏ မိသားစုဝင် ငါးဦးလုံးပြန်ပေးဆွဲခံရပြီး ခုထိ မတွေရှိသေးကြောင်း ဘုန်းတော်ကြီး ကယ်လ်ဗင် Fr. Kevin မှ CNA သတင်းဌာနသို့ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဘာသာပြန်- ဖာသာရ်ပီတာကြည်မောင်

Photo courtesy of : Nigeria's Abuja archdiocese. Public Domain

https://bit.ly/39rL1KE

Add new comment

7 + 7 =