နာမည်ကျော် ယူကျူ့ ထုတ်လွှင့်သူ Cameron Bertuzzi ကက်သလစ်ဘာသာ၀င်အဖြစ်သက်၀င်ယုံကြည်ရန်ပြတ်သားစွာဆုံးဖြတ်

နာမည်ကျော် ယူကျူ့ ထုတ်လွှင့်သူ Cameron Bertuzzi ကက်သလစ်ဘာသာ၀င်အဖြစ်သက်၀င်ယုံကြည်ရန်ပြတ်သားစွာဆုံးဖြတ်

Cameron Bertuzzi သည်အဘယ်သူနည်း။ သူသည် ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သည်။ ထို့အတူ Captureing Christianity အစီအစဉ်ကိုတည်ထောင်သူလည်းဖြစ်သည်။ ဤအစီအစဉ်ကား ခရစ်ယာန်တရားတော်ကို လူမှုကွန်ရက်မှဖြန့်‌ဝေခြင်းအမှုတော်ဖြစ် သည်။ တစ်နည်းဆိုသော် YouTube မှခရစ္စတူးသခင်အကြောင်းဟောကြားသူဖြစ်ပါသည်။ အလွန်လူသိများသူလည်းဖြစ်သည်။

သူသည် ပြီးခဲ့သော ကြာသပတေးနေ့က ကက်သလစ်ဘာသာ၀င်တစ်ဦးဖြစ်လာရန်လေ့လာသင်ကြားနေပါကြောင်း အွန်လိုင်းမှတရား၀င်ဖွင့်ပြောခဲ့သည်။ ဤအံ့အားသင့်သွားဖွယ်ကြေညာချက်ကို စက်တင်ဘာလ (၂၀၊ ၂၀၂၂) ရက်နေ့၌ဖွင့်ပြောခဲ့ခြင်းဖြစ်သည်။

'ကျွန် တော်ကက်သလစ်ဘာသာတူတစ်ဦးဖြစ်လာဖို့ဆုံးဖြတ်လိုက်ပြီ။ ကျွန်တော်အခု RCIA (Rite of Christian Initiation of Adults) သက်ကြီးဘာသာထဲ၀င်ခြင်းအဆင့်များကိုလေ့လာသင် ယူနေတယ်။ ဒီလာမယ့် အီစတာကြရင် ခရစ္မမားအားပေးခြင်းစက္ကရာမင်တူးကိုခံယူပါ့မယ်' ဟုသူကိုယ်တိုင်သူ၏ YouTube ဗွီဒီယိုဖိုင်လ်မှထုတ်ဖော်ပြောကြားခဲ့သည်။

သူယခုကဲ့သို့ပြောင်းလဲလာခြင်းမှာ ပုပ်ရဟန်းမင်းကြီး၏တပည့်တော်ကြီးတို့မှဆင်းသက်လာခြင်း၏ဇစ်မြစ်ကိုတိတိကျကျဖော်ထုတ်နိုင်ရန် ဇောင်းပေးလေ့လာရာမှအခြေခံလာခဲ့ကြောင်း၊ ဤသို့လေ့လာရန်မှာ သက်၀င်ယုံကြည်ရန်မဟုတ်ဘဲ ဆန့်ကျင်ရန်ဖြစ်ခဲ့သည်ဟုဆိုသည်။

သူသည် 'ပရိုတက်စတန်တစ်ဦးအနေဖြင့် ကျွန်တော် ရဟန်းမင်းကြီးတို့ရဲ့တမန်တော် ကြီးတို့ကနေဆင်းသက်လာတယ်ဆိုတဲ့အချက်ကို သဘောထားကြီးကြီးနဲ့လေ့လာခဲ့ပါတယ်။ အဲသလိုလေ့လာတဲ့အခါ အမှန်တရားကိုရှာဖွေနေတာကြောင့် အမှန်တရားတကယ်ကိန်းနေတဲ့နေရာကိုကျွန်တော်လိုက်မယ်။ အဲ့လိုအမှန်တရားနောက်ကိုလိုက်ရာမှာ ကျွန်တော်နဲ့ကျွန် တော့်မိသားစုအတွက် သက်တောင့်သက်သာမရှိလှပေမယ့် အမှန်တရားရှိရာကိုလိုက်ကိုလိုက်မယ်လို့ကျွန်တော့်ကိုယ်ကျွန်တော်ပြောခဲ့တယ်' ဟုသူကဆိုပါသည်။

သူ၏ပရိုတက်စတန်သူငယ်ချင်းများက သူလေ့လာမည်ဖြစ်သောအကြောင်းအရာသည် နောက်ဆုံး၌ သူ၏ပရိုတက်စတန်ယုံကြည်ချက်ကိုပို၍ခိုင်မြဲသွားစေမည်ဟုတစ်ထစ်ချယုံကြည်ခဲ့ကြကြောင်း သို့သော်သူတို့၏အထင်နှင့်အဖြစ်မှန်မှာ လွဲသွားခဲ့ကြောင်း၊ အဘယ် ကြောင့်ဆိုသော် ထိုသိုစေ့စေ့စပ်စပ်လေ့လာလိုက်သောအခါ တွေ့လိုက်ရသည်မှာ ရဟန်းမင်း ကြီး၏အမှုတော်သည် တပည့်တော်ကြီးတို့မှဆင်းသက်လာခဲ့သည်မှာအမှန်တကယ်မှန်ကန်ကြောင်းကိုခိုင်မာစွာတွေ့ရှိခဲ့ရကြောင်းသူကိုယ်တိုင်ဖွင့်ဟပြောကြားခဲ့သည်။

သူ၏ Capturing Christianity အွန်လိုင်းဟောပြောခြင်းအမှုတော်၌ ပရိသတ် (၁၅၀၀၀၀) အထိလျော့ကျသွားခဲ့သည်။ သို့သော်သူ့အနေဖြင့် သူအဘယ်ကြောင့်၊ အဘယ်သို့ ပြောင်းလဲလာခဲ့ကြောင်းအသေးစိတ်ကိုပြောကြားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

YouTube မှကက်သလစ်သလစ်သာသနာတော်၏အကြောင်းကိုဟောကြား၊ ဖြေကြားပေးလျှက်ရှိသော Matt Fradd ကလည်းကျွန်တော့်အကြောင်းကိုကြားသိလိုက်ရ၍လွန်စွာပင်မှင်သက်သွားခဲ့ရကြောင်း၊ သူက ကျွန်တော့်အသက်တာပြောင်းလဲလာခဲ့သည့်အကြောင်းကို သူ၏ YouTube မှအသေးစိတ်ပြောပြပေးရန်ဖိတ်ကြားလာခဲ့သည်။ သူ၏အသက်တာပြောင်းလဲခြင်းကိုစိတ်၀င်စားနေသောကြောင့်တစ်ကြောင်း၊ ဤသို့ပြောင်းလဲလိုက်ခြင်းသည် သူ့အတွက်၊ သူ့မိသားစုအတွက်လည်းရိုက်ခတ်မှုများရှိနိုင်သည်။ ထို့ကြောင့်အဘယ်ကြောင့် ပြောင်းလဲခဲ့ရသည့်အကြောင်းကို Matt Fradd ၏ဖိတ်ခေါ်ချက်ကိုလက်ခံပြီး နို၀င်ဘာလ (၁၈) ၌သူထုတ်လွှင့်နေကြ Pints with Aquinas လိုင်းမှကျွန်တော်တိုက်ရိုက်စကားပြောကြားမယ်' ဟုပြောကြားခဲ့သည်။

Bertuzzi သည် ခရစ်ယာန်နှင့်ကက်သလစ်တို့၏သွန်သင်ချက်များနှင့်စပ်လျင်း၍ လူ ကြိုက်အလွန်များခဲ့သော အကြောင်းအရာများကိုထုတ်လွှင့်နိုင်ခဲ့သည်။ ၄င်းတို့အနက် ကက်သလစ်တို့၏ဖြေရှင်းချက်များကိုတင်ပြပေးလေ့ရှိသော Trent Horn နှင့် Jimmy Akin တို့နှင့် မေးမြန်းဆွေးနွေးချက်များ၊ Winona-Rochester သာသနာပိုင်ဆရာတော် Robert Barron၊ ဓမ္မတွေးခေါ်ပညာရှင်လည်းဖြစ်ပြီး၊ ပရောဖက်ဆာလည်းဖြစ်သော ဒေါက်တာ Scott Hahn၊ ဒေါက်တာ Fradd၊ Indianapolis ဂိုဏ်းချုပ်သာသနာ၏နတ်ဆိုးများကိုနှင်ထုတ်ခွင့်အခွင့်အာဏာပေးအပ်ခံထားရသောဖာသာရ် Vincent Lampert တို့နှင့်လည်းဆွေးနွေးခဲ့သည့်အစီအစဉ်များကိုတင်ဆက်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy: CNA
https://bit.ly/3XpraCn

Add new comment

1 + 2 =