နာဇီအဖွဲ့မှ ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စဉ်က လွတ်မြောက်လာသူအား ပုပ်ဖရန်စစ် တွေ့ဆုံနှုတ်ဆက်

နာဇီအဖွဲ့မှ ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စဉ်က လွတ်မြောက်လာသူအား ပုပ်ဖရန်စစ် တွေ့ဆုံနှုတ်ဆက်

နာဇီအဖွဲ့မှ ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စဉ်က လွတ်မြောက်လာသူအား ပုပ်ဖရန်စစ် တွေ့ဆုံနှုတ်ဆက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဇန်နဝါရီ ၂၇ ရက် ကြာသပတေးနေ့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ နာဇီအစွန်းရောက်ပါတီအဖွဲ့မှ ဂျူးလူမျိုးများကိုအစုလိုက် အပြုံ လိုက် မီးလောင်တိုက်သွင်းမှု အောက်မေ့ဖွယ်နေ့အတွက် ပန်ကြားခဲ့ပြီး သူတို့ခေတ်ရဲ့ ထိတ်လန့်ဖွယ်ရာ သမိုင်းကြောင်းကို လူငယ်များကြား ပြန်လည်သတိနိုးကြားဖို့ လှုံဆော်ခဲ့ပါတယ်။

"သန်းပေါင်းများစွာသော ဂျူးလူမျိုးများနှင့် လူမျိုးပေါင်းစုံ ဘာသာတရား ကိုးကွယ်ယုံကြည်မှုများမှ သုတ်သင်ရှင်းလင်းခံရ ခြင်းကို ကျွန်ုပ်တို့ သတိရရမှာ ဖြစ်တယ်။ပြောစရာမရှိလောက်တော့အောင်ကို ရက်စက်မှုဟာ ဘယ်တော့မှ ထပ်မဖြစ်သင့်တော့ပါဘူး။ ဒီလိုမှသာ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားပြီး မျက်ကွယ်မပြုတဲ့ ကမ္ဘာသစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်တယ်။" ဆိုပြီး အရှင်သူမြတ်က မိန့်ကြားတော်မူခဲ့တယ်။

လူထုပရိတ်သတ်နဲ့ တွေ့ဆုံပွဲမှာ ဖိတ်ကြားခံရသူများထဲမှာတော့ Lidia Maksymowicz ဆိုသူဟာ အသက်သုံးနှစ်အရွယ်မှာ Auschwitz သို့ ဖမ်းဆီး သယ်ဆောင်ခြင်းခံခဲ့ရပြီး စူးစမ်းရှာဖွေမှုအတွက် အသုံးပြုခြင်းခံခဲ့ရသူဖြစ်ကြောင်း

"သူမ စာအုပ်တစ်အုပ်ကို ရေးခဲ့ပြီး အဲ့ဒီစာအုပ်မှာ ကျွန်တော်က စာမူရေးသားခဲ့ပြီးဒီနေ့တော့ လွှတ်တော် အဆောက်အဦမှာ ဒီမယုံကြည်နိုင်လောက်တဲ့ ဇာတ်လမ်းကို မျှဝေပေးမှာပါ။"ဆိုပြီး အရှင်သူမြတ်က မိန့်ကြားခဲ့​ပါတယ်။

လွတ်မြောက်လာသူဟာ ၂၀၂၁ ခုနှစ် မေလမှာ ပုပ်ရဟန်းမင်းကြီးနှင့် ပထမဆုံးတွေ့ဆုံမှုကို အမှတ်ရစေဖို့ပန်းချီကား တစ်ချပ်ကိုလည်း ယူဆောင်လာခဲ့ပြီးအရှင်သူမြတ်က သူမရဲ့ လက်မောင်းမှာ ထိုးထားတဲ့ အကျဉ်းသားနံပါတ်ကို လေးစားစွာနမ်းခဲ့ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3ua3WE6

Add new comment

1 + 3 =