နယ်သာလန်နိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး လေထိုးဖောင်းကြွ ဘုရားတည် ဆောက်

နယ်သာလန်နိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး လေထိုးဖောင်းကြွ ဘုရားတည် ဆောက်

နယ်သာလန်နိုင်ငံ၌ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး လေထိုးဖောင်းကြွ ဘုရားတည် ဆောက်

            ဤဘုရားကျောင်းကို (၂၀၁၉) ခုနှစ်ကစတင်ခဲ့သည်။ ကက်သလစ်ဘုန်းတော်ကြီး Jochem van Velthoven ၏စိတ်ကူးဖြစ်ပါသည်။ သူ၏ရည်ရွယ်ချက် ကား ဖောင်းကြွဘုရားကျောင်းမှသည် အတည် တကျဆောက်လုပ်ရန် ရံပုံငွေရှာဖွေခြင်းဖြစ်သည်။ ဘာသာတူများ၊ ဘုရားကျောင်း ပုံစံကို သဘောကျသော ဗိသုကာပညာရှင်များမှငွေကြေး ထည့်၀င်လာစေရန်ဖြစ်ပါသည်။ ဖာသာရ် Jochem van Velthoven သည် နယ်သာလန်နိုင်ငံ၊ Breda သာသနာမှဖြစ်သည်။ ဘုရား ကျောင်းတည်ဆောက်ရန်ရံပုံငွေရှာဖွေခြင်းလည်းဖြစ်သကဲ့သို့ St. Willibrord ဘုရားကျောင်း၏ အလွန်လှပသော မျှော်စင်ကိုလည်းပြန်လည်မွှမ်းမံရန်ဖြစ်ကြောင်း၊ ဘုရားကျောင်းမှာမရှိတော့ပေ။ ပထမအကြိမ် အဆိုပါဘုရားကျောင်းတည််ရှိခဲ့သည့်နေရာဖြစ်သော Terneuzen သို့သူသွား ရောက်လည်ပတ်စဉ်က ဘုရားကျောင်း မျှော်စင်ရှိနေပါသည်။ ဤမျှော်စင်နှင့်အတူ ငြိမ်းချမ်းခြင်း၏မယ်တော်အား ဆက်ကပ်အပ်နှံထားသော ဘုရားကျောင်းတစ် ဆောင်တည် ဆောက်သင့်ကြောင်း အတွေးရလာခဲ့ သည်။ ထိုအတွေ့ကိုအခြေခံ၍ လိုအပ်သောရံပုံငွေများရရှိရန် လက်ရှိသရုပ်ပြကွက်ကိုစတင်ဖော်ဆောင်ခဲ့သည်။ ဤဖောင်းကြွဘုရားကျောင်းကို လာမည့် မေလ၌စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဤဘုရားကျောင်း ဆောင်၏ ပတ်၀န်းကျင်ရှိ ဘာသာတူများ၏ယုံကြည်ခြင်းကိုလည်း ပြန်လည်နိုးကြားအောင် လုပ်ဆောင်သည့်သဘောလည်းဖြစ်သည်။     

            အဆိုပါဘုရားကျောင်းဆောင်နားရှိဘာသာတူများအနေဖြင့် ဘုရားကျောင်းတက် ရောက်ရ သည်ကို အလွန်ပျော်ရွှင်ကြည်နူးနေကြကြောင်း၊ ၄င်းတို့အား ဘုရားနှင့်ပြန်လည် နီးစပ်အောင် လုပ်ဆောင်ရမည်မှာ ကျွန်ုပ်တို့၏၀တ္တရားဖြစ်သည်။ ရင်းနှီးအောင်ကြိုးစားသည်။ လူများထံမှ မေးခွန်းများရှိလျှင် လည်း ဖြေကြား ပေးသည်။ မေးသမျှမဖြေနိုင်မည်စိုး၍ အမေးအဖြေကိုမပြု လုပ်သည်မျိုးမလုပ်သင့်ပေ။ အားလုံးတတ်သိနားလည်သယောင်လည်း မပြောပါနှင့်။ သိသလောက်သာ ဖြေကြားပေးပါ။ ယုံကြည်ခြင်းနှင့်ဆိုင်သည့်အကြောင်းအရာများကို ပြောပြရန်အလွန်အရေးကြီးသည်။ လမ်းကြုံသောသူများအားလည်း ရင်းနှီးစွာဖိတ်ခေါ်၍ ဖ ယောင်းတိုင်ထွန်း၍ ခေတ္တ ဆုတောင်းရန်တိုက်တွန်းမှုများပြုလုပ်သည်။ ဖာသာရ် Jochem ၏ရည်မှန်းချက်ကား ‘တစ်နေ့ နယ်သာလန်နိုင်ငံ၌ သာသနာတော်ကြီး ပြန်လည်အသက်၀င်လာရမည်’ ဟုဖြစ်သည်။

အခြားနိုင်ငံမှရေကြည်ရာ၊ မျက်နုရာရွေ့ပြောင်းရောက်လာသော ဆီးရီးယား၊ အီရတ်၊ အီရန်၊ ပိုလန်၊ အီတလီ၊ စပိန် စသော နိုင်ငံများမှ ကက်သလစ်အိမ်ထောင်သည် လူငယ်များ၏ ဘာသာရေး၌ တက်ကြွစိတ်အားထက်သန်နေမှုသည် သူ၏ရည်မှန်းချက်ကိုပို၍အားဖြစ်စေခဲ့သည်။ ၄င်းတို့သည် အားနည်းမှေးမှိန်နေသော ယုံကြည်ခြင်းအလင်းကိုပြန်လည် သွယ်ဆောင်ထွန်းညှိပေးသည်မှာ အလွန်ကြီးမားသောလုပ်ရပ်ဖြစ်သည်။ နယ်သာလန် နိုင်ငံ၌လည်း အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အာဂျင်တီးနားနိုင်ငံတို့မှဘုန်းတော်ကြီးများစွာ သာသနာအမှုကိုပြုလျှက်ရှိသည်။ ယုံကြည်ခြင်းနှင့်ပတ် သက်သော ၄င်း တို့၏သက်သေခံချက်များသည် အလွန်ကောင်းလှသည်။ ‘သင်တို့သည် ကျွန်ုပ်တို့အား ယုံကြည်ခြင်းကိုပေးသည်’ ဟုသူတို့အားပြန်ပြောရသည်။ နယ်သာလန်နိုင်ငံ သည် တစ်ချိန်တစ်ခါက သာသနာပြုလုပ်ငန်း အလွန်အားကောင်းခဲ့ပါသည်။ မျက်မှောက်ခေတ်၌မှု တစ်ချိန်က ဧဝံ ဂေလိမျိုး စေ့ကြဲခဲ့သော နိုင်ငံများမှသာသနာပြု များက ယုံကြည်ခြင်းမျိုးစေ့၊ ယုံကြည်ခြင်း အလင်းကိုပြန် လည် ကြဲပေး၊ ထွန်းညှိပေးနေကြသည်။ ဤတက်ကြွရှင်သန်နေသော ယုံကြည်ခြင်းဆက်လက်အဓွန့်ရှည် ရေးအတွက် ရှေ့ရူလုပ်ဆောင်နေခြင်းဖြစ်သည်။ လက်ရှိ၌သူသည် ရောမ၌ သင်ကြား နေသောပညာ ရပ်ကိုပြီးစီးအောင်သင်ကြားနေသည်။ ဤသင်ကြားနေရသော ဘာသာရပ်မှ သာသ နာအုပ်စု ရှိဘာသာ တူများအား အဘယ်သို့ဦးဆောင်မှုကောင်းစွာပေးရမည်ကိုသင်ကြားအသိပွားခဲ့‌ရကြောင်းရှင်းပြခဲ့သည်။          

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JOL4za

 

Add new comment

11 + 5 =