နယူးယော့ခ်မြို့ရှိ ကွန်ဗင့်ကျောင်းတစ်ခုမှ သီလရှင်ကိုးပါး ကိုဗစ်ရောဂါကြောင့် ကွယ် လွန်

နယူးယော့ခ်မြို့ရှိ ကွန်ဗင့်ကျောင်းတစ်ခုမှ သီလရှင်ကိုးပါး ကိုဗစ်ရောဂါကြောင့် ကွယ် လွန်

ပြီးခဲ့သော ဒီဇင်ဘာလက St. Joseph of Carondelet အသင်းဂိုဏ်းမှ သက်တော် (၈၄)နှစ်မှ (၉၈)နှစ်ကြားဖြစ်သော သီလရှင်(၉)ပါး ကိုဗစ်ရောဂါ ကူးစက်ခံရကာ ကွယ် လွန်ခဲ့သည်။

ထိုအသင်းဂိုဏ်းမှ သီလရှင်များမှာ “နယူးယော့ခ်ပြည် နယ်၏ မြို့တော်ဖြစ်သော Albany အနီးတွင် တည်ရှိ သော သူတို့၏ကျောင်းတွင် နေထိုင်သူ တစ်၀က်လောက်သည် ကိုဗစ်ရောဂါပိုး ကူးစက်ခံရကာ သီလရှင်(၉)ပါး ဆုံးရှုံးခဲ့ရကြောင်း” ပြောကြားခဲ့သည်။

Albany တွင်ရှိသော ကွန်ဗင့်၏အကြီးအကဲဖြစ်သူ Sr. Joan Mary Hartiganမှ “ပြီးခဲ့သော အောက်တိုဘာလက သူတို့နေထိုင်ရာနေရာတွင် (၄၇)ယောက် ပိုးတွေ့ရှိခဲ့ပြီး အများစုမှာ ပြန်လည်ကျန်းမာလာခဲ့ပြီး (၃)ဦးသာ ကုသမှု ဆက်လက်ခံယူနေရကြောင်း၊ လတ်တလော စစ်ဆေးမှုတွင် အလုပ်သမား (၂၁)ဦးတွင် ပိုးတွေ့ရှိခဲ့ရသော်လည်း ပြန် လည်ကျန်းမာလာပြီဖြစ် ကြောင်း၊ နောက်ထပ်ငါးဦးမှာ လက္ခဏာသိပ်မသိသာသောကြောင့် သံသယလူနာအဖြစ် ထားရှိကြောင်း” ပြောကြားခဲ့သည်။

“ကူးစက်မှုပြန့်ပွားမှုကို ခေတ္တခဏာသာဖြစ်စေလိုပြီး ဆုံးရှုံးခဲ့ရသော သီလရှင်(၉)ပါးအ တွက် သာမက ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးခဲ့ရသော က မ္ဘာတစ်ဝှမ်းမှ လူအားလုံးအတွက်လည်း ၀မ်းနည်းရပါကြောင်း နှင့် ကာကွယ်ဆေးအမြန်ပေါ်ကာ ကမ္ဘာ့ကပ်ရောဂါအား အမြန်အဆုံးသတ်စေလိုကြောင်း” Sr. Hartigan မှ ထပ်လောင်းပြောကြားခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Lois GoBe | Shutterstock

https://bit.ly/3sdlkEn 

 

Add new comment

1 + 3 =