နယူးယောက်ဂိုဏ်းချုပ်သာသနာအတွက် ပုပ်ဖရန်စစ်မှခန့်အပ်သောလက်ထောက်ဆရာတော် တစ်ပါးသည် ကမ္ဘာတဝှမ်းရှိဆရာတော်ကြီးများထဲတွင်သက်တော် အငယ်ဆုံးသူဖြစ်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ နယူးယောက် ဂိုဏ်းချုပ်သာသနာအတွက်လက်ထောက်ဆရာတော်အသစ် နှစ်ပါးကို ခန့်အပ်ခဲ့ပါတယ်။ ဆရာတော်အသစ် နှစ်ပါးထဲမှ တစ်ပါးဖြစ်တဲ့  ဖာသာရ် Espaillat ဟာကမ္ဘာတဝှမ်းမှာ ရှိကြတဲ့ဆရာတော်ကြီးများထဲမှာ သက်တော် အငယ်ဆုံး ဆရာတော်ဖြစ်တယ်လို့ဆိုပါတယ်။

Father Joseph A. Espaillat နဲ့  Father John S. Bonnici တို့ကို ဆရာတော်ဘိသိတ် ပေးမှာဖြစ်တဲ့အကြောင်းကို ဗာတီကန်မှ ကြေငြာခဲ့ပါတယ်။

၁၉၇၆ ခုနှစ် ဒီဇင်ဘာ ၂၇ မှာ မွေးဖွားခဲ့သူ ဖာသာရ် Espaillat ဟာ သက်တော် ၄၅ နှစ်ရှိပြီဖြစ်ကာ နယူးယောက်ဂိုဏ်းချုပ်သာသနာမှ ဝိညာဉ်ရေးလှုပ်ရှားမှုတွေရဲ့ ဒါရိုက်တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ သူဟာ ယုံကြည်ခြင်း၊ မြူးစစ်၊ အားကစား၊ ဖက်ရှင် နဲ့ ယဉ်ကျေးမှုစတဲ့ အကြောင်းအရာတွေနဲ့ “Sainthood in the City” လို့ခေါ်တဲ့ အသံလွှင့်အစီအစဉ် ကိုလည်း စတင်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယာားသန္တာအောင်၊ SJA

https://bit.ly/32wN7b0

Add new comment

2 + 1 =