နယူးဇီလန်ဆရာတော်များမှ Nathaniel bioethics Centerမှ မေလအတွက် အစီရင်ခံစာထုတ်ပြန်

နယူးဇီလန်ဆရာတော်များမှ Nathaniel bioethics Centerမှ မေလအတွက် အစီရင်ခံစာထုတ်ပြန်

နယူးဇီလန်ဆရာတော်များမှ Nathaniel bioethics Centerမှ မေလအတွက် အစီရင်ခံစာထုတ်ပြန်

နယူးဇီလန်ဆရာတော်များ၏ အသက်နှင့်ဆိုင်သောကိုယ်ကျင့်တရားစင်တာမှ မကြာမှီကျင်းပတော့မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် လူငယ်များ၏ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုများ၊ ကာကွယ်ဆေးများ၏ နောက်ကွယ်မှ ကိုယ်ကျင့်တရားများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ယခုလတင်ပြမှုတွင် လူနာကိုနာကျင်မှုမခံစားစေရဘဲသေစေခြင်း(Euthanasia)၊ ဆေးခြောက်သုံးခြင်း တို့အပေါ်တွင် အထူးအလေးထားခဲ့ပြီး လူငယ်များ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် COVID-19ကာကွယ်ဆေး ဖော်ဆောင်ရန်အတွက် ကိုယ်ဝန်ဖျက်လိုက်သောသန္ဓေသားမှဆဲလ်ကို အသုံးပြုခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ Nathaniel center၏ ဒါရိုက်တာဖြစ်သူ John Kleinsmanမှ “ကျွန်ုပ်တို့နိုင်ငံအနေနှင့် 2019တွင် ထုတ်ပြန်ခဲ့သော ဘ၀အဆုံးသတ်မှုရွေးချယ်ခွင့်နှင့် ပတ်သက်ပြီး ယခုလက်ရှိဥပဒေသည် မြောက်မြားစွာသော ရှေ့နေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေသူများနှင့် လူပေါင်းများစွာမှ ဘေးမကင်းသော၊ ချို့ယွင်းမှုများသော အရာတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး နောက်ထပ်သတ်မှတ်မည့်ဥပဒေသည် ပြုပြင်ပြောင်းလဲမရသော ဥပဒေတစ်ခု ဖြစ်ရန်အတွက် ဆုံးဖြတ်ကြရန် လိုကြောင်း” ပြောကြားခဲ့သည်။

မူးယစ်ဆေးနှင့်ပတ်သက်ပြီး ၂၀၁၉ခုနှစ်အထိ ဆေးခြောက်သုံးစွဲမှုကို ရာဇ၀တ်မှုအဖြစ် ဥပဒေမှ သတ်မှတ်ထားသည်။ ၂၀၁၉တွင် မူးယစ်ဆေးအလွဲသုံးစားမှုများကို တစ်ချုိ့အခြေအနေများမှလွဲ၍ ကျန်းမာရေးကိစ္စအဖြစ် သတ်မှတ်ရန် ပြောင်းလဲခဲ့သည်။ ဗစ်တိုးရီးယား တက္ကသိုလ်မှ Christ Bowden၏လေ့လာမှုအရ ၂၀၁၈-၂၀၁၉တွင် New Zealand၌ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ၆၈၅ခုရှိခဲ့ပြီး ၇၅ရာခိုင်နှုန်းမှာ ယောကျာင်္းလေးများဖြစ်ကြောင်း သိရသည်။

Christ Bowden၏ လေ့လာမှုသည် လူငယ်များခံစားနေရသည့် မတူညီသောအရာများ၊ သူတို့ရင်ဆိုင်ခဲ့သော ၀မ်းနည်းမှုများနှင့် အကူညီလိုအပ်နေသူများအတွက် အထောက်အကူဖြစ်စေမည့်အရာများကို သိရှိစေခဲ့သည်။ သြစတေးလျနိုင်ငံသားများဖြစ်သော Kevin McGovern နှင့် Kerri Anne Brussenတို့မှ “အကယ်၍ COVID-19ကာကွယ်ဆေးသည် ဖျက်ချခံရသည့်သန္ဓေသား၏ဆဲလ်အပေါ်တွင် မူတည်ခဲ့သည် ရှိသော မည်ကဲ့သို့ တုန့်ပြန်မည်နည်း”ဟူသော လက်တွေ့ကျသည့်မေးခွန်း ထုတ်ခဲ့သည်။

ကက်သလစ်သာသနာတော်မှ လူ့အသက်သည် အစဉ်လေးစားအပ်သောအရာဖြစ်ကြောင်း သွန်သင်ထားပြီး ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားသည်။ တမင်တကာဖျက်ချသည့် သန္ဓေသားမှရသော တစ်ရှူးအား အသုံးပြုခြင်းကိုလည်း သာသနာတော်မှ ဆန့်ကျင်သည်။ ကိုယ်ဝန်ဖျက်ချရန်တားမြစ်ခြင်း၏ ရည်ရွယ်ချက်မှာလည်း အသက်များအား ကယ်တင်ရန်ဖြစ်ကြောင်း Kevin McGovern နှင့် kerri Anne Brussenတို့မှ ပြောဆိုရှင်းပြခဲ့သည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/33lvyXE

Add new comment

17 + 1 =