နယူးကလီးယား စွမ်းအင်ကို လူသားကောင်းကျိုး နှင့် ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ အသုံးပြုကြဖို့ ရဟန်းမင်းကြီးရုံးတော် တိုက်တွန်း

ဂိုဏ်းချုပ်ဆရာတော် ပေါ ရစ်ချက် ဂါလာဂါ (Paul Richard Gallagher)

နယူးကလီးယား စွမ်းအင်ကို လူသားကောင်းကျိုး နှင့် ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ အသုံးပြုကြဖို့ ရဟန်းမင်းကြီးရုံးတော် တိုက်တွန်း
စက်တင်ဘာလ ၁၇၊ ၂၀၁၉

ရဟန်းမင်းကြီးရုံးတော် နိုင်ငံတကာဆက်သွယ်ဆက်ဆံရေး ဝန်ကြီးဌာန တာဝန်ခံ လက်ထောက်ညွန်ကြားရေးမူး ဂိုဏ်းချုပ်ဆရာတော် ပေါ ရစ်ချက် ဂါလာဂါ (Paul Richard Gallagher) မှ နယူးကလီးယားစွမ်းအင်များ လုံးခြုံရေး၊ အကာအကွယ်ဖြစ်ရေး၊ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်အသုံးပြုရေး၊ ဖွံဖြိုးရေးလုပ်ငန်းများ မှာ အသုံးပြုကြဖို့ စက်တင်ဘာလ ၁၆ ရက်နေ့က သြစတြီးယား နိုင်ငံ ဗီရန်းနာမြို့တွင် ပြုလုပ်သော ၆၃ ကြိမ်မြောက် နိုင်ငံတကာ အဏုမြူ စွမ်းအင်း အဖွဲ့အစည်း (International Atomic Energy Agency)(IAEA) ၏ အထွေထွေ ညိလာခံတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

IAEA အဖွဲ့အစည်းမှ ရရှိသော နယူးကလီးယား ဆိုင်ရားသိပ္ပံပညာရပ်များ၊ နည်းပညာများသည် တည်တန့်ခိုင်မြဲသော ဖွံဖြိုးတိုးတက်တက်မူ့ကိုသာ ရည်ရွယ်ထားရှိကြဖို့၊ ဘုရားဖန်းဆင်းပေးထားသော အရာကို ထိမ်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ကိုအပြည့်အဝယူကြဖို့ပြောကြားခဲ့ပြီး။

နည်းပညာပိုင်းဆိုင်ရာ အဖွဲ့အစည်းများ စီမံကိန်းများသည် ဆင်းရဲမွဲတေခြင်းမှ လွတ်မြောက်စေရန်၊ ဖွံ့ဖြိုးစဲ နိုင်ငံများ၏ မျှော်မှန်းထားသည့်ပန်းတိုင်ရောက်ရှိအောင်ကူညီပေးရန်အတွက်နှင့် ခေတ်မှီတိုးတက်သော စိုက်ပျိုးရေးနည်းပညာများ၊ အစားအစားများလုံခြုံစိတ်ချရရေး၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ ရေ နှင့် ပတ်ဝန်းကျင်ကာကွယ်ပေးရေး၊ လူသားထုတရပ်လုံးကျန်းမာရေး ကဏ္ဍများတွင် ထောက်ပံ့ပေးကြဖို့ ကိုလည်း ပြောကြားခဲ့ပါသည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည် နည်းလမ်းတိုင်းသည် ကမ္ဘာပေါ်ရှိ ယောကျာ်း၊ မိန်မ လူသားအားလုံးအတွက် အကျိုးရှိသောအရားများဖြစ်စေဖို့၊ လူကိုသာ အဓိကာထားပြီး တီဆောက်သော၊ တီထွင်ကြသောအရာများဖြစ်ဖို့၊ ဆေးပညာနည်းလမ်းများ ဖြင့်လူသားကောင်ကျိုးသယ်ဆောင်ဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2lVRirc

 

 

Zawgyi

စက်တင်ဘာလ ၁၇၊ ၂၀၁၉




By Kyi Maung
Credit to Vatican News
https://bit.ly/2lVRirc

Add new comment

3 + 0 =