နတ်ဆိုးနှင့်လည်းကောင်း၊ နှောက်ယှက်ခြင်းနှင့်လည်းကောင်းစကားမစမိရန်ရဟန်းမင်းကြီးဖရန်စစ်အကြံပေး

နတ်ဆိုးနှင့်လည်းကောင်း၊ နှောက်ယှက်ခြင်းနှင့်လည်းကောင်းစကားမစမိရန်ရဟန်းမင်းကြီးဖရန်စစ်အကြံပေး

နတ်ဆိုးနှင့်လည်းကောင်း၊ နှောက်ယှက်ခြင်းနှင့်လည်းကောင်းစကားမစမိရန်ရဟန်းမင်းကြီးဖရန်စစ်အကြံပေး

          ဤပြီးခဲ့သောပတ်တနဂ်နွေနေ့သည် ရောမမြို့၌ရာသီဥတုအလွန်သာယာနေခဲ့သည်။ ထို့ကြောင့်လည်းဘုရားဖူးဘာသာတူများလည်း ခါတိုင်းထက်ပိုများနေခဲ့သည်။ ထိုသို့စုရုံးရောက်ရှိနေသောဘုရားဖူးများအားရဟန်းမင်းကြီးက ‘နတ်ဆိုရှိခြင်း’ အကြောင်းကိုမိန့်ကြားခဲ့သည်။ နတ်ဆိုးရှိနေသည်ကိုအစဉ်အသိရှိနေရမည်။ နတ်ဆိုးသည်ကျွန်ုပ်တို့၏ ထာ၀ရပျက်ဆီးခြင်း၊ အားနည်းခြင်း၊ ကျရှုံးခြင်းကိုအစဉ်ခြောင်းမြောင်းနှောက်ယှက်နေသည်။ ထို့ကြောင့်သူ၏အလစ်သုတ် ခြင်းကိုမခံရစေရန်နှင့်သူ့အားပြန်လည်တိုက်ခိုက်တွန်းလှန်နိုင်ရန်အစဉ်ပြင်ဆင်ထားရမည်။  ယေဇူးသခင်ပင်လျှင်နတ်ဆိုး ၏နှောင်ယှက်ခြင်းကိုခံခဲ့ရသည်။ လူသားစင်စစ်ဖြစ်သောကျွန်ုပ်တို့အားလုံးသည်ပို၍ပင်နှောက်ယှက်ခံရမည်ဖြစ်သည်။ ယေဇူးသခင်သည်နှောက်ယှက်ခြင်းကိုခံရသည့်အချိန်၌ နတ်ဆိုးနှင့်စိတ်ပြေနပြေစကားစမြည်ပြောမနေခဲ့ပေ။ လိုတိုရှင်း သာပြော၍ဖြတ်တောက်ခဲ့သည်။ သူနှင့်စကားများများမပြောမိစေရန်သင်ပြနေခြင်းဖြစ်သည်။

          ယေဇူးသခင်သည် နတ်ဆိုးနှင့်စကားစမြည်ပြောခြင်းကိုလုံး၀ပြုလုပ်ခဲ့ခြင်းမရှိ။ နတ်ဆိုးပူးခံရသောသူများထံမှနှင်ထုတ်သည့်အချိန်များ၌လည်း တစ်ခါတစ်ရံလုံး၀စကားပြောခွင့်မပေး။ သို့မဟုတ်လိုရင်းမျှသာအမိန့်ပေး၍နှင် ထုတ်ခဲ့သည်။ ယေဇူးသခင်သည်နတ်ဆိုး၏မကောင်းသောအကျင့်ကိုဖော်ပြပြီး၊ မပေါင်းအပ်ကြောင်းထုတ်ဖော်ပြခဲ့သည်။ သွေးဆောင် ဖြားတတ်သူသည် ကျွန်ုပ်တို့အနားသို့ချဉ်းကပ်လာသည်နှင့် ‘စဉ်းစားကြည့်ပေါ့။ ဒါမျိုးဖြစ်သင့်သလား’ စသည်ဖြင့်သွေး ဆောင်ဖြားယောင်းရန်စတင်ပါတော့သည်။ နှောက်ယှက်ခြင်းသည်သူနှင့်စကားပြောဆိုမိခြင်းဖြစ်သည်။ ဧ၀အပြစ်သို့ကျ ရောက်မိသည်မှာသူ့အားဖြားယောင်းလာသူကိုလက်ခံစကားပြောခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည်ထိုအချက်ကိုသတိထား၍နတ်ဆိုး၏သွေးဆောင်ဖြားယောင်းခြင်းထဲသို့မရောက်ရန် လုံး၀စကားမပြောမိစေနှင့်။ ယေဇူးသခင်သည် နတ်ဆိုးနှင့်ယှဉ်လာလျှင်အမြဲအနိုင်ရလေ့ရှိသည်။ ထို့ကြောင့်နှစ်စဉ်ပြန်လည်အမှတ်ရရန် အမိသာသနာတော်ကြီးအားကျင်းပစေခြင်းဖြစ်သည်။  

          ထို့အတူ ယနေ့သည် လွန်ခဲ့သောနှစ်ပေါင်း (၉၀) က ယေဇူးသခင်သည် စိန့်ဖော်စတီးနားကို၀ါးစကာ အား ကိုယ် ယောင်ထင်ရှားပြခဲ့သော ပိုလန်နိုင်ငံ Plock မြို့ရှိဘုရားဖူးဗဟို၏နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ထိုဘုရားဖူးဗဟို၌အ ပြစ်သားများအတွက်ပူဇော်အပ်နှံဆုတောင်းရန် ကရုဏာရှင်ယေဇူးဆုတောင်းခြင်းကိုဖော်ပြခဲ့သောနေရာဖြစ်သည်။ ဤ သတင်းစကားသည်ကမ္ဘာတစ်၀ှမ်းသို့ပျံ့နှံ့ရောက်ရှိနေသော်လည်းကရုဏာရှင်ယေဇူး၏သတင်းစကားသည် ဧ၀ံဂေလိ တရားသာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် သူ့ခမည်းတော်ဘုရား၏သနားခြင်းကရုဏာကိုပြသ နိုင်ရန်အသေခံ၍ရှင်ပြန်ထမြောက်ခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့၏နှလုံးသားများကိုဖွင့်ထား၍ ကရုဏာရှင်ယေဇူးကိုယုံ ကြည်အားကိုးကြပါစို့။   

            ရဟန်းမင်းကြီးသည် ၀ါတွင်းကာလ၌ကျင့်ဆောက်တည်အပ်သောကျင့်စဉ်အချို့ကိုလည်းအကြံကောင်းများ ညွှန်ပြပေးခဲ့သည်။ ထိုအကြံကောင်းများကား မကြာခဏတစ်ဦးတည်းဆုတောင်းမေတ္တာတိုများရွတ်ဆိုခြင်း၊ တိတ်ဆိတ် စွာနေ၍ထောက်ရူခြင်းတို့ကိုပြုရန်၊ အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်သည့်အချိန်၌သာဘုရားသခင်၏စကားသံကို ကျယ်လောင်စွာကြားရမည်ဖြစ်သည်။ သို့မှသာဘုရားသခင်ပြောပြလိုသောအကြောင်းအရာကိုရှင်းလင်းစွာသိရမည်ဖြစ် ကြောင်းလမ်းညွှန်ခဲ့ပါသည်။ ရဟန်းမင်းကြီးသည် တနဂ်နွေနေ့မွန်းတည့်ချိန်၌ဆိုသော်အန်ဂျေလူးမေတ္တာဆုတောင်းပြီး သည်နှင့်နှစ်စဉ်ပြုလုပ်နေကြဖြစ်သော တစ်ပတ်တာဥပုသ်စောင့်ခြင်းကိုအစပြုတော့မည်ဖြစ်သည်။ ရဟန်းမင်းကြီးနှင့်သူ ၏လုပ်ဖော်ဆောင်ဖက်များအားလုံးသည် တစ်နှစ်တာဥပုသ်စောင့်ခြင်းကို၀ါတွင်းကာလ၌သာပြုလုပ်လေ့ရှိသည်။     

 
ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
 
Photo courtesy  of: Rome Reports/Google Images
 
 
 
 
 
 
 
 

Add new comment

9 + 3 =