နည်းလမ်းမျိုးစုံနှင့် တိုက်ပွဲများအကြား ရောက်ရှိနေသော ကလေးသူငယ်မျာကို ကယ်တင်ရန် ရဟန်းမင်းကြီး ရုံးတော် တိုက်တွန်း

တိုက်ပွဲများအကြား ရောက်ရှိနေသော ကလေးသူငယ်မျာ

နည်းလမ်းမျိုးစုံနှင့် တိုက်ပွဲများအကြား ရောက်ရှိနေသော ကလေးသူငယ်မျာကို ကယ်တင်ရန် ရဟန်းမင်းကြီး ရုံးတော် တိုက်တွန်း
သြဂုတ်လ ၃၊ ၂၀၁၉

သြဂုတ်လ ၂ ရက်နေက ကုလသမဂ္ဂ တွင်ကျင်းပသော ကာကွယ်ရေးညီလာခံ ၌ အကြမ်းဖက်မူ့အမျိုးမျိုးကြား နစ်မြုတ်နေသော လူငယ်များ၊ ကလေးစစ်သားများအဖြစ် အသုံးချခံနေရသော လူငယ်များကို ကယ်တင်ပြီး လူဘောင်လောကတွင် သင်လျော်စွာ ပြန်လည် ဝင်ဆန့်စေဖို့ ပိုမိုအားထုတ်လုပ်ကိုင်ကြရန် ရဟန်းမင်းကြီး ရုံးတော် ကုလသမဂ္ဂ အမြဲးတမ်းအတွင်းဝင် ရဟန်းမင်းအမတ် ကာဒီနယ် ဘာနာဒီတို ဦးဇာ မှ တိုက်တွန်းခဲ့ပါသည်။

ပျော်ရွင်စွာ ပညာသင်ကြား အသိပညာရှာဖွေပြီး ဖြတ်သန်းရမည်ကလေးသူငယ်များကို အကြမ်းဖက်မူ့နေရာများတွင် အသုံးချခံဘဝများဖြစ်နေရခြင်းအတွက်လွန်စွာ စိတ်ထိခိုက်ရကြောင်း၊ ယင်းလုပ်ရပ်သည် ကလေးသူငယ်များအတွက်ပြန်လည်အစားထိုးမရတော့သည့် ကလေးဘဝပျော်ရွှင်ချိန်များကို ခိုးယူသွားရုံသာမက လူမူ့အသိုင်းအဝန်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ကြာရှည်စွာခံစားရမည့် ဒဏ်ရာများကို ဖြစ်ပေါ်စေသည် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်များဆီသို့ ပိုဆောင်နေကြခြင်းဖြစ်ကြောင်း၊

အထူးသခြင့် အာဖရိကရှိကလေးသူငယ်များမှာ ကျောင်တက်ရမည့်အစား သယံဇာတ တူးဖော်ရေး မိုင်းတွင်းများတွင် လုပ်ကိုင်နေရခြင်း၊ ပို၍ဆိုးဝါးသည်မှာ လက်နက်ကိုင်တိုက်ခိုက်ရေးသမားများအဖြစ် အသုံးချခံရပြီး ဖျက်ဆီးမူ့အမျိုမျိုးပြုလုပ်ရန် အသုံးကြခံနေကြရကြောင်း၊

ပညာသင်ကြားနေသောကလေးသူငယ်များ လုံခြုံစွာပညာသင်ကြားနိုင်ရေး နှင့်စပ်လျှင်းပြီး ပညာသင်ကြားနေသောကျောင်းများ၊ ဆေရုံများ၊ အပြစ်မဲ့ပြည်သူများ ခိုလုံကာကွယ်ရာနေရာများ ကို ပြစ်မှတ်ထားတိုက်ခိုက်မူများသည် နိုင်ငံတကာ ဥပဒေချိုးဖောက်ခြင်ဖြစ်ပြီး ယင်လုပ်ရပ်များကို ရပ်တန့်ရမည်ဟု လည်း သတိပေးခဲ့ပါသည်။

ယင်းကဲ့သို့ ဒုက္ခများကြား နစ်မြုပ်နေသော ကလေးသူငယ်၊ လူငယ်လူရွယ်များကို မမေ့မလျှော့ပဲ ကယ်တင်ပေးကြဖို့ နိုင်ငံတကာ အဖွဲ့အစည်းများကို ရဟန်းမင်းကြီး ရုံးတော် ကုလသမဂ္ဂ အမြဲးတန်းအတွင်းဝင် ရဟန်းမင်းအမတ် ကာဒီနယ် ဘာနာဒီတို ဦးဇာ မှ တိုက်တွန်းခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2M0DCa5

Add new comment

8 + 8 =