ဓာတ်တော်များကိုအပူဇော်ခံခြင်းသည် ယေဇူးသခင်၏ဒုက္ခဒဏ်ရာအသေးစိပ်ကိုဖော်ပြသည်။

ဓာတ်တော်များကိုအပူဇော်ခံခြင်းသည် ယေဇူးသခင်၏ဒုက္ခဒဏ်ရာအသေးစိပ်ကိုဖော်ပြသည်။

ဓာတ်တော်များကိုအပူဇော်ခံခြင်းသည် ယေဇူးသခင်၏ဒုက္ခဒဏ်ရာအသေးစိပ်ကိုဖော်ပြသည်။

 အီတလီနိုင်ငံ၏မြောက်ပိုင်း၊ တူရင်မြို့၌ရှိ ယေဇူးသခင်သက်တော်ကုန်ဆုံးစဉ်က ပတ်ရစ်ခဲ့သော ၀တ်လုံတော် သည် ယေဇူးသခင်၏ဒုက္ခလမ်းတော်မှ အလွန်အဖိုးထိုက်သော ဓာတ်တော်မွေတော်တစ်ပါးဖြစ်သည်။ 

အစဉ်အလာအရ ဤ၀တ်လုံတော်သည် ယေဇူးသခင်ခံထမ်းခဲ့သော ဒုက္ခ‌ေ၀ဒနာအဘယ်မျှ ပြင်းထန်နာကျင်သည်ကိုဖော်ပြနေသည် ဟု ဆိုပါသည်။ Poli အနုပညာကုမဏီနှင့်ရဟန်းမင်းကြီးများ၏ပြတိုက်တာ၀န်ခံတို့ပူးပေါင်း၍ ယေဇူးသခင်၏၀တ်လုံတော် ကိုအသေးစိပ်ခင်းကျင်းပြသထားသည်။ ဤပူဇော်ခံမှု၌ ၀တ်လုံသက်သက်သာမဟုတ်ပေ။ ယေဇူးသခင်၏လက်တော်မှ ယိုစီးသောသွေးစွန်းကွက်များကိုပူသေချာစွာဖော်ပြထားသည်။     

   တစ်ခါက ဖခင်တစ်ဦးသည် သူ၏ဘီးတပ်လှည်ဖြင့်သာသွားလာနိုင်သောသားကို ထိုယေဇူးသခင်၏၀တ်လုံတော် ဆီသို့ခေါ်လာခဲ့သည်။ ထို့နောက်မသန်းစွမ်းသော သူ၏သားကိုအဆိုပါ၀တ်ရုံတော်အားယုံကြည်စွာဖြင့်နမ်းရန်ရှင်းပြ လိုက်၏။ သားဖြစ်သူမှာလည်း ဖခင်သင်ပြသည့်အတိုင်းပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဓာတ်တော် မွေတော်များသည် ဘာ သာတူများအား ယုံကြည်ခြင်းသို့ပြန်လည်ခေါ်ဆောင်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ၀တ်ရုံပေါ်၌ ကပ်စွဲနေသောအ ချိုးအစားအတိုင်းရုပ်တုကို ထုလုပ်ပုံဖော်နိုင်ခဲ့သည်။ ဘက်ပေါင်းစုံမှလည်းတိုက်ဆိုင်သွားသည်။ အာဏာသားတို့၏ထု ထောင်းရိုက်နက်ညှဉ်းဆဲထားသည့် ဒဏ်ရာများကိုလည်းထင်လင်းစွာမြင်တွေ့နိုင်သည်။ ထိုဒဏ်ရာ ဒဏ်ချက်များမှာမတူညီကြပေ။ ယခုရုပ်တုသည် ၀တ်လုံတော်၌စွဲထင်နေသည့်အတိုင်း အသေးစိတ်ထုလုပ်နိုင်သော ပထမဆုံးရုပ်တုဖြစ် သည်။

ဤဓာတ်တော်ကိုပူဇော်ခံသောပြပွဲကို ‘Man of the Shroud’ (၀တ်လုံ၏လူသား) ဟုအမည်ပေးထားပြီး၊ ဤပြပွဲ ၌ ယခင်နှင့်မတူသောဓာတ်ပုံများကိုလည်း ထည့်သွင်းပြသထားသည်။ ဤဓာတ်ပုံများသည် ယေဇူးသခင်၏၀တ်လုံတော် ဓာတ်တော်ကို ပထမဦးဆုံးဓာတ်ပုံရိုက်ယူခွင့်ရခဲ့သော Felice Fino နှင့် Secondo Pia တို့၏အမွေအနှစ်များဖြစ်သည်။

 ဤပြ ပွဲကိုအများပြည်သူများကြည့်ရူနိုင်ရန်စီစဉ်ထားပြီး၊ ပြခန်းနေရာမှာ ဗာတီကန်နှင့်မဝေးသော ‘ရဟန်းမင်းကြီးတို့၏ပြ တိုက်’ တွင်ခင်းကျင်းထားကြောင်း ဤပြပွဲ၏တာ၀န်ခံ IVAN MARSURA ကရှင်းပြခဲ့သည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Rome Reports

https://bit.ly/3ohAtD3

 

Add new comment

12 + 1 =