ဓာတ်ငွေ့လိုင်းပေါက်ကွဲမှုတွင် ကျောင်းသူ များအားကယ်ထုတ်ရင်း နိုက်ဂျီးရီယား ကက်သလစ်သီလရှင် တပါးကွယ်လွန်

ဓာတ်ငွေ့လိုင်းပေါက်ကွဲမှုတွင် ကျောင်းသူ များအားကယ်ထုတ်ရင်း နိုက်ဂျီးရီယား ကက်သလစ်သီလရှင် တပါးကွယ်လွန်

ဓာတ်ငွေ့လိုင်းပေါက်ကွဲမှုတွင် ကျောင်းသူ များအားကယ်ထုတ်ရင်း နိုက်ဂျီးရီယား ကက်သလစ်သီလရှင် တပါးကွယ်လွန်

မတ်လ ၁၅ ရက်နေ့ ထရပ်ကားနဲ့ ဓာတ်ငွေ့ ဗူးများ တိုက်မိသည့် မတော်တဆ ဖြစ်ပွားမှုတွင် အနည်းဆုံး ၁၇ ဉီးသေဆုံး ခဲ့ရာမှာ ကက်သလစ်သီလရှင်တပါးလည်းပါ၀င်ခဲ့ပါတယ်။

စစ္စတာရ် ဟဲန်ရီးတာ အလိုကာ ဟာ SSH သီလရှင်အသင်းဂိုဏ်းမှ ဖြစ်ပြီး၊ သူမဟာ ဘက်သလင်ဟင် အမျိုးသမီးသီးသန့် အထက်တန်းကျောင်း ရဲ့ ကျောင်းအုပ် စစ္စတာရ် ကြီးဖြစ်ပြီး သူမနဲ့ အတူ လုံခြုံရေး၀န်ထမ်းတဉီးတို့ဟာ မီးလောင်နေတဲ့ အဆောက်အဉီးမှ ထွက်ပြေးရတဲ့ ကျောင်းသူများအား ကယ်ထုတ်ရင်းစစ္စတာရ် ရော လုံခြုံရေး၀န်ထမ်းပါ သေဆုံးခဲ့တာပါ။

စစ္စတာရ် နဲ့ ဒီ၀န်ထမ်းဟာ ကျောင်းသူများဘေးကင်းရာရောက်ဘို့ နောက်ဆုံးအချိန်ထိ အကောင်းဆုံးသက်စွန့်ပေးဆပ်ခဲ့ကြတာဖြစ်တယ်။ သူတို့၏၀ိညာဉ် ထာ၀ရသုခ ချမ်းသာ ခံစားကြရပါစေ လို့ နိုက်ဂျီးရီးယား နိုင်ငံ၊ လာဂိုစ့် သာသနာရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Alfred Martins က မတ်လ ၁၆ ရက်နေ့ က ဆုတောင်းနှင့် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ဓာတ်ငွေ့အိုးပေါက်ကွဲ ၍ မီးလောင်ချိန်မှာ စစ္စတာရ် နဲ့ ကျောင်းသူများဟာ မစ္ဆားတရားနာယူနေကြောင်း၊ မစ္ဆားဟောသည့် ရဟန်းကိုယ်တိုင်လည်း ကူညီကယ်ဆယ်ပေးခဲ့ပေမယ့် ဘုန်းတော်ကြီးကတော့ အသက်ချမ်းသာ ရခဲ့ကြောင်း၊

ဘက်သလင်ဟင် အမျိုးသမီးသီးသန့် အထက်တန်းကျောင်းဟာ ကျောင်းသူ ၂၅၀ ကျော် တက်ရောက်သည့်ကျောင်း ဖြစ်ကြောင်း၊ တချို့ကျောင်းသူများဟာ ဆေးကုသမှုခံယူနေပြီး ကျန်တဲ့ ကျောင်းသူများကတော့ မိဘ အိမ်ပြန်ပို့ထားပြီးဖြစ်ကြောင်းနှင့် အားလုံး ဘေးကင်းကြပါတယ်လို့ ဂိုဏ်းချုပ်ဆရာတော်ကြီးကပြောကြားခဲ့သည်ကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

http://bit.ly/2UjszuF

 

Add new comment

2 + 3 =