ဒေါမိနစ်ကန်အသင်းဂိုဏ်းမှ အသက်အရှည်ဆုံး ရဟန်းတစ်ပါး ဩဂုတ် ၄ ရက်၌ ပျံလွန်

ဒေါမိနစ်ကန်အသင်းဂိုဏ်းမှ အသက်အရှည်ဆုံး ရဟန်းတစ်ပါး ဩဂုတ် ၄ ရက်၌ ပျံလွန်

ဩဂုတ်လ (၄) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ ဗဟိုရဟန်းဖြစ်သင်ကျောင်းမှ ဝိညာဉ်ရေးဘုန်းတော်ကြီးဖြစ်သည့် ဒေါ်မိနစ်ကန်အသင်းဂိုဏ်းမှ အသက်အရှည်ဆုံး ရဟန်းတစ်ပါး ပျံလွန်သွားပါတယ်။

အသက် ( ၁၀၁ )နှစ်ရှိပြီဖြစ်တဲ့ Fr Pedro ဟာ Gonzalez Tejero ဟာ စပိန်နိုင်ငံ Palencia မြို့ကဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ Illinois မြို့မှာ ဒေါ်မိနစ်ကန် ဘုန်းတော်ကြီးတစ်ပါးအဖြစ်သိက္ခာတော်ခံယူခဲ့သူဖြစ်ပါတယ်။

ဖာသာရ် ဟာသူ့အမိမြေဖြစ်တဲ့စပိန်နိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ စွမ်းရည်အမျိုးမျိုးနဲ့ အစေခံခဲ့ပြီး၊ သူဟာ ‌ဒေါ်မိနီကန်ဒေသဆိုင်ရာ သန့်ရှင်းမွန်မြတ်သောစိပ်ပုတီး အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဘုန်းတော်ကြီးဟာ ၁၉၇၉ ခုနှစ် ကနေ အနားယူတဲ့ အချိန်ထိ Santo Tomas တက္ကသိုလ်မှာ ပါမောက္ခအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ် ကနေ ၂၀၁၃ ခုနှစ်အထိ ဗဟိုရဟန်းဖြစ်သင်ကျောင်းရဲ့ သက်တမ်းအရှည်ဆုံး ဝိညာဉ်ရေးဘုန်းတော်ကြီးများထဲမှ တစ်ပါးဖြစ်တယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်
https://bit.ly/3SEpFxO

Add new comment

11 + 9 =