ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ရှစ်ဆယ်ပြည့် နှစ်ပတ်လည် နေ့ တွင် ဆိုးဝါးသော အမုန်းတရားအကျိုးဆက်များ ဘယ်သောအခါမှ ပြန်လည်ဖြစ်ပေါ်မလားရေး ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်း

ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ရှစ်ဆယ်ပြည့် နှစ်ပတ်လည် နေ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်း

ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ရှစ်ဆယ်ပြည့် နှစ်ပတ်လည် နေ့ တွင် ဆိုးဝါးသော အမုန်းတရားအကျိုးဆက်များ ဘယ်သောအခါမှ ပြန်လည်ဖြစ်ပေါ်မလားရေး ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်း
သြဂုတ်လ ၂၈၊ ၂၀၁၉

ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ရှစ်ဆယ်ပြည့် နှစ်ပတ်လည် နေ့ စက်တင်ဘာလ ၁ ရက်နေ့ ကို စစ်၏ အနိဋ္ဌာရုံများကို ပြန်လည်ထောက်ရှုရာနေ့တစ်နေ့အဖြစ် ဆိုးဝါးသော သေဆုံးခြင်း၊ ဒုက္ခဝေဒနာများခံစားခြင်း နှင့် ပျက်စီးဆုံးရုံးခြင်းများကိုသာ ဖြစ်ပေါ်စေသော အမုန်းတရားအကျိုးဆက်များ ဘယ်သောအခါမှ ပြန်လည်ဖြစ်ပေါ်မလာရေးအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ဆုတောင်းမေတ္တာ ပိုသခဲ့ပါသည်။

လာမည့် စက်တင်ဘာလ ၁ ရက်နေ့ တနင်္ဂနွေနေ့ သည် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ရှစ်ဆယ်ပြည့် နှစ်ပတ်လည် နေ့ဖြစ်ပါသည်။

၁၉၃၉ ခုနှစ်က အဲ့ဒီနေ့မှာပဲ အာဒေါ်ဖ် ဟစ်တလာ ရဲ့ နာဇီစစ်တပ်တွေဟာ ပိုလန် ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဗြိတိန် နဲ့ ပြင်သစ်ကို နောက် နှစ်ရက်ကြာပြီးနောက် စစ်ကြေငြာခဲ့ပါသည်။

ကံဆုံးမိုးမှောင်ကျခဲ့သော ပိုလန်နိုင်ငံ၏ မြို့မျာုးစ်ေကြသော ဝါဆော၊ ဝီလွန် နှင့် အခြားသော မြို့များအတွက် သတိရအောက်မေ့ ဆုတောင်းပေကြဖို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေဆုံနေကြလူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းမှာ ဖိတ်ခေါ်ခဲ့ပါသည်။

သေဆုံးခြင်း၊ ဒုက္ခဝေဒနာများခံစားခြင်း နှင့် ပျက်စီးဆုံးရုံးခြင်းများကိုသာ ဖြစ်ပေါ်စေသော အမုန်းတရားအကျိုး ဆက်များ ဘယ်သောအခါမှ ပြန်လည်ဖြစ်ပေါ်မလာစေရန် တို့တတွေ ငြိမ်းချမ်းရေးအတွက် ဆုတောင်းရမယ်။

တို့နေထိုင်သော လူအဖွဲ့အစည်း တိုင်းမှာ မိသားစုတိုင်းမှာ၊ လူတိုင်းရဲ့ နှလုံးသာမှာ ငြိမ်းချမ်းခြင်းတရားစိုးမိုးစေဖို့ ဘုရားသခင်ထံမှာ ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဖိတ်ခေါ်ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ဆုတောင်းပေးသော မေတ္တာပိုသမူ့များသည် စိန့်ပီတာရင်ပြင်တွင် ရောက်ရှိနေသည် ပိုလန်နိုင်ငံမှ ဘုရားဖူး ဓမ္မမိတ်ဆွေများအတွက် ခွန်အားများ ဖြစ်စေခဲ့ပါသည်။

ပိုလန် နိုင်ငံ ဝါဆော မြို့တွင်ကျင်းပမည့် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ရှစ်ဆယ်ပြည့် နှစ်ပတ်လည် နေ့ ကို အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ် ထရန့် အပါအဝင် NATO နှင့် EU နိုင်ငံ အဖွဲ့ဝင်များ နှင့် နိုင်ငံခေါင်းဆောင် အမြောက်အများ တက်ရောက်ကြမည်ဖြစ်ပါသည်။

ဂျာမာန် နာဇီတို့မှ ဒုတိယ ကမ္ဘာစစ်က ပထမဦးဆုံး ဗုံးကျဲ တိုက်ခိုက် ခဲ့ခြင်းခံခဲ့ရသော ဝီလွန် မြို့တွင်ဂျာမနီ နိုင်ငံတော် သမ္မတ နှင့် ပိုလန် နိုင်ငံသမ္မတ တို့မှ အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်ပြုလုပ်ကြမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁ ရင်နေတွင် ဝါဆော မြို့ အမည်မသိ သေဆုံးခဲ့ကြသော စစ်သာများ မြုတ်နှံသင်ဂြိုထားရာ စစ်သချိုင်္င်း ရှိရာ Pilsdski ကွက်လပ် နေရာတွင် နိုင်ငံတကာ ခေါင်းဆောင်များ စုရုံးကြပြီး ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားခြင်း နှစ် ရှစ်ဆယ်ပြည့် နှစ်ပတ်လည် နေ့ အခန်းအနား ကို ပြုလုပ်ကြမည်ဖြစ်ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2ZrjFQl

Add new comment

20 + 0 =