ဒုတိယအကြိမ် ‘ကမ္ဘာ့အဖိုးအဖွားများနှင့်သက်ကြီးများနေ့’ ၏ဆောင်ပုဒ်ကို ဗာတီကန်မှထုတ်ပြန်

ဒုတိယအကြိမ် ‘ကမ္ဘာ့အဖိုးအဖွားများနှင့်သက်ကြီးများနေ့’ ၏ဆောင်ပုဒ်ကို ဗာတီကန်မှထုတ်ပြန်

ဒုတိယအကြိမ် ‘ကမ္ဘာ့အဖိုးအဖွားများနှင့်သက်ကြီးများနေ့’ ၏ဆောင်ပုဒ်ကို ဗာတီကန်မှထုတ်ပြန်

          လာမည့် ဇူလိုင် (၂၄) ရက်နေ့တွင် ကက်သလစ်သာသနာတော်ကြီးအနေဖြင့် ‘ဒုတိယအကြိမ် ကမ္ဘာ့အဖိုး အဖွားများနှင့်သက်ကြီးများနေ့’ ကို ကျင်းပမည်ဖြစ်ပါသည်။ ဤသို့ကျင်းပရခြင်းမှာ အပျော်သက်သက်၊ ဂုဏ်ပြုရုံသက်သက်မဟုတ်။ သက်ကြီးရွယ်အိုများအားဂုဏ်ပြုခြင်း၊ ပျော်စေလို ၍ကျင်းပခြင်းလည်းဖြစ်သကဲ့သို့ မျိုးဆက်သစ်များအတွက်လည်း သင်ယူမှတ်သားစရာများပေးရန်ဖြစ်သည်။ ထို့ကြောင့် ယခုနှစ် ဤပွဲကိုကျင်းပရ ခြင်း၏ရည်ရွယ်ချက်မှာ ‘အသက်ကြီးရင့်ပြီဖြစ်သော်လည်း အသီးအပွင့်များပွင့်သီးလျှက်ရှိ၏’ ဟူသည့် ‘ဆာလံ’ ကျမ်းမှကောက်နုတ်ထားသော သ တင်းစကားကိုပါးရန်ဖြစ်သည်။ လူမူအသိုင်းအ၀ိုင်း၌ လက်သုံးစကားဖြစ်သော ‘အသက်ကြီး၍ ပျက်စီးပြီ’ ဆိုသည်ကိုပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ ၄င်းတို့သည် လူမှုအသိုင်းအ၀ိုင်း အ တွက်သော်လည်းကောင်း၊ သာသနာတော်ကြီးအတွက်သော်လည်းကောင်း အဖိုးမဖြတ်နိုင်သောလက်ဆောင် များ ဖြစ်သည်။ ဤပွဲကို ယခင်နှစ်က ရဟန်းမင်းကြီးဖရန်စစ်မှပထမဦးဆုံးအကြိမ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ဤပွဲကို ကက်သလစ်သာသနာ အတွင်း၌ နှစ်စဉ် ဇူလိုင်လ၏ ‘စတုတ္ထပတ်မြောက်’ တနဂ်နွေနေ့ တွင်ကျင်း ပရန်သတ် မှတ်ဆုံးဖြတ်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် ဇူလိုင် (၂၆) သည် အမိမယ်တော်၏မိဘများ၊ ယေဇူး သခင်၏ အဖိုးအဖွားများဖြစ်သော ‘စိန့်ဂျော်ကင်းနှင့်စိန့်အဲန်’ တို့၏ပွဲနေ့နှင့်အနီးဆုံး တနဂ်နွေနေ့တွင် ကျင်းပရ န်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်က ‘အဖိုးအဖွားများ၊ သက်ကြီးရွယ်အိုများသည် အခါအားလျှော်စွာ မေ့ခံထားရ၊ ဘေးဖယ်ခံထားကြရ သည်။ ဤသို့မေ့လျော့ထားခြင်းသည် အလွန်တန်ဖိုးကြီးသော ကျွန်ုပ်တို့၏ အရင်းအမြစ် ကိုမေ့ထားခြင်းဖြစ်သည်။ အမှန်မှာထုတ်ပြလက်ဆင့်ကမ်း ရမည်ဖြစ်သည်’ ဟုမိန့်ကြားခဲ့သည်။ ယခင်နှစ်က ရဟန်းမင်းကြီးသည် ဤပွဲနေ့မစ္ဆားတရားအား ဦးဆောင်မပူဇော်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆို သော် အူမကြီး ခွဲစိတ်ပြီးခါစဖြစ်နေခဲ့၍ဖြစ်ပါသည်။ ယခုနှစ်၌မှု နေကောင်းကျန်းမာနေသောကြောင့် သူကိုယ်တိုင်ဦးဆောင်၍ ဆုတောင်း ၀တ်ပြု ခြင်းကိုကျင်းပရန် စိတ်အားထက်သန်နေပါသည်။ 

           

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of UCA News

https://bit.ly/3rRppjz

 

 

Add new comment

13 + 0 =