ဒုတိယကမ္ဘာစစ်က သူရဲကောင်းကက်သလစ်ဘုန်းတော်ကြီးအား သူတော်မြတ်အဖြစ်တင်မြောက်

ဒုတိယကမ္ဘာစစ်က သူရဲကောင်းကက်သလစ်ဘုန်းတော်ကြီးအား သူတော်မြတ်အဖြစ်တင်မြောက်

ဒုတိယကမ္ဘာစစ်က သူရဲကောင်းကက်သလစ်ဘုန်းတော်ကြီးအား သူတော်မြတ်အဖြစ်တင်မြောက်

ဒုတိယကမ္ဘာစစ်၌ သူရဲကောင်းကက်သလစ်ဘုန်းတော်ကြီးဖြစ်သည့် ဖာသာရ်ဂျိုးဗားန္နီဖော်နာစီးနီ (Giovanni Fornasini) အား သူတော်မြတ်အဖြစ်တင်မြှောက်ခဲ့ပါသည်။

(၁၉၄၃) ခုနှစ်၏ တစ်ခုသောဆောင်းတွင်းကာလတွင် မဟာမိတ်အဖွဲ့သည် နာဇီများ တပ်အခိုင်အမာခြေကုပ်ယူထားသော အီတလီနိုင်ငံ၏မြို့ကြီး တစ်မြို့ဖြစ်သော ‘ဘိုလိုးညာ’ ကို မညှာမတာဗုံးများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး အပြီးအပိုင်မောင်းထုတ်ရန်ကြိုးစားနေချိန်ဖြစ်သည်။ နိုင်ငံကိုပြန်လည်ကယ်တင် ရေးအတွက် ကာကွယ်‌ရေးတာ၀န်ကိုစစ်တပ်များက ကျားကုပ်ကျားခဲကြိုးစားနေချိန်တွင် ၀ိညာဉ်များအားကာ ကွယ်ရေးတာ၀န်ကိုယူထားသော သက်တော် (၂၈) နှစ်သာရှိသေးသည့် အီတလီလူမျိုးရဟန်းပျိုတစ်ပါးသည် စစ်ပြေးနေရ ၍ မသွေးလည်းမသွေးအား။ မသုံးလည်းမသုံးဖြစ်ဘဲပစ်ထားသော ပေါက်ချွန်းဖြင့်ကြွင်းကိုခဲရာခက်ဆစ်တူးရှာသည်။ ထိုကြွင်းကိုတူးရခြင်းမှာ သူအတွက်အလွန်တန်ဖိုးကြီးမားသော ပုလဲရတနာနှင့်တူသော အပြစ်မဲ့ပြီး၊ အကာအကွယ်မဲ့ ပြည်သူများ ဗုံးခိုနိုင်စေရန်ဖြစ်သည်။

ထိုရဟန်းပျိုမှာ ဖာသာရ်ဂျိုးဗားန္နီဖော်နာစီးနီ (Giovanni Fornasini) ဖြစ်ပြီး နာဇီများလက်ဦးမှုရ၍ ၄င်းတို့၏တပ်များဖြန့်ကျက်ထားသည့်ကာလ၌ ပြည်သူများအတွက်ကျီးလန့် စာစားရသောဘ၀ဖြစ်နေချိန်တွင် ဖာသာရ်သည် ဘာသာတူများ၊ ဘာသာမတူသော်လည်း စစ်ဘေးရှောင်များရှိသည့်နေရာများသို့ သူ၏စက်ဘီး တစ်စီးဖြင့် သက်စွန့်ဆံဖျားအရောက်သွားကာ ကူညီခဲ့၊ အားပေးနှစ်သိမ့်ပေးခဲ့သည်။
နာဇီတို့သည် (၁၉၄၄၊ စက်တင် ဘာလ ၂၉ မှသည် အောက်တိုဘာလ ၅) ရက်အတွင်း Marzabotto ရွာမှအီတလီလူမျိုး (၇၇၀) ဦးကိုအစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့သည်။ ထိုအခင်း၌သတ်ဖြတ်ခံရသောသူများ၏အလောင်းကိုမြှုပ်နှံမည့်သူရှိသော်လည်း ကြောက်ရွံ့ သောကြောင့် အဘယ်သူများမျှ ရဲရဲတင်းတင်းသဂြိုလ်ရန်မ၀ံ့ရဲကြပေ။ ထို့ကြောင့် ဖာသာရ်က ထိုသတ်ဖြတ်ခံရသော သူတို့၏အလောင်းအားလုံးကို ကောင်းကြီးပေးခွင့်နှင့်သဂြိုလ်ခွင့်ကို ဗိုလ်မှူးတစ်ဦးထံမှခွင့်ပြုချက်ရရှိခဲ့ပြီး သဂြိုလ် ရန်သွားခဲ့သည်။ ၀မ်းနည်းစရာကောင်းသည်မှာ ထိုခရီးကိုပြုသွားသည့်နေ့မှစ၍ သူ၏သတင်းအစနလည်းမရခဲ့တော့ပေ။ သူ၏အသက်မဲ့ခန္ဓာကိုမူ (၁၉၄၅) ခု ကမ္ဘာစစ်ကြီးပြီးဆုံးခါနီးမှသာပြန်လည်ဖော်ထုတ်နိုင်ခဲ့သည်။ ထိုသို့ဖော် ထုတ်ပြီးနောက် ခန္ဓာကိုယ်ကိုပြန်လည်စစ်ဆေးကြည့်ရာ သက်တော်မကုန်ဆုံးမီ၌ ရက်စက်စွာထုထောင်းရိုက်နက်နှိပ် စက်ထားသည့်ဒဏ်ရာများကိုတွေ့ရှိခဲ့သည်။

ဤသူရဲကောင်းဘုန်းတော်ကြီးကို ယခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့၌ သတ်မှတ်ထားခဲ့ သည့်အတိုင်း ကာဒီနယ် Marcello Semeraro မှ ဘိုလိုးညာရှိ ဆန်ပေထရိုးနီယို ဘာစီးလီကားတွင် သူတော်မြတ်အဖြစ်တင်မြောက်ခဲ့သည်။

ကိုးဗစ်ရောဂါကာကွယ်ရေးဥပဒေကြောင့် ထိုသူတော်မြတ် တင်မြောက်သည့် ၀တ်ပြုဆုတောင်း ခြင်းအခမ်းအနားကိုမူ ခွင့်ပြုနိုင်သောဦးရေများသာပါ၀င်ပြီး၊ ရုပ်သံနှင့်လိုင်းမှသာတိုက်ရိုက်ထုတ်လွှင့် ခဲ့သည်။ ကာဒီနယ်က သူ၏မစ္ဆားအတွင်း‌‌ဟောကြားသောတရား၌ ဤသူတော်မြတ်သည် သူ့သာသနာအုပ်စုမှ ဘာသာ ၀င်များအတွက် ကိုယ်စောင့်သိကြားဖြစ်ကြောင်း၊ သူသည် ခွဲခြားဆက်ဆံခြင်းကို မလိုလားသောသူဖြစ်သောကြောင့် ထိုလူနေမှု၊ အုပ်ချုပ်မှုစနစ်ကို မလိုလားသူများ၏အမုန်းပွားမှုကိုခံခဲ့ရ ကြောင်း၊ စစ်ဘေးဒုက္ခသည်များ၊ အိုးအိမ်စွန့်၍ထွက်ပြေးတိမ်းရှောင် သူများအား ဂရုစိုက်ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း၊ သူသည် စစ်ရေးမည်မျှပင်တင်းမာနေစေကာမူ သူ၏သိုးစုနှင့်မစ္ဆားပူဇော်ခြင်း၊ ဆုတောင်းခြင်း၊ စက္ကရမင်တူးများကျင်းပပေးခြင်း၊ စိတ်ပုတီးစိပ် ခြင်းကိုမပြတ်ပြုလုပ်ခဲ့ကြောင်း၊ သွေး ထွက်သံယိုမူများမဖြစ်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့်ကြိုးစားဟန့်တားခဲ့​သည်ဟုဆိုသည်။

သူတော်မြတ်တင်မြောက်ခြင်း အခမ်းအနားအတွင်း၌ သူအသုံးပြုခဲ့သောစက်ဘီး၊ ဖန်ခွက်များနှင့်မင်္ဂလာရေထည့်သည့်ဗူးများကိုကြည်ညိုခံထားသည်။ ထိုမင်္ဂလာရေဗူးသည် သူ၏အသက်မဲ့ခန္ဓာ၌တွေ့ရှိသောဓာတ်တော်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကိုယ်တိုင်ဤ သူတော်မြတ်တင်မြောက်ခြင်း၌ ဦးမဆောင်နိုင်သော် လည်း သဝဏ်လွှာပေးပို့ခဲ့သည်။ ထိုသ၀ဏ်လွှာထဲ၌ ယနေ့သူတော်မြတ်၏ပွဲနေ့ကို အောက်တို ဘာလ (၁၃) ရက်နေ့ တွင်ကျင်းပရန်သတ်မှတ်ကြောင်းဖော်ပြထားသည်။

ဤသူတော်မြတ်အား (၁၉၁၅) ဘိုလိုးညှာတွင်မွေးဖွားခဲ့သည်။ ငယ်စဉ်က အတန်ထဲ၌စာအတော် အားနည်းသူအဖြစ်သိကြသည်။ သူသည် ကျောင်းထွက်ပြီးနောက် ခေတ်မှီကြီးမားသောဟိုတယ်တစ်ခု၌ ဓာတ်လှေခါးဖွင့်ပိတ်လုပ်ပေးသော၀န်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုနောက်မှသာ ရဟန်းဖြစ်သင်ကျောင်းသို့၀င်ရောက်ပြီး (၁၉၄၂)၊ သက်တော် (၂၇) တွင် ထာ၀ရရဟန်းသိက္ခာ ထပ်ခြင်းကိုခံယူခဲ့သည်ဟုဆိုသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ကောင်းသောသိုးထိန်း

သူ့အမည်ကား Fornasini ဟုခေါ်သည်။ စစ်မီးတောက်လောင်နေချိန်၊ အသက်ကိုဖက်နှင့်ထုပ်ထားရချိန်ဖြစ် သော်လည်း သူသည် ဗုံးဆံ၊ ကျည်ဆံကိုမမှုနိုင်အား၊ ကြောက်စိတ်များမဖြာနိုင်အား၊ အတိဒုက္ခရောက်နေသူများထံ သို့အရောက်သွား၍ ကူကယ်ပေးခဲ့သည်။

ဒုတိယကမ္ဘာစစ်၏ နောက် ဆက်တွဲအကျိုးဆက်အနေဖြင့် မိဘမဲ့ကလေး များ၊ လေလွှင့်ဆိုးသွမ်းလူငယ်များစွာပေါ်ထွက်လာခဲ့သည်။ ထိုလူငယ်များကိုစောင့်ရှောက်ပညာသင်ကြားပေးရန် ခက်ခဲသော်လည်း စာသင် ကျောင်းတစ်ကျောင်းကို ဘိုလိုးညှာပြင်ပရှိ Sperticano ၌ဖွင့်လှစ်ခဲ့သည်။ သူသည်အလွန် တက်ကြွလှုပ်ရှားသူဖြစ်သည်။ ဒုက္ခရောက်နေသူကိုကူညီရန်အမြဲအသင့်ရှိနေသူဖြစ်သည်။ ယုံကြည်ခြင်းအားကြီးသူ ဖြစ်သည်။ အခက်အခဲများ၊ အန္တရာယ်များသည် သူ့အားတုန်လှုပ်ခြောက်ခြားမသွားစေနိုင်ခဲ့ပေ။

(၁၉၅၀) ၌ အီတလီသမ္မတက Fornasini အား စစ်ဖက်ဆိုင်ရာ ရွှေတံဆိပ်ကိုချီးမြှင့်ခဲ့သည်။ သူ့အား သူ တော်စင်တစ်ပါးအဖြစ်တင်မြောက်နိုင်ရန် (၁၉၉၈) မှစတင်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က Fornasini အား သူတော်မြတ်တင်မြောက်သော စက်တင် ဘာလ (၂၆) ရက်၊ တနင်္ဂနွေနေ့ မွန်းတည့်အန်ဂျေလူးဆုတောင်းရွတ်ဆိုအပြီးဂုဏ်ပြုချီးမွမ်းစကားမိန့်ကြားခဲ့သည်။

သူတော်မြတ် Fornasini အား သာသနာပိုင် တရားတော်အတွက်ကွပ် မျက်ခံရသော ဘုန်းတော်ကြီး၊ ကရုဏာရေးလုပ်ငန်းများကိုလုပ်ရန်အလွန်စိတ်အားထက်သန်သော ကျောင်းထိုင် ဘုန်းတော်ကြီး၊ ဒုတိယကမ္ဘာ စစ်မီးတောက်လောင်နေ၍ အသက်ဘေးနှင့်ကြုံနေသော်လည်း မိမိသိုးတို့အား စွန့်ပစ် ထား၍အကိုယ်လွတ်ရုန်းသော အဌားသိုးထိန်းမဟုတ်။ မိမိ၏အသက်သွေးချွေးကိုပင်စတေးရန်အသင့်ရှိနေခဲ့သူဖြစ် သည်။ သူရဲကောင်းစိတ်ဓာတ်ပြည့်၀လှသည့် သက်သေခံသည့်အသက်တာသည် ကျွန်ုပ်တို့အားလည်း ဘ၀ဒုက္ခ၊ စိန်ခေါ်ချက်များနှင့်ရင်ဆိုင်ကြုံတွေ့ရသောအခါ ရဲရင့်စိတ်များမွေးဖွားလာစေရန် ကူညီပေးတော်မူပါစေဟု မိန့်ကြားခဲ့သည်။

ဘာသာပြန်ဆိုသူ = ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of National Catholic Register

https://bit.ly/3lo9zts

Add new comment

1 + 6 =