ဒုက္ခအခက်အခဲအဓိပ္ပာယ်ကို မြင်တွေ့နိုင်ရန် ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ၏စံနမူနာကိုလိုက်နာရန် ပုပ်ဖရန်စစ် အကြံပြုထား

ဒုက္ခအခက်အခဲအဓိပ္ပာယ်ကို မြင်တွေ့နိုင်ရန် ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ၏စံနမူနာကိုလိုက်နာရန် ပုပ်ဖရန်စစ် အကြံပြုထား

ဒုက္ခအခက်အခဲအဓိပ္ပာယ်ကို မြင်တွေ့နိုင်ရန် ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ၏စံနမူနာကိုလိုက်နာရန် ပုပ်ဖရန်စစ် အကြံပြုထား

ဖေဖေါ်ဝါရီလ 11 ရက်နေ့ က လုဒ်မယ်တော်သခင်မပွဲ၌ ကက်သလစ်အသင်းတော်သည် ကမ္ဘာ့ မကျန်းမာသူများနေ့ကို ကျင်းပခဲ့သည်။

ဗာတီကန် ကနေ ဦးဆောင်ပြီး ပြုလုပ်သည့် အစည်းအဝေး တစ်ခု စီစဉ်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၎င်းအစည်းအဝေးတွင်ပါဝင်သူများထံ ဗီဒီယိုမက်ဆေ့ကိုပေးပို့ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့်ကြားသည်မှာ ယနေ့ခေတ်ကပ်ရောဂါမှ ကျွန်ုပ်တို့ကိုသင်ကြားပေးသည်မှာ တစ်ဦးတစ်ယောက် ကိုသာ ဂရုစိုက်ခြင်းမဟုတ်ဘဲ တကမ္ဘာလုံး နဲ့ဆိုင်တဲ့ ဖြစ်စဥ်တစ်ခုကို ကြည်တတ်ဖို့သင်ပေးတယ်လို့ မြွက်ကြားခဲ့ပြီး

ယနေ့ခေတ် ယဉ်ကျေးမှုသည်တစ်သီးပုဂ္ဂလဆန်လွန်းသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု မှာတောင်မှ မညီမျှမှုကို ဖြစ်စေတယ်။ တချို့က ကျန်းမာရေးစောင့်ရှောက်မှုကို တတ်နိုင်ပေမယ့် တချို့အတွက် မလွယ်ကူပေ။ ဒါကြောင့် အရှင်သူမြတ်ကတစ်သီးပုဂ္ဂလဝါဒကို ဗိုင်းရပ်စ် လို့ ခေါ်ဆိုပြီးတော့ အဲ့ဒီအရာကိုအမြစ်ပြတ်ချေမှုန်းရမယ် လို့ မိန့်ကြားတော်မူတယ်။

"ဗိုင်းရပ်စ်လိုမျိုး ဤတစ်သီးပုဂ္ဂလဝါဒကို ကုသရန် အဆိပ်ဖြေဆေးရဲ့ တစ်ခုတည်းသော နည်းလမ်းက ညီတူတန်းတူ သဘောထားတတ်သော ယဉ်ကျေးမှုဖြစ်တယ်"ဟု အရှင်သူမြတ်က ဆိုပါတယ်။

ဒုက္ခအခက်အခဲရဲ့အဓိပ္ပာယ်ကို မြင်တွေ့နိုင်ရန် ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ၏စံနမူနာကိုလိုက်နာရန်လည်း အကြံပြုထားသည်။

ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ က သူ့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံအရ၊ ဒီလမ်းကြောင်းကို ရှာဖွေဖို့ ညွှန်ပြခဲ့တယ်။ ဒါဟာ မိမိကိုယ့်ကိုယ်ကို ဘောင်ခတ်စေတဲ့အရာ မဟုတ်ပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ တစ်ပါးသူကို ပိုကြီးမားတဲ့ ချစ်ခြင်းမေတ္တာကို ဖွင့်ပြစေဖို့ဖြစ်တယ် ဆိုပြီး အရှင်သူမြတ်က ဆက်လက်မြွက်ကြားတာကတော့ ကမ္ဘာပေါ်ရှိ အစွန်အဖျားဆုံးနေရာများတွင် မကျန်းမာသူများကို ပြုစုစောင့်ရှောက်ပေးသည့် ထောင်သောင်းချီသော သာသနာပြုများ၏ အလုပ်ကို ချီးမွမ်းခဲ့ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ
https://bit.ly/3H8Vube

Add new comment

2 + 6 =