ဒုက္ခသည်များအရေး ထိရောက်တင်းကြပ်စွာကိုင်တွယ်ဖြေရှင်းရန် ပြင်သစ်နှင့်ဗြိတိန်မှခရစ်ယာန်အသင်းတော် များတောင်းဆို

ဒုက္ခသည်များအရေး ထိရောက်တင်းကြပ်စွာကိုင်တွယ်ဖြေရှင်းရန် ပြင်သစ်နှင့်ဗြိတိန်မှခရစ်ယာန်အသင်းတော် များတောင်းဆို

ဒုက္ခသည်များအရေး ထိရောက်တင်းကြပ်စွာကိုင်တွယ်ဖြေရှင်းရန် ပြင်သစ်နှင့်ဗြိတိန်မှခရစ်ယာန်အသင်းတော် များတောင်းဆို

ပြီးခဲ့သောအပတ်၌ ရွေ့ပြောင်း (၂၇) ဦး လှေဖြင့်ဗြိတိန်ရေလက်ကြားအားကူးသန်းနေစဉ်ရေနစ်မြှုပ်ခဲ့သည့် အဖြစ်အပျက်နှင့်ပတ်သက်၍ ပြင်သစ်နှင့်ဗြိတိန်နိုင်ငံကြားတင်းမာမှုများဖြစ်ပွားနေသည်။ ထို့ကြောင့် နှစ်နိုင်ငံမှ ခရစ် ယာန်အသင်းတော်ခေါင်းဆောင်များက ဒုက္ခသည်များနှင့်ရွေ့ပြောင်းတို့၏အသက်အန္တရာယ်ကိုကာကွယ်ပေး နိုင်ရန်နှင့်မိမိတို့၏ဇာတိမြေကိုစွန့်ခွာထွက်ပေးရသည့် အကြောင်းအရင်းကိုလည်းမြေလှန်ရှာဖွေဖော်ထုတ်ရန် တောင်းဆိုခဲ့သည်။

Westminster ဆရာတော် Vincent Nichols က နွမ်းပါးချို့တဲ့ခြင်းသည် လူသားထုကိုဒုက္ခပင်လယ်‌ေ၀စေ သည့်အကြောင်းအရာဖြစ်၍ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ ယခင်တပတ်က ရေနစ်သေဆုံးသော ရွေ့ပြောင်းတို့၏အ ဖြစ်အပျက်များသည် အစိုးမရသောနတ်ပူးနေသည့် လူကုန်ကူးသူတို့၏ တရားမဲ့မှုနှင့်ဆင်းရဲတွင်းမှနည်းလမ်းမျိုးစုံဖြင့် ရုန်းထွက်ရန်ကြိုးစားခြင်း၊ ပဋိပက္ခများ၊ ဖိနှိပ်ညှှဉ်းဆဲခြင်းများကြောင့်ပိုမိုကောင်းမွန်လုံခြုံသောဘ၀ကိုရှာဖွေရန်အား ထုတ်ရာမှဖြစ်​သည်ကိုဖော်ပြနေကြောင်းပြောကြားခဲ့သည်။

ထို့အတူ ဆရာတော် McAleenan ကလည်း ဆရာတော် Paul McAleenan ၏စကားကိုမှီငြမ်း၍ ရွေ့ပြောင်းတို့ အရေးနှင့်ပတ်သက်၍ တင်းကြပ်ထိရောက်သောအရေးယူမှုကို ချက်ချင်းပြုလုပ်ရန်နှင့်၄င်းတို့အား မိမိတို့၏ဇာတိမြေ မှထွက်ပြေးစေသောအကြောင်း တရားများကိုလည်းဖော်ထုတ်ဟန့်တားရန်၊ ဥပမာအားဖြင့် စစ်၊ နွမ်းပါးချို့တဲ့ခြင်း၊ ဖိနှိပ်ညှဉ်းဆဲမှု၊ ရာသီဥတုပြောင်းလဲများကိုဂရုပြုဆောင်ရွက်ရန်၊ လူ့အသက်တန်ဖိုးနှင့်လူ့အသက်၏သန့်ရှင်းခြင်းကို သဘောပေါက်နားလည်ပါက ယခုကဲ့သို့ဖြစ်ပျက်သွးရခြင်းကိုသဘောပေါက်နားလည်လာပေမည်’ ဟုပြောကြားခဲ့ သည်။

အင်္ဂလီကန် ဂိုဏ်းချုပ်ဆရာတော် Welby ကလည်း ဒုက္ခသည်များအားစောင့်ရှောက်ရေး မူ၀ါဒများကိုလည်း ပြုပြင်ရန်လိုအပ်ကြောင်း၊ ပိုမိုလုံခြုံမှုကိုပေးနိုင်သောစနစ်တစ်ခုကိုလိုအပ်ကြောင်း၊ စာနာစိတ်၊ တရားမျှတခြင်းနှင့် နယ်စပ်ဖြတ် သန်းခွင့်များကိုလည်းသေချာစီစစ်ကြပ်မတ်ရန်လိုကြောင်း၊ လက်ရှိဖြစ်ပျက်နေသည့်အတိုင်း ဆက် လက်ဖြစ်ပွားရန် အခြေအနေပေး၍မရကြောင်းပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ၏ ကက်သလစ်ကာရီတာ့စ်က လတ်တလောဒုက္ခသည်များ၏ကြံမ္မာဆိုးကြီးငင်ခဲ့ရသည်မှာ ပြင်သစ်နယ်နိမိတ် စောင့်စစ်တပ်တို့၏ စစ်ရေးမတော်ဩဇာသုံးခြင်းကြောင့်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒုက္ခသည်များအား အကြမ်းဖက်နှိမ်နင်းမှုများကိုပြုလုပ်ပြီး၊ ပစ်ခတ်သတ်ဖြတ်မှုများလည်းရှိကြောင်းပြောသည်။

ပြင်သစ်နိုင်ငံ၏ လူမူရေးအသင်းအဖွဲ့များကလည်း Calais မြို့မှ ဗြိတိန်နိုင်ငံသို့သွားရန် စောင့်ဆိုင်းနေကြသော ရွေ့ ပြောင်းများနှင့်ဒုက္ခသည်များအား လူမဆန်စွာကြမ်းကြုတ်ရက်စက်သည့်လုပ်ရပ်မျိုးကိုရှုံ့ချကြောင်း တောက်လျှောက်ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အတူ ဘာသာရေးအဖွဲ့အစည်းများနှင့်အစိုးရမဟုတ်သောအဖွဲ့ အစည်းများကလည်း လူသားတို့အားကူညီရန်အတွက် ဒုက္ခသည် များ၊ ရွေ့ပြောင်းတို့၏ဘ၀လုံခြုံမှုရှိရန်နှင့်တရား၀င်လွဲအပ်မှုများလုပ်ဆောင်နိုင်ရန်လမ်းကြောင်းများဖော်ဆောင်သင့် သည်ဟုပြောဆိုထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3D7WeeG

Add new comment

14 + 0 =