Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဒုက္ခသည်များအဖွဲ့ တိုကျိုအိုလံပစ်၌ ‘ရွှေ’ တံဆိပ်ဆွတ်ခူး
ဒုက္ခသည်များအဖွဲ့ တိုကျိုအိုလံပစ်၌ ‘ရွှေ’ တံဆိပ်ဆွတ်ခူး
(3.8.2021)RVA Myanmar
လက်ရှိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကြီး၌ (၂၀၂၁) အိုလံပစ်ပြိုင်ပွဲကြီးကိုကျင်းပနေကြသည်။ ကမ္ဘာတစ်၀ှမ်း ရှိ နိုင်ငံအသီးသီးမှအားကစားသမားများစုေ၀းရောက်ရှိနေကြသည်။ မိမိတို့၏အနာဂါတ်လုံခြုံစိတ်ချရရေးအတွက် နေရပ်စွန့်ခွာလာခဲ့ကြသောဒုက္ခသည်များကိုလည်းပါ၀င်စေသည်။ ဒုက္ခသည်အားကစားသမားများသည် အိုလံပစ် ပြိုင်ပွဲသို့စတင်ပါ၀င်ခဲ့သည့်နှစ်မှာ Rio de Janeiro တွင်ကျင်းပခဲ့သော (၂၀၁၆) ကဖြစ်သည်။ ယခုနှစ် တိုကျိုအိုလံက် ပစ်ပြိုင်ပွဲတွင် ဒုက္ခသည် (၂၅) ယောက်ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၄င်းတို့အနေဖြင့် မိမိတို့နေရပ်စွန့်ကာ ကမ္ဘာ အရပ်ရပ်သို့ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်များအားလုံးကိုကိုယ်စားပြုသည်။ မျှော်လင့်ချက်ကိုလည်း ဆက် လက်ဖော်ဆောင်နေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်၀ှမ်းမှ ပြိုင်ပွဲ၀င်များအား ၄င်းတို့၏တိုင်းနိုင် ငံ၊ မြို့၊ ရွာများမှ ၄င်းတို့အားအားပေးနေကြမည်ဖြစ်သည်။
Anjelina Nadai Lohalith သည် ဆူဒန်တောင်ပိုင်းမှအမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး၊ စစ်ကြောင့်ထွက်ပြေးလာသူ တစ်ဦးဖြစ်သည်။ သူသည်နေရပ်စွန့်ခွာခဲ့သည့် အချိန်မှစ၍ယနေ့ထိတိုင် မိဘနှစ်ပါးနှင့်ဆုံတွေ့ခွင့်မရသေးပေ။ ယခု တိုကျိုအိုလံပစ်၌မူ သူသည် အမျိုးသမီးမီတာ (၁၅၀၀) ပြိုင်ပွဲတွင်ရွှေတံဆိပ်ရရှိထားသည်။ MARY NATUKOI VICTOR သည် Anjelina Nadai Lohalith ၏အဒေါ်ဖြစ်သည်။ တူမလေး၏အကြောင်းနှင့်ပတ်သက်၍ အဒေါ်ဖြစ်သူက ဂုဏ်ယူစွာဖြင့် သူသည်စံပြုထိုက်သူလေးဖြစ်သည်။ သူ့ကြောင့်အဒေါ်ဖြစ်သူသည် များစွာပြောင်းလဲလာခဲ့ရ၊ သူ့ထံမှ သင်ယူခဲ့ရသည်။ အကယ်၍များအဒေါ်ဖြစ်သူသည် အသက်အရွယ်ငယ်သေးလျင်မူ သူကဲ့သို့အားကစားသမားတစ်ဦး ဖြစ်ရန် ပြတ်သားစွာဆုံးဖြတ်ချက်ချမိပေမည်။ သူ့ကြောင့်ပင်လျင် အဒေါ်ဖြစ်သူသည် သူ၏ရင်သွေးများကို အားက စားသမားဖြစ်ရန်အားပေးနေရကြောင်း၊ သူတို့၏အစ်မတစ်စမ်းကွဲကိုအားကျရန်၊ စံထားရန်၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်၀ှမ်းသို့ခရီးပြုနေရကြောင်း၊ ကမ္ဘာကြီးကိုလည်းသူတို့၏အစ်မတစ်၀မ်းကွဲသို့ရူမြင်ရန် အမြဲသင်ကြားပေး ကြောင်းဖြင့်ပြောဆိုခဲ့သည်။
စစ်ပြေရှောင်အိုလံပစ်အားကစားသမားနောက်တစ်ဦးမှာ Paulo Amotun ဖြစ်သည်။ သူသည်လည်း ဆူဒန် တောင်ပိုင်းမှ စစ်ကြောင့်နေရပ်ကို သူ၏နှမ Regina နှင့်ထွက်ပြေးခဲ့ကြရသူများဖြစ်သည်။ နှမဖြစ်သူက အစ်ကိုဖြစ်သူ အိုလံပစ်အားကစားပြိုင်ပွဲမ၀င်မီ အဘယ်သို့ခံစားရကြောင်း၊ အဘယ်သို့ဆုတောင်းပေးလိုကြောင်းမေးမြန်းရာ၌ မာ ရာသွန်ပြိုင်ပွဲ၌ အဆင့်ကောင်းကောင်းလေးတစ်ခုခုရပါစေကြောင်းဆုတောင်းပါကြောင်း၊ ဤသို့ရရှိလာခဲ့ပါလျှင် နှမ ဖြစ်သူကပျော်ရွှင်မည်ဖြစ်ကြောင်း၊ အစ်ကိုဖြစ်သူအား ကြိုးစားရန်အားပေးတိုက်တွန်းပြီး၊ ဘုရားသခင်သူ့ကိုလမ်းပြ ပေး၊ ခွန်အားပေးပြီး၊ အောင်မြင်မူပေးပါစေကြောင်း ဆုတောင်းပေးနေမည်ဟုဖြေကြားခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် မကြာခဏ အားကစားနှင့်ပတ်သက်၍ ထုတ်ဖော်အားပေးလေ့ရှိသည်။ ထို့အတူ အားက စားသမားများအားလည်း အခက်အခဲများနှင့်ကြုံတွေ့ရသောအခါ ခက်ခဲသော်လည်း ကြိုးစားရုန်းကန်ကျော်ဖြတ်ရ၌ စံထားရ သောသူများဖြစ်ကြောင်း၊ ဥပမာအားဖြင့် ယခုအိုလံပစ်ပြိုင်ပွဲ၌ပါ၀င်နေကြသော စစ်ဘေးဒုက္ခသည်များ၏ဘ၀ရုန်းကန်မူကို ကြည့်လျှင် ယခု၄င်းတို့၏အောင်မြင်မူသည် အဘယ်မျှပေးဆပ်ခဲ့ရပြီး၊ အဘယ်မျှကြီးမားသောအောင်မြင်မူဖြစ်သည်ကိုပြသနေ သည်။ ၄င်းတို့၏ပါ၀င်ယှဉ်ပြိုင်ခြင်း၊ အောင်မြင်မူများသည် ကျွန်ုပ်တို့လျှောက်လှမ်းလိုသောပန်းတိုင်ရောက်အောင်တက်လှမ်းရာ ၌ စိန်ခေါ်မူရှိကြောင်း၊ ထိုစိန်ခေါ်မူကိုကျော်လွှားဖြတ်သန်းရမည်ဖြစ်ကြောင်း၊ ဤသို့ဖြစ်ရန်မှာ အားကစားသမားဖြစ်ရုံဖြင့်မလုံ လောက်ကြောင်း၊ တွေ့ကြုံရသောအခက်အခဲများ၊ ပေးဆက်စွန့်လွတ်မူများတို့ကိုလက်ခံကျော်ဖြတ်ပြီးမှသာ ဘ၀၏အရေးကြီး သောပန်းတိုင်ဆီသို့ရောက်ရှိမည်ဖြစ်သည်။ ထို့အတူ မိမိလက်လှမ်းမမှီမူကိုလည်းလက်ခံနားလည်ရမည်ဖြစ်သည်။ မိမိ၌ရှိသော အစွမ်းအစအကန့်အသတ်ကိုလည်းလက်ခံနိုင်အောင်ကြိုးစားရမည်ဖြစ်သည်။ စစ်ပြေးဒုက္ခသည် အိုလံပစ်အဖွဲ့သည် စစ်ပေးဒု က္ခသည်များအားလုံးကိုယ်စား ကမ္ဘာကြီး၏စင်မြင့်ပေါ်တွင် အခက်အခဲများကြားကြိုးစားရုန်းကန်ရှင်သန်နေကြောင်း အာရုံ ထားမူပိုရှိလာအောင်လုပ်ဆောင်နိုင်ခဲ့သည်။ ဒုက္ခသည်များအားလည်း အင်အား၊ မျှော်လင့်ချက်များဖြစ်စေခဲ့သည်။ ယခုတိုကျို အိုလံပစ်ပြိုင်ပွဲ၌ စစ်ပြေးဒုက္ခသည်အားကစားသမားများလည်းနေရာတစ်ခုရနိုင်အောင် ပထမဦးဆုံးအကြိမ်ပြိုင်ပွဲ၀င်နေကြပါ သည်။
Rome Reports - https://bit.ly/3Ca6L9D
ဘာသာပြန် - ဖာသာရ် ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #refugees #Olympic #Gold
Add new comment