ဒီမော့ဆိုမြို့နယ်ရှိ စိန့်ဂျိုးဇက် ကက်လစ် ဘုရားရှိခိုးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခက်ခံရ

ဒီမော့ဆိုမြို့နယ်ရှိ စိန့်ဂျိုးဇက် ကက်လစ် ဘုရားရှိခိုးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခက်ခံရ

ဒီမော့ဆိုမြို့နယ်ရှိ စိန့်ဂျိုးဇက် ကက်လစ် ဘုရားရှိခိုးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခက်ခံရ

(၂၇.၅.၂၀၂၁)RVA Myanmar

(၂၇.၅.၂၀၂၁) ရက်နေ့က ကယားပြည်နယ် ၊ ဒီမော့ဆိုမြို့နယ်ရှိ စိန့်ဂျိုးဇက် ကက်သလစ် ဘုရားရှိခိုးကျောင်းကို လက်နက်ကြီး ထိမှန်ပြီး ပျက်စီးနေသည်ဟု ကယားပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က ထုတ်ပြန်ထားပါသည်။

မေလ(၂၃) ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခက်ခဲ့မှုကြောင့် ကယန်းသာယာ(တောင်) ဘုရားကျောင်းပျက်စီးခဲ့ပြီး ဘုရားကျောင်းအတွင်း ခိုလှုံနေသူ (၄) ဦးသေဆုံးကာ ၊ (၈) ဦး ဒဏ်ရာရရှိခဲ့ပါသည်။

၎င်းအပြင်  မေလ(၂၄) ရက်နေ့က ဖယ်ခုံ ကက်သလစ် သာသနာ ရှိ ယေဇူးရွှေနှလုံး‌တော် ဘုရားကျောင်းတွင်လည်း လက်နက်ကြီးဖြင့် ထိမှန်ပြီး ပျက်စီးနေသည်ကို တွေ့ရှိရပါသည်။

ကယားပြည်နယ်တွင်ရှိသည့် ကက်သလစ်ဘုရားရှိခိုးကျောင်းတိုင်းတွင် အလံဖြူထောင်ထားပြီး ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ၊ နာမကျန်းဖြစ်နေသူများကို ခိုလှုံခွင့်ပြုထားကြောင်းလည်း သိရှိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ရဟန်းအမတ် ၊ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုမှလည်း မေလ(၂၅) ရက်နေ့က မြန်မာနိုင်ငံတွင် အများပြည်သူ ဝတ်ပြုကိုးကွယ်သည့် ဘုရားကျောင်းကန်များ၊ ဘာသာရေးအဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမပြုရန် မေတ္တာရပ်ခံစာတစ်စောင်ထုတ်ပြန်ထားပါသည်။

#rvamyanmar #savemyanmar #rejectthemilitarycoup

Add new comment

9 + 3 =