ဒီဂျစ်တယ်ခေတ်၌ ချီလီ လူငယ်တစုမှ ခရစ်ယာန်တန်ဖိုး ကိုဝေမျှ

ဒီဂျစ်တယ်ခေတ်၌ ချီလီ လူငယ်တစုမှ ခရစ်ယာန်တန်ဖိုး ကိုဝေမျှ

လူမှုကွန်ယက်နှင့် ဟောပြောချက်များအားဖြင့် ခရစ်ယာန်တန်ဖိုး အနှစ်သာရကို မြှင့်တင်ရန် ချီလီ မှ လူငယ်တစ်စုဟာ ကြိုးပမ်းနေကြပါတယ်။

သူတို့ ရဲ့ စီမံကိန်း အမည်ကတော့ REC လို့ အတိုကောက်ခေါ်ပြီး ၊ အင်္ဂလိပ်လို "Reason in Christ" ခရစ်တော်ကြောင့်သာ ဟူသည့် စီမံကိန်းလေးပဲဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ဒီအဖွဲ့လေးဟာ နာမည်ကြီး စပီကာ ဟောပြောသူတွေကို ဖိတ်ခေါ်ပြီး ဘဝ အတွေ့ အကြုံတွေကို ဝေမျှတဲ့ အစီအစဉ် ကြီးတွေ ကို တခမ်း တနားပြုလုပ် လေ့ရှိပါတယ်။ အဲ့ဒီလိုပြုလုပ်ရာမှာ Wake up နိုးထလော့၊ Listen နားထောင်လော့၊ transform ပြောင်းလဲပါလော့ ဆိုတဲ့ ရည်ရွယ်ချက် ခေါင်းစဉ်များကို မှီတင်းပြုပြီး ကျင်းပတာပါ။

၄င်းတို့ရဲ့ဟောပြောချက်များဟာ ထောင်ပေါင်းများစွာသော သူများကို ခွန်အားဖြစ်စေခဲ့ပါတယ်။ ဒီဂျစ်တယ်ခေတ် အင်တာနက်မှ ဆက်သွယ်၊ လူမှုကွန်ယက် အသုံးပြုလုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ပေမဲ့လည်း လူ့မှုအသိုင်းအ၀န်းဟာ တစ်ဉီးနှင့်တဉီး အပြန်အလှန်ဆက်နွယ် ဖလှယ် ခြင်းအားဖြင့်သာ တိုးတက်ဖွံ့ဖြိုးနိုင်မယ်လို့ ယုံကြည်လက်ခံထားတဲ့ လူငယ်အဖွဲ့ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ အချိန်ကာလမှာ၊ လူမှုကွန်ယက်အားဖြင့်သာ ၄င်းတို့ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ခရစ်ယာန် အနှစ်သာရ ကို ဝေမျှသက်သေခံပြီး ကောင်းမွန်တဲ့ လူမှုအသိုင်းတစ်ခု တည် ဆောက် နိုင်ရန် စီရင်စု parish များမှ ၊ ၄င်းတို့ အဖွဲ့အား စိတ်ဝင်တစား ရှိသူ များကိုလည်း ဖိတ်ခေါ်ကာ အားပေးတိုက်တွန်း ထားသည်ကို Rome Reports သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

News and photo courtesy of : Rome Reports

https://bit.ly/2ANYoG2

Add new comment

7 + 7 =