ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအတွင်းရှိ ကက်သလစ်ဘုရားကျောင်း (၉) ကျောင်းအား ဥပဒေနှင့်အညီ တရား၀င် ကက်သလစ်ဘုရားကျောင်းများအဖြစ်ကြေညာ

ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအတွင်းရှိ ကက်သလစ်ဘုရားကျောင်း (၉) ကျောင်းအား ဥပဒေနှင့်အညီ တရား၀င် ကက်သလစ်ဘုရားကျောင်းများအဖြစ်ကြေညာ

ယခုကဲ့သို့ကြေညာခံလိုက်ရသောဘုရားကျောင်း (၉) ဆောင်အနေဖြင့် ဘုရားကျောင်းပြင်ဆင် မွမ်းမံရန်အတွက်လည်းကောင်း၊ လုံခြုံရေးအတွက်လည်းကောင်း၊ လိုအပ်၍တိုးချဲ့ရန်အတွက်လည်း အစိုးရထံမှအကူငွေများရရှိသွားမည်ဖြစ်ကာ မြေယာဌားရမ်းခများ၊ အဆောက်အဦးစောင့်ရှောက်ခ များ၊ အလှူငွေများမှအမြတ်ခွန်ဆောင်ခြင်းများမှလည်းကင်းလွတ်မည်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတော် ဘာသာမဟုတ်သော ဘာသာတစ်ခု၏ အဆောက်အဦးအား တရား၀င်အတည်ပြုကြေညာခြင်းသည် (၁၉၂၉) ခုနှစ်မှစ၍ ယခုတစ်ကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း၊ ထိုမတိုင်မီက ထိုင်းဘုရင်မင်း မြတ် Chulalongkorn လက်ထက် (၁၉၀၉) ခုနှစ်၊ နိုင်ငံတော်ဥပဒေပြဌာန်းချက် အမှတ် (R.S. 128) အရ (၄၃) ကျောင်းအကျုံး၀င်ခဲ့သည်ဟုဆိုသည်။

တဖန် (၁၉၂၉၊ ဩဂုတ်လ ၂၇) ထိုင်းဘုရင်မင်းမြတ် Prajadhipok လက်ထက်၌ ကက်သလစ် ဘုရားကျောင်း (၁၄) ကျောင်းထပ်မံအတည်ပြုပေးခဲ့သည်။ ထိုနှစ်ကြိမ်ပေါင်းလိုက်သောအခါ ထိုင်းနိုင်ငံ ၌ အစိုးရတရား၀င်အသိအမှတ်ပြုထားသော ကက်သလစ်ဘုရားကျောင်း (၅၇) ကျောင်းအထိရှိလာခဲ့ သည်။

ထိုတစ်ကြိမ်မှစ၍ ယခုတစ်ကြိမ်မတိုင်မီအထိ ထပ်မံအတည်ပြုခြင်းမရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း ပြုပြင်ပြောင်းလဲမှုများစွာရှိလာခဲ့သောကြောင့်ဖြစ်ပါသည်။

ယခုတစ်ကြိမ်ထပ်မံအသိအမှတ်ပြုရခြင်း၏အကြောင်းအရင်းတစ်ခုမှာ ထိုင်းနိုင်ငံတစ်နှံတစ် လျား၌ ခရစ်ယာန်ဦးရေတိုးပွားလာနေသောကြောင့် ကက်သလစ်သာသနာတော်ကြီးအတွက် ဘုရား ကျောင်းများ တိုးချဲ့ဆောက်လုပ်ခြင်းများကိုပြန်လည်သုံးသပ်ပေးရန်လိုအပ်လာကြောင်းသိရှိလာ၍ ၀န် ကြီးချုပ်ရုံးတော် က (၂၀၂၁) တွင်လမ်းညွှန်ချက်များချမှတ်ရေးဆွဲပြီး ကက်သလစ်ဘုရားကျောင်းများကို တရား၀င်ဘုရားကျောင်းများအဖြစ်ပြန်လည်အတည်ပြုပေးနိုင်ရန် ထည့်သွင်းစဉ်းစားလာခဲ့ပါသည်။

ယခု အောက်တွင်ဖော်ပြမည်ဖြစ်သော ထိုင်းနိုင်ငံရှိ ကက်သလစ်ဘုရားကျောင်း (၉) ကျောင်း သည် အစိုးရ၏ကြေညာချက်ထုတ်ပြန်လိုက်သည့်နေ့မှစ၍ တရား၀င်ကက်သလစ်ဘုရားကျောင်းများ ဖြစ်သွားပြီဖြစ်သည်။ ၄င်းတို့မှာ

1. Wat Sila Mahasanit (Taling Chan)
2. Wat Mae Phra Kuad Thip (Lat Phrao)
3. Church of Saint Thomas the Apostle (Soi Naksuwan)
4. Wat Phra Metta (Chiang Saen)
5. Wat Phra Mae of the International Mass (Chiang Khong)
6. Wat Phra Mae Patisonthi Niramon)
7. Saint Monica Church (Nan)
8. St. Joseph the Worker’s Church (Phrae)
9. Wat Phra Mae Maha Karun (Kampson)
တို့ဖြစ်ကြသည်။

အာဗီအေဘာစာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of the bangkok insight

https://bit.ly/3AISYr1
 

Add new comment

5 + 2 =