ထိုင်းနိုင်ငံ ‘ဇေးဗီးယား’ ကျောင်း ‘စိန့်ပီတာကာနီးစီအုစ့်’ တံဆိပ်ချီးမြှင့်ခံရ

ထိုင်းနိုင်ငံ ‘ဇေးဗီးယား’ သင်ကြားရေးကျောင်း ‘စိန့်ပီတာကာနီးစီအုစ့်’ တံဆိပ်ချီးမြှင့်ခံရ

ထိုင်းနိုင်ငံတွင်ဖွင်လှစ်ထားသော ဇေးဗီးယားသင်ကြားရေးကျောင်းသည် Boston ကောလိပ်မှာကျင်းပတဲ့ ညီလာခံမှာ ‘စိန့်ပီတာကာနီးစီအုစ့်’ ဆုတံဆိပ်ချီးမြှင့်ခံရပါတယ်။

တံဆိပ်အကြောင်းသိကောင်းစရာ

စိန့်ပီတာကာနီးစီအုစ့်တံဆိပ်သည် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ တစ်ဦးစီ ဖြစ်စေ ဂျက်ဆွီစ်အဆင့်မြင့် ပညာရေး၌ကိုယ်ဖိရင်ဖိဆက်ကပ်သင်ကြားပေးသူ များအားချီးမြှှင့်လေ့ရှိသောတံဆိပ်ဖြစ်သည်။ အထူးသဖြင့် ယုံကြည်ခြင်းနှင့် ဆက်စပ်သောတရားမျှတခြင်း၊ ဂျက်ဆွီစ်ပညာရေးကိုပြန့်ပွှားအောင်လုပ်ဆောင် ခြင်း၊ ဂျက်ဆွီစ်အသင်း၏ပညာရေးတမန်တော်လုပ်ငန်းကိုလက်ခံအသိအမှတ်ပြု သူများအားချီးမြှင့်လေ့ရှိသောတံဆိပ်ဖြစ်သည်။

ဇေးဗီးယားသင်တန်းကျောင်း (XLC)

ဤသင်တန်းကျောင်းကို (၂၀၁၇) မှတည်ထောင်ခဲ့သည်။ မတည်ထောင် မည်က ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့ရကြောင်း၊ ဖွင့်လှစ်ခဲ့ရသည့်အကြောင်းအရင်း မှာ အခွင့်အလမ်းနည်းပါးသောသူတို့အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ပညာ ရေးအခွင့်အရေးနည်းပါးသူများအားလမ်းဖွင့်ပေးရန်ဖြစ်သည်။ ဤသင်တန်း ကျောင်း၌ ဘက်စုံလွှမ်းခြုံသောပညာရပ်ကိုသင်ကြားပေးလျှက်ရှိသည်။

ကျောင်းတက်ရောက်နေသောကျောင်းသား (၁၀၀) ၀န်းကျင်ခန့်ရှိပြီး ကျောင်းသားအများစုမှာ တိုင်းရင်းသားမျိုးနွယ်စုမှအများစုဖြစ်ကြသည်။ ၄င်းတို့ သည် ကျောင်းအိပ်ကျောင်းစားများဖြစ်ကြသည်။ ကျောင်းသားများအား ဂျက်ဆွီစ်အ သင်းသား (၇) ပါး၊ စစ္စတာရ် (၃) ပါးနှင့်သင်ကြားရေးနှင့်သင်ကြားရေးနှင့်မဆိုင် သော၀န်ထမ်းစုစုပေါင်း (၂၀) ဦးရှိသည်။

ဤသင်တန်းကျောင်းသည် ဂျက်ဆွီစ် ကျောင်း၌ ပညာရည်နို့သောက်စို့ခဲ့ကြသောကျောင်းသားဟောင်းများ၏အလှူ၊ ကျေးဇူးရှင်များ၊ ဒေသန္တရသာသနာ၊ ဂျက်ဆွီစ်အဆင့်မြင့် ပညာရေးအဖွဲ့တို့၏အ ကူအညီဖြင့်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။ လက်ရှိ၌သင်တန်းကျောင်း၏ ကျောင်းအုပ်မှာ ဂျက်ဆွီစ်ဖာသာရ် Vinai Boonlue ဖြစ်ပါသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3SFqsNT

Add new comment

11 + 0 =