ထိုင်းနိုင်ငံ၌ နွေရာသီဘုရားစကားတန်းသည်ကလေးများ၏ယုံကြည်ခြင်းပိုမိုခိုင်မာစေရန်ပြင်ဆင်ခြင်းဖြစ်

ထိုင်းနိုင်ငံ၌ နွေရာသီဘုရားစကားတန်းသည်ကလေးများ၏ယုံကြည်ခြင်းပိုမိုခိုင်မာစေရန်ပြင်ဆင်ခြင်းဖြစ်

ထိုင်းနိုင်ငံ၌ နွေရာသီဘုရားစကားတန်းသည်ကလေးများ၏ယုံကြည်ခြင်းပိုမိုခိုင်မာစေရန်ပြင်ဆင်ခြင်းဖြစ်

          ထိုင်းနိုင်ငံ၌ နွေရာသီဘုရားစကားသင်ကြားခြင်းအစီအစဉ်ကို ပြီးခဲ့သောရက်အနည်း ကပင် စတင်နေပြီဖြစ်သည်။  ဤနွေရာသီ ဘုရားစကားသင်တန်းသည် ထောင်နှင့်ချီသော ကလေးများ အတွက် မိမိတို့၏ကက်သလစ်ယုံကြည်ခြင်း ကို ပိုမိုနက်ရှိုင်းစေရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

            ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာ၀င်အများဆုံးဖြစ်ပြီး၊ ကက်သလစ်ဘာသာ၀င် အနည်းငယ်သာ ရှိသောနိုင်ငံဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏ယုံကြည်ခြင်းကို ထိန်းသိမ်းနိုင်ရန် ကျိုးစားအား ထုတ်နေ ကြသည်။ ဤစိန်ခေါ်မှုကြီး၌ သာသနာ တော်သည် ဘုရားစကားပုံမှန်သင်ကြားပြီး ယုံကြည်ခြင်းကို လေးနက်အောင် နည်းလမ်းသစ်များကိုရှာဖွေလျှက်ရှိသည်။ ကက်သလစ်စာသင်ကျောင်း များနှင့် သာသနာအုပ်စုများက ဤလုပ်ဆောင်ချက်အချို့ကို ဖြည့်ဆည်းပေးလျှက်ရှိသည်။ ကက်သလစ်စာသင်ကျောင်းများ၌ တက်ရောက်နေသော ကက်သလစ်ကျောင်းသူကျောင်းသားများသည် ဘုရားစကား သင်ကြားခြင်းကိုလည်း ပြဌာန်းချက်၏တစ်စိတ်တစ်ပိုင်း၌ပါသည်။ သို့သော် ကက်သလစ် ကျောင်းများမတက်ရောက်နိုင် သောကလေးများအတွက်မှာမှု သာသနာအုပ်စု၌စီစဉ်ပေးထားသော နေ့စဉ်ဘုရားစကားတန်းကိုတက်ရောက်ကြသည်။      

            သာသနာအုပ်စုများ၌ သီလရှင်များနှင့်ကျောင်းထိုင်ဘုန်းတော်ကြီးတို့ကဦးစီး၍ ဘုရားစကားကို မစ္ဆားတရားပူ ဇော်ခြင်းအပြီး၌ သင်ကြားပေးလျှက်ရှိသည်။ သို့သော် ထိုင်းနိုင်ငံ၌ ဘုရားစကား သင်ကြား သည် အခြေအနေသည် လျင် မြန်စွာပြောင်းလဲလျှက်ရှိသည်။ ကလေးမွေးနှုန်းသည်ကျဆင်းလာသည်။ မိသားစုများသည် ရေကြည်ရာ၊ မျက်နုရာသို့ရွေ့ ပြောင်းလုပ်ကိုင်စားသောက်နေကြသောကြောင့် ဘာသာတူများအား ၄င်းတို့၏ယုံကြည်ခြင်းထိန်းသိမ်းနိုင်စေရန် ချဉ်း ကပ်နည်းသစ်များ လိုအပ် လာသည်။ ဤလိုအပ်ချက်ကို နွေရာသီဘုရားစကားသင်တန်းအစီအစဉ်ဖြင့်ပြန်လည်ကာမိစေ ရန်လုပ်ဆောင်လာရသည်။

            နွေရာသီရက်ရှည်ကျောင်းပိတ်ရက်စတင်လိုက်သည်နှင့်သာသနာအုပ်စုအသီးသီးများ၌ အသက်အရွယ်၊ အတန်း လိုက်ဘုရားစကားသင်ကြားခြင်းအစီအစဉ်များရေးဆွဲ၍ ဘုရားကျောင်း ၀င်းအတွင်း၌တစ်နေ့ကုန်နေထိုင်စေသည်။ ဤ အစီအစဉ်သည် (၃) ပတ်မှ (၄) ပတ်အထိကြာသည်။ ဤအတောအတွင်း ကလေးများအား အိမ်သို့မပြန်စေဘဲ ကျောင်း အိပ်ကျောင်းစာအဖြစ်ထားလေ့ရှိသည်။   

            နွေရာသီဘုရားစကားသင်တန်းသည် အလွန်ထူးခြားသောအတွေ့အကြုံကိုရစေသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် အဖွဲ့လိုက်စု၍နေထိုင်ရသည်။ အတူတူလေ့လာကြရသည်။ ပျော်စရာအစီအစဉ်များစွာကို အတူစုပေါင်း ၍လုပ်ဆောင်ရသည်။ နေ့စဉ်အိမ်မှုကိစ္စများဖြစ်သော တံမြတ်စည်းလှဲခြင်း၊ ပန်းကန်ဆေးခြင်း၊ အိမ်သာသန့်စင်ခြင်း၊ အမှိုက်ကောက်ခြင်းစသော အလုပ်များကို၄င်းတို့ကိုယ်တိုင်လုပ်ဆောင်ရင်း အစေခံခြင်း၏တန်ဖိုးကိုလည်း ဘုရားစကား သင်ကြားရင်း သင်ကြားကြရသည်။ ကလေးများအတွက်သာ အတွေ့အကြုံထူးမဟုတ်။ ကလေးများအားသင်ကြားရ သောပို့ချသူများ၊ ကလေးများအားထိန်းကျောင်းရသူများအတွက်လည်း အတွေ့အကြုံထူးများကိုရသည်။    

          ဘန်ကောက်မြို့ရှိ ရဟန်းဖြစ်တက္ကသိုလ်နှင့်ဓမ္မဆရာသင်တန်းကျောင်းမှ အစီအစဉ်ပေးသည်။  ၄င်းတို့သည် အနာ ဂတ်၌ဘုရားစကားကိုအဘယ်သို့သင်ကြားမည်၊ စိတ်၀င်စားအောင် ခေါင်းစဉ်ကို အဘယ်သို့ ပေးမည်၊ ကလေးများ၏စိတ် ၀င်စားမှုကိုအဘယ်သို့ ထိန်းထားရမည်၊ ဘုရားစကားတန်း၌ ကလေးများပျော်အောင် အဘယ်သို့စီစဉ်မည် စသည်တို့ကို ပြင်ဆင်ရေးဆွဲရသည်။ ဤသို့ဖြင့် ရဟန်း လောင်းကိုရင်များ၊ ဓမ္မအမှုတော်ဆောင်မည့်သူများသည် ၄င်းတို့၏အမှုတော်ကို ပိုမိုထိရောက်စွာ ဆောင်နိုင်မည်။ ၄င်းတို့၏ခေါ်တော်မှုခြင်းသည်လည်း ပိုမိုခိုင်မာမှန်ကန်လာမည်။

          နွေရာသီဘုရားစကားတန်းများ၌ သာသနာအုပ်စုမှဘာသာတူများလည်း လိုအပ်သည့်နေရာများ၌ ၀င်ရောက်ပါ၀င် ကူညီကြသည်။ ကလေးများကိုကူထိန်းပေးသည်။ ထမင်းဟင်းပြင် ဆင်သည့် အပိုင်း များ၌ကူညီကြသည်။ အချို့ဘုရားစ ကားသင်ကြားပေးသည်။ အချို့၄င်းတို့တတ်ကျွမ်းသော အတတ် ပညာများကိုပြန်လည်ဝေမျှပေးသည်။

           Phetchabun  လုဒ်မယ်တော် သာသနာအုပ်စု၌ ဘုရားစကားတန်းတက်ရောက်နေသောကလေး (၃၀) ရှိသည်။ နွေရာသီဘုရားစကား တန်းကို မတ်လ (၂၈) ရက်နေ့ကစတင်ခဲ့ပြီး၊ ဧပြီလ (၁၇) ရက်နေ့၊ ပါစကားပွဲတော်နှင့်အဆုံးသတ် မည်ဖြစ်သည်။ ဘုရားစကားသင်ကြားပေးရန်အတွက် ရဟန်းလောင်း ကိုရင် (၃) ပါးနှင့်ဦးဆောင်ပေးမည့်လူငယ် ခေါင်း (၄) ဦး၊ ကျောင်းဆရာဆရာမ (၃) ဦး၊ သီလရှင် တစ်ပါးနှင့်ဘာသာတူအချို့ ကူညီကြမည်ဖြစ်သည်။ ကိုးဗစ် (၁၉) ကူစက်ရောဂါ ကြောင့် ပုံမှန်နွေရာသီဘုရားစကားသင်တန်းရပ်နားထားခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး၊ ယခုနှစ်နွေရာသီမှ ပြန်လည်စတင်ရ သောကြောင့် ကလေးများအဖို့ ပြောမပြနိုင်သောပျော်ရွှင်မှုကိုရရှိကြပြီး၊ မိတ်သစ်ဆွေသစ်များလည်းတိုးပွားကြပေဦးမည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wWRRDI

Add new comment

11 + 7 =