Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ထိုင်းနိုင်ငံမှကက်သလစ်သာသနာတော်ကြီးသည် ကိုဗစ် (၁၉) လူနာများအားကူညီ
ထိုင်းနိုင်ငံမှကက်သလစ်သာသနာတော်ကြီးသည် ကိုဗစ် (၁၉) လူနာများအားကူညီသယ်ယူ
ထိုင်းနိုင်ငံတစ်၀ှမ်းရှိ ကက်သလစ်သာသနာများနှင့်သာသနာအုပ်စုများရှိယာဉ်များကို ကိုးဗစ် (၁၉) ပိုးကူး စက် ခံလူနာများအားသယ်ယူပို့ဆောင်ရန်အတွက်လည်းကောင်း၊ အဆောက်အဦးများအား ကုသဆောင်၊ စောင့် ကြည့်လူနာဆောင်များ၊ ယာယီဆေးရုံများအဖြစ်အသုံးပြုနေကြသည်။ အရှေ့တောင်အာရှအတွက်စီးပွားရေးအ ချက်အချာကျသော ဘန်ကောက်ဂိုဏ်းချုပ်သာသနာအနေဖြင့် ယခုလ (၆) ရက်နေ့က ကုတင် (၆၃၀) ဆန့်သော အဆောက်အဦးတစ်ခုကို ကိုးဗစ်စောင့်ကြည့်လူနာဆောင်အဖြစ် အစိုးရအားသုံးခွင့်ပြုလိုက်သည်။ ‘လူသားတွေပို ဒုက္ခရောက်လေ၊ ချစ်ခြင်းမေတ္တာ၊ သနားခြင်းနဲ့ေ၀မျှခြင်းပိုလိုအပ်တယ်’ ဟု ဘန်ကောက်ဂိုဏ်းချုပ်သာသနာ၏ ကာဒီနယ်ဖရန်စစ်ဇေးဗီးယား Kriengsak Kovithavanich က ကက်သလစ်သတင်းဌာနတစ်ခုဖြစ်သော LiCAS သို့ပြောကြားခဲ့သည်။
အသုံးပြုခွင့်လွှဲအပ်ပေးသည့်အခမ်းအနား၌ ကာဒီနယ်က ‘ကပ်ရောဂါဆိုးကြီးသည် ကျွန်ုပ်တို့အားလုံးကို ေ၀ဒနာယူဆောင်လာခဲ့သည်။ အထူးသဖြင့် ချို့တဲ့နွမ်းပါးသူများ၊ ၀င်ငွေနည်းပါးသူ၊ လုံး၀မရှိသူများ၊ အလုပ်အကိုင် မဲ့နေသူများ၊ မျှော်လင့်ချက်လုံး၀မဲ့သွားကြသူများအတွက်အလွန်ဆိုး၀ါးစေသည်။ ယေဇူးသခင်သည် လူသားများကို ချစ်သည်။ သူ၏တပည့်တော်ကြီးများဖြစ်သောကျွန်ုပ်တို့အားလည်း ထိုဒုက္ခများနှင့်ကြုံတွေ့ခံစားနေရသော သူများ နှင့်ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကိုေ၀မျှရန် အလိုတော်ရှိမည်ဟု ကျွန်ုပ်ယုံကြည်ကြောင်း၊ ကပ်ရောဂါကျရောက်နေ သောလပေါင်းများစွာအတောအတွင်း ထိုင်းနိုင်ငံရှိကက်သလစ်သာသနာအနေဖြင့် ဆိုးရွားစွာခံစားရသော အဖွဲ့အ စည်းများ၊ အထူးသဖြင့် ကျန်းမာရေးအခက်အခဲရှိသောမိသားစု၊ နေရာများ၌ ဘုရားကျောင်းများနှင့်အခြားသော အသုံးတည့်သည်အရာများ၊ နေရာများကို ပိုးစစ်ဆေးသည့်နေရာ၊ ကာကွယ်ဆေးထိုးနှံသည့်နေရာများအဖြစ် အသုံး ပြုစေခဲ့သည်။
ဘန်ကောက်မြို့တော်ကြီး၌ Most Holy Redeemer, or Redemptorists (သန့်ရှင်းသောကယ်တင်ရှင်) အဖွဲ့သည် Malta အဖွဲ့နှင့်မိတ်ဖက်အဖြစ်ပေါင်းကာ ကိုးဗစ် (၁၉) လူနာများကိုသယ်ယူပို့ဆောင်ပေးလျှက်ရှိသည်။ Most Holy Redeemer အဖွဲ့ခရိုင်ဆေးရုံ၌ ကိုးဗစ်ပိုးရှိမရှိစစ်ဆေးရာ၌လည်းကောင်း၊ ဆေး၀ါးပစ္စည်းများပေး ေ၀ရာ၌လည်းကောင်းကူညီနေခဲ့သည်။ ဇာဗေးရီယန်သာသနာပြုများသည်လည်း မြို့တွင်းရှိချို့တဲ့နွမ်းပါးသူများ အားစားစရာများေ၀ဌာခြင်းနှင့်လော့ဒ်ဒေါင်းကာလ၌ ‘ခိုနားရာကရုဏာရိပ်သာ’ များကိုလည်းဖွင့်လှစ်လက်ခံခဲ့ သည်။
ဘန်ကောက်ဂိုဏ်းချုပ်ကာဒီနယ်သည် (၂၀၂၁၊ ဩဂုဏ်လ (၆) ရက်နေ့က Surasak Charoensirichot အဆောင်ကို ကုတင် (၆၃၀) ဆန့်သော လူနာများထားရှိရာနေရာအဖြစ် Nakorn Pathom ပြည်နယ်အစိုးရအား အသုံးပြုစေခဲ့သည်။ ကာဒီနယ်၏အကူအညီဖြင့် ‘အောဘလေ့စ်’ အသင်းသည်လည်း ရွာများ၊ အခြေခံစားသောက် ကုန်များပြတ်လတ်နေသောသူများအား စားစရာများကိုေ၀မျှပေးခဲ့သည်။ ‘ကျွန်ုပ်တို့သာသနာနယ်အတွင်းနှင့်ရွာ များရှိ ဒုက္ခရောက်နေသူများကိုမိမိတို့နှင့်မဆိုင်သကဲ့သို့နေ၍မရ။ အကူအညီလိုအပ်သူများကို နည်းလမ်းရှာဖွေ၍ကူ ညီပေးရသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများကိုမကူညီ၍မရ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့ သည်ပို၍ခံရသူများဖြစ်ကြသည်’ ဟု ‘အိုဘလော့စ်’ အသင်း၀င်ဖာသာရ် June Ongart ကရှင်းပြသည်။ ဩဂုတ်လ (၉) ရက်နေ့ကပင် ကိုးဗစ်ကြောင့်သေဆုံးသူ (၁၄၉) ဦးရှိခဲ့ပြီး၊ ပိုးတွေ့ရှိလူနာအသစ် (၁၉၆၀၃) ဦးရှိကြောင့် ဤအ ရေအတွက်သည် လွန်ခဲ့သော (၂၄) နာရီကထုတ်ပြန်ကြေညာချက်ဖြစ်သည်။ ယခင်နှစ် ကပ်ရောဂါဘေးဆိုးကြီးကျ ရောက်ချိန်မှစ၍ ကိုးဗစ်ကူးစက်ခံရသောလူနာစုစုပေါင်း (၇၇၆၁၀၈) ရှိခဲ့ပြီး၊ ပြန်လည်ကျန်းမာလာသူ (၅၅၅၃၃၄) ဦးရှိခဲ့သည်ဟုမှတ်တမ်း၌ဖော်ပြထားသည်။
Ref:CNA
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment