ထိုင်းနိုင်ငံမှကက်သလစ်ဘာသာတူ ဘဏ်လုပ်ငန်းရှင်ကြီး အသက် (၈၈) နှစ်၌ကွယ်လွန်

ထိုင်းနိုင်ငံမှကက်သလစ်ဘာသာတူ ဘဏ်လုပ်ငန်းရှင်ကြီး အသက် (၈၈) နှစ်၌ကွယ်လွန်

ဘန်ကောက်ဘဏ်သည် ထိုင်းနိုင်ငံ၏အကြီးမားဆုံးသော စီးပွားရေးဘဏ်တစ်ခုဖြစ်သည်။ အဆို ပါဘဏ်၏ဥက္ကဌမှာ Peter Piti Sithi-amnuai ဖြစ်သည်။ သူသည် အလှူအတန်းအလွန်ရက်ရောသော ကက်သလစ်ဘာသာတူတစ်ဦးလည်းဖြစ်သည်။ သူသည် စက်တင်ဘာလ (၃၀) သောကြာနေ့က အသက် (၈၈) နှစ်တွင် နှလုံးရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်။ သူသည် ဘီဘီအဲလ်၏ဘုတ်အဖွဲ့၀င်လည်ဖြစ်ပြီး၊ ဒါရိုက်တာအဖြစ် (၃၇) ကြာဦးဆောင်သည်။ (၂၀၁၈) ၌ဥက္ကဌအဖြစ်လည်းရွေးချယ်ခံခဲ့ရသည်။ သူသည် ထိုင်နိုင်ငံ ကက်သလစ်သာသနာအတွက်အဓိကအလှူရှင်တစ်ဦးဖြစ်သကဲ့သို့ LiCAS အာရှသတင်းဌာန အားလည်းထောက်ပံ့ပေးနေသူလည်းဖြစ်သည်။ LiCAS သတင်းဌာန၏လုပ်ဆောင်ချက်သည် ဧ၀ံဂေလိ သတင်း၏အခြေခံလုပ်ဆောင်ချက်အဖြစ်မြင်ကြောင်း၊ ထို့ကြောင့် ပြောရေးဆိုခွင့်မဲ့နေသူများအတွက်အသံပြုပေးသောသတင်းဌာနတစ်ခု၊ ဆင်ခြေဖုံးဒေသများ၌ရှိသူတို့အတွက် မျှော်လင့်ချက်ဖြစ်စေရန်အရေးကြီးကြောင်း LiCAS သတင်းဌာနနှင့်စပ်လျင်း၍ပြောကြားခဲ့ဖူးသည်။

အစေခံသောခေါင်းဆောင်းဆောင်တစ်ဦး၊ ဘ၀တစ်လျှောက်လုံးသင်ယူလာခဲ့သူ

သူသည် စံပြုထိုက်သော ဘာသာတူကောင်းတစ်ဦးဖြစ်ပြီး၊ အလွန်ကြင်နာတတ်သောနှလုံးသား ရှိသူဖြစ်ကြောင်း LiCAS သတင်းဌာနကိုတည်ထောင်သူ၊ ကမ္ဘာတစ်၀ှမ်းလုံးနှင့်ဆိုင်သော UNDA ၏ဥက္က ဌအဖြစ်ဆောင်ရွက်ချဲ့သော Chainarong Monthienvichienchai ကပြောကြားခဲ့သည်။ သူသည် ဘုရားကျောင်းဆောက်လုပ်ရန်အတွက်လိုအပ်သောငွေကြေးထောက်အပံ့များစွာကိုလည်းကူညီပေးခဲ့သည်။ သာသနာအတွင်းရှိသူများအား ၄င်းတို့၏ယုံကြည်ခြင်းကိုထုတ်ဖော်ပြခွင့်ရှိအောင်မလုပ်ဆောင်ပေးသော နှစ်ဟူ၍မရှိစေနှင့်ဟုမကြာခဏတိုက်တွန်းနိုးဆော်လေ့ရှိသည်။ သူသည် (၂၀၁၃) ခုနှစ်မှစ၍နောက်ဆုံး ရွေးချယ်ခန့်အပ်ခံရသည့်အချိန်အထိသူသည် မလေးရှား၌ဖွင့်လှစ်ထားသော Bangkok Bank Berhad (ဘန်ကောက်) ဘဏ်ဥက္ကဌလည်းဖြစ်သည်။

သူသည်အလွန်ရိုးရှင်းသောပုဂ္ဂိုလ်၊ အလွန်ရိုးရှင်းသောခေါင်းဆောင်ဖြစ်သည်။ အကျိုးရှိအောင် လုပ်ဆောင်ခဲ့ကြောင်း သူကျောင်းတက်ရောက်ခဲ့သော မိခင်ကျောင်းတော်ကြီး Asian Institute of Management ၏တွေ့ဆုံမေးမြန်းခန်း၌ဖြေဆိုခဲ့သည်။ ခေါင်းဆောင်ဟူသည် ဟိတ်ဟန်ကိန်းခန်းကြီးမား သူများဟုထင်မြင်ကြသည်။ လက်တွေ့၌ထိုသို့မဟုတ်။ အားလုံး၏အစေခံဖြစ်သည်။ သင့်နိုင်ငံသား၊ လူ မျိုးအတွက်အစေခံဖြစ်လာသည်။ ခေါင်းဆောင်ဆိုသည်မှာထိုသို့ဖြစ်သည်။ ထို့ကြောင့်ခေါင်းဆောင်မှုဟု ဆိုရာ၌ သူတစ်ပါး၏အစေကိုခံခြင်းဖြစ်သည်။ ခေါင်းဆောင်ဟူသည် နေ့စဉ်ဦးဆောင်ရသည်။ သင် လည်းသင်ယူရသည်ဟုဆိုသည်။

စျာပနနှင့်နေ့စဉ်ဆုတောင်းခြင်းအစီအစဉ်

နေ့စဉ်ဆုတောင်းခြင်းနှင့်စျာပနအခမ်းအနားကိုဘန်ကောက်မြို့ရှိ ‘Holy Redeemer Church’ ၌ အောက် တိုဘာ (၁) မှ (၇) ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး၊ စျာပနအခမ်းအနားကိုလည်း အဆိုပါဘုရားကျောင်းကြီး၌ပင် အောက်တိုဘာလ (၈) ရက်နေ့ (စိတ်ပုတီးသခင်မပွဲနေ့) ၌ကျင်းပမည်ဖြစ်ပါသည်။ ကွယ်လွန်သွားသူ၏မိသားစု များအနေဖြင့် ဆုတောင်းကိုသာပြုပေးကြရန်နှင့်လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းများပေးပို့ခြင်းကိုသီးခံပေးကြပါရန်မေတ္တာဖြင့်ပန်ကြားထားပါသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of LiCas News

https://bit.ly/3M7SuzN

Add new comment

1 + 1 =