ထိုင်းနိုင်ငံနေ့ကလေးထိန်းကျောင်းတိုက်ခိုက်ခံရခြင်းအတွက် ပုပ်ဖရန်စစ် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံနေ့ကလေးထိန်းကျောင်းတိုက်ခိုက်ခံရခြင်းအတွက် ပုပ်ဖရန်စစ် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ယမန်နေ့က ထိုင်းနိုင်ငံမှာရှိတဲ့ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းတိုက်ခိုက်ခံရပြီး အပြစ်မဲ့ ရင်သွေးငယ်လေးများအပါအဝင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒီသတင်းကို ကြားသိရတဲ့အတွက် လွန်စွာထိခိုက်ကြေကွဲရကြောင်း၊ ပြောစရာစကားလုံးမရှိအောင်ကို ဖြစ်ရတဲ့ ဒီအကြမ်းဖက်မှုကြောင့် ဝမ်းနည်းကြေကွဲနေကြတဲ့ ကျန်ရစ်သူမိသားစုများအားလုံး နဲ့ထပ်တူခံစားရကြောင်းနဲ့ ဆုတောင်းမေတ္တာအားဖြင့်အတူရှိနေမည်ဖြစ်ကြောင်းကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

ထိုအခင်းဟာ ထိုင်းနိုင်ငံ ၊ ဘန်ကောက် အရှေ့မြောက်ရှိ နေ့ကလေးထိန်း ကျောင်းတစ်ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကလေးငယ် ၂၃ ဉီးအပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း၊

ရဲများ၏စုံစမ်းစစ်ဆေး ချက်အရ၊ အကြမ်းဖက်တိုက်ခိုက်သူဟာ ရဲထွက်တစ်ဉီးဖြစ်ပြီး သမိုင်းမှာ လူတစ်ဉီးတစ်ယောက်ထဲကနေ အစုလိုက်အပြုံလိုက် ကလေးများကို သတ်ဖြတ်ခြင်းမှာ အဆိုးဆုံးဖြစ်တယ်လို့ဆိုပါတယ်။

ဒီအတွက် အတွင်းရေးမှူးကာဒီနယ် ပီယဲ့ထရိုပယ်ရိုလင်း လက်မှတ်ရေးထိုးထားပြီး ပါးပါးဖရန်စစ် ရဲ့ ကြေးနန်းမှာ အင်မတန်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ မိသားစု တွေအတွက် ဆုတောင်းမေတ္တာဖြင့် နှစ်သိမ့်ပါကြောင်း ဆိုပါတယ်။

အခုလို ကြေကွဲခံစားနေရချိန်မှာ မိသားစုများအနေနဲ့ မိမိတို့ ချစ်ခင်ရသူများထံမှသော်လည်းကောင်း၊ နိုင်ငံသားများထံမှသော်လည်းကောင်း၊ ခွန်အားပေးမှုနဲ့ ပံ့ပိုးမှုများရရှိနိုင်ပါစေကြောင်း ဆိုကာ နောက်ဆုံးမှာတော့ ငြိမ်းချမ်းခြင်းနဲ့ ကောင်းမြတ်ခြင်းတို့အစဉ် စိုးစံပါစေမည့်အကြောင်း ကောင်းကြီးပေးရင်း သဝဏ်လွှာကို အဆုံးသတ်ထားတာဖြစ်ပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3ypwMSl

 

 

Add new comment

10 + 2 =