ထိုင်းကက်သလစ်သာသနာသည် FABC ညီလာခံ သို့တက်ရောက်လာကြသူများ ၏ချီးမွမ်းခြင်းကိုခံရ

ထိုင်းကက်သလစ်သာသနာသည် FABC ညီလာခံ သို့တက်ရောက်လာကြသူများ၏ချီးမွမ်းခြင်းကိုခံရ

ချီးမွှမ်းထိုက်သူကိုချီးမွှမ်းခြင်းသည် မင်္ဂလာတစ်ပါးမည်ပါသည်။ FABC ခေါ်အာရှကက်သလစ် ဆရာတော်ကြီးများ၏အထွေထွေအစည်းအဝေးကြီးကျင်းပလာခဲ့သည်မှာတစ်ပတ်တင်းတင်းပြည့် လာတော့မည်ဖြစ်သည်။ ဤအစည်း အဝေးကို အောက်တိုဘာလ (၁၃) မှစတင်ခဲ့ပြီး အောက်တိုဘာ (၃၀) မှအဆုံးသတ်မည်ဖြစ်သည်။ ဤတစ်ပတ်တာသာရှိသေးသောကာအတွင်း၌ပင် အဆိုပါအစည်းအ ‌ေ၀းသို့တက်ရောက်နေကြသော ကိုယ်စားလှယ်များအနေဖြင့် ထိုင်းနိုင်ငံ ကက်သလစ်သာသနာတော် ကြီး ၏ဦးဆောင်မှု၊ ဘာသာတူများ၊ ထိုင်းပြည်သူများ၏လှိုက်လှဲဖော်ရွေ ဧည့်၀တ်ပျူဌာမှု၊ လိုလေသေးမ ရှိအောင်စီမံကြပ်မတ်ပေးမှုများကိုထိတွေ့ခံစားလိုက်ရသောကြောင့် ချီးမွမ်းခံလိုက်ရသည်။

ဘန်ကောက်ကာဒီနယ်၏ရင်တွင်းဖြစ်စကား

အစည်းအဝေးသို့တက်ရောက်လာကြသော ကိုယ်စားလှယ်တော်များအား ဧည့်ခံကြိုဆိုရေး အဖွဲ့ကိုဦးဆောင်သူမှာ ဘန်ကောက်ကာဒီနယ် Francis Xavier Kriengsak Kovidthavanij ဖြစ်သည်။ ကာဒီနယ်က ယခုကဲ့သို့ ဤအစည်းအဝေးကို ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်၌ကျင်းပခွင့်ရပြီး၊ ဧည့်သည်တော်ကြီးများအားဧည့်၀တ်ပြုရသောအခွင့်အခါသာမှုအတွက်ထိုင်းနိုင်ငံ ကက်သလစ်သာသနာတော်ကြီးအနေဖြင့်လွန်စွာ၀မ်းသာပီတိဖြစ်ရကြောင်း၊ အစိုးရလည်းအလွန်ပံ့ပိုးကူညီပေးကြောင်း၊ ယ ခုကျင်းပနေသောအစည်းအဝေး၏ အရေးကြီးမှု၊ အကျိုးရှိထိရောက်မှုကိုကောင်းစွာသဘောပေါက် ကြောင်း၊ ဤအစည်းအဝေးသည် အာရှတိုက်အတွင်းရှိ ကက်သလစ်သာသနာတော်ကြီး၏ အလွန် အရေးကြီးသောအစည်းအဝေးဖြစ်ကြောင်း၊ အစီအစဉ်များကိုလည်းသူတို့အားပေးပို့ထားခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ကက်သလစ်ဘာသာတူဦးရေအနေဖြင့် နိုင်ငံ၏ လူဦးရေနှင့်ယှဉ်လျှင်မဆိုစလောက်သော အ ရေအတွက်မျှသာဖြစ်သော်လည်း အစိုးရနှင့်ထိုင်းပြည်သူတို့သည် သာသနာတော်ကြီး၏ပံ့ပိုးပေးမှုကို လက်ခံကြိုဆိုကြကြောင်း၊ ကက်သလစ်သာသနာတော်ကြီးကို အသိအမှတ်ပြုကြောင်း၊ သာသနာတော်ကြီး မှကဏ္ဍအသီးသီး၌ နိုင်ငံဖွံ့ဖြိုးမှုအတွက် နိုင်သည့်ဖက်မှလုပ်ဆောင်ပေးနေမှုကိုလည်းနှစ်သက်ကြ ကြောင်း၊ (၁၉၈၄) ခုနှစ် ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏တမန်တော်ခရီးကြွရောက်ခြင်းနှင့် (၂၀၁၉) ရ ဟန်းမင်းကြီးဖရန်စစ်၏ တမန်တော်ခရီးကြွရောက်ခြင်း၊ (၂၀၂၂) FABC အစည်းအ‌ေ၀းကြီးတို့သည် လက်ရှိဆက်ဆံရေးကိုပိုမိုပွင့်လင်းကောင်းမွန်သွားစေကြောင်း၊ ကက်သလစ်သာသနာတော်ကြီး၏တမန် တော်လုပ်ငန်းများနှင့်စံတန်ဖိုးများကို ထိုင်းပြည်သူများပိုမိုသိရှိနားလည်လာကြောင်း၊ ယခုကဲ့သို့သော အ စီအစဉ်များကြောင့်သာသနာအတွက်ပိုမိုတာ၀န်ကြီးမားလာကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင် ငံအတွင်း ကက်သလစ်သာသနာကိုပိုမိုလက်ခံလာရန်နှင့်ယေဇူးသခင်၏ဧ၀ံဂေလိတရားကိုကြားသိစေရန် တိုးမြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်ကာဒီနယ်က အာရ်ဗီအေသတင်းဌာန၏မေးမြန်းချက် ကိုရှင်းပြခဲ့သည်။

အစည်းအ​ဝေးသို့တက်ရောက်ခဲ့ကြသူများ

ယခုတစ်ကြိမ်ကျင်းပသော အာရှကက်သလစ်ဆရာတော်ကြီး များ၏ အထွေထွေအစည်းအ ေ၀းကြီးသည် ဤအဖွဲ့တည်ထောင်ခြင်းနှစ် (၅၀) ပြည့် အခါသမယနှင့်လည်းကြုံကြိုက်နေသည်။ အစည်းအ ဝေးသို့ ကာဒီနယ် (၁၇) ပါး၊ ဆရာတော် (၂၀၀) ပါး၊ အာရှနိုင်ငံ (၂၉) ခုမှကိုယ်စားလှယ် များ၊ အခြား တိုက်ကြီးများ၏ ကက်သလစ်ဆရာတော်အဖွဲ့ချုပ်ကိုယ်စားလှယ်များ၊ ဥပမာအားဖြင့် ဥရော ပ၊ အာဖရိကနှင့်ဗာတီကန်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

အစည်းအ ဝေးသို့တက်ရောက်လာကြသူများကိုယ်စား ကျေးဇူးတင်ဂုဏ်ပြုစကား

အရှေ့တိုင်း Syro Malabar ၀ိနည်းကိုကျင့်သုံးသော အိန္ဒိယမှကာဒီနယ် George Alencherry ကထိုင်းကက်သလစ်သာသနာတော်ကြီးနှင့်ကက်သလစ်ဘာသာတူတို့၏အင်အားအလွန် ကောင်းသောသက်သေခံချက်ကိုချီးမွမ်းခဲ့သည်မှာ ‘သင်တို့သည် ဘာသာတူအနည်းငယ်သာရှိသောသာသနာမြေမဟုတ်။ သင်တို့သည် ဧ၀ံဂေလိတရားကို သက်သေခံရာ၌ အလွန်အင်အားကောင်းသောသာသ နာဖြစ်သည်။ ထို့ကြောင့်လည်း FABC အဖွဲ့အစည်း၏ ရွှေစင်ဂျူဗလီနှင့်ယှဉ်တွဲကျင်းပသော အစည်းအ ‌ေ၀းကြီးကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခြင်းဖြစ်သည်။ သင်တို့၏ဆက်ကပ်မှု၊ ရက်ရောမှု၊ ဧည့်၀တ် ကျေပြွန်မှုများသည် အစည်းအဝေးတက်ရောက်သောသူအားလုံးအား အံ့အားသင့်သွားစေခဲ့သည်။ သင်တို့၏ လစ်ဟင်းမှုမရှိအောင်အသေးစိပ်ကျမှု၊ စွမ်းဆောင်နိုင်မှု၊ သင်တို့၏စီစဉ်ဆောင်ရွက်နိုင်မှုတို့ သည် သင်တို့အဘယ်မျှညီညွှတ်ကြသည်ကိုလည်းကောင်း၊ ထိုင်းကက်သလစ်သာသနာတော်ကြီး၏အင် အားကိုလည်းကောင်းပြသကြောင်း’ အစည်းအ ဝေး တက်ရောက်သောကိုယ်စားလှယ်များကိုယ်စား ပြောကြားကျေးဇူးတင်ချီးကျူးစကားဆိုခဲ့သည်။

Baan Pu Waan-
အစည်းအ‌ ဝေးကျင်းပသည့်နေရာ

အလွန်သာယာပြီး လေးကောင်းလေသန့်များတိုး‌ေ၀ှ့လာနိုင်သော အပြောကျယ်သည့်ဘန် ကောက်ဂိုဏ်းချုပ်သာသနာ၏ သာသနာ့ဗဟိုသည် Samphran ၌ရှိသည်။ တည်နေရာအတိအကျကိုမူ Baan Pu Waan ဟုခေါ်သည်။ တိုက်ရိုက်ဘာသာပြန်ရပါက ‘မျိုးစေ့ချရာနေရာ (သို့) ပျိုးဥယျာဉ်’ ဟုဆို လိုသည်။ ထိုနေရာ၏တာ၀န်ခံမှာဖာသာရ် Peter Suphot Roeksujarit ဖြစ်သည်။ ဤနေရာကို (၁၉၉၅) ကာဒီနယ် Michael Meechai Kitbunchoo ကစတင်ခဲ့ကြောင်း၊ စတင်ရသည့်ရည်ရွယ်ချက်မှာ ဧ၀ံဂေလိ တရားကိုဟောကြားရန်မှာ ပြုပြင်ပုံသွင်းသည့်နေရာလိုအပ်ချက်ကွက်လပ်ကိုဖြည့်ရင်း သာသနာနယ်၏ ဘာသာရေး၊ ပညာရေး၊ လူမှုရေးများကိုလည်းအထောက်အကူဖြစ်စေရန်နှင့်ဒေသအတွက်လည်းကောင်း ကျိုးများထွက်ပေါ်လာစေရန် ရည်ရွယ်ခဲ့ကြောင်း တာ၀န်ခံဘုန်းကြီးကရှင်းပြခဲ့သည်။

‘Phu Waan’ ၏အဓိပ္ပါယ်ကား ‘မျိုးကြဲသူ’ ဖြစ်သည်။ ဤအမည်ကို ဂိုဏ်းချုပ်ဆရာတော် Joseph Khiamsun Nittayo ကသူ၏ကလောင်အမည်ကိုယူ၍ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ၏ပထမဦး ဆုံးသောဂိုဏ်းချုပ်ဆရာတော်ဖြစ်ပြီး ဘန်ကောက်သာသနာမှဖြစ်သည်။

‘မျိုးကြဲသူ’ ၏အစမူလမှာ ဧ၀ံဂေလိကျမ်းစာထဲမှ ‘မျိုးကြဲသူ’ ပုံဥပမာထဲမှအခြေခံလာသည်။ ဤနေရာ၏ရည်ရွယ်ချက်ကိုပြန်ကောက် ရသော် ဤနေရာသည် အရပ်ရပ်သို့သွား၍ လူမျိုးတကာတို့၏စိတ်ထဲ၌ ဘုရားသခင်၏နှုတ်တော်ထွက်စ ကား မျိုးစေ့ကြဲမည့်သူများအားပြုစုပျိုးထောင်ရာဗဟို’ ဟုဆိုလိုကြောင်းရှင်းပြခဲ့သည်။

လွန်ခဲ့သော (၂၇) နှစ်ခန့်က ဤနေရာကို အစည်းအ ဝေးပြုလုပ်သည့်နေရာ၊ ရဟန်းလောင်း ကိုရင်များ၊ ဧ၀ံဂေလိဟောကြားရန်အတွက်ပြင်ဆင်ပေးသည့်နေရာ၊ သမ္မာကျမ်းစာပို့ချပေးသည့်နေရာ၊ သာသနာအတွင်း ကျောင်းများ၊ တက္ကသိုလ်များ၊ အစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက္ကအဖွဲ့အစည်းများ စသည် ဖြင့်လာရောက်ကာ ဥပုသ်သီလစောင့်တည်သည့်နေရာအဖြစ်အသုံးပြုခဲ့သည်။ ယခင်ကလည်း FABC ကဲ့သို့သော နိုင်ငံတကာအဆင့်ရှိအစည်းအဝေးများကိုလက်ခံကျင်းပခဲ့ဖူးကြောင်း၊ ဤနေရာကို ယခု ကဲ့သို့သော နိုင်ငံ တကာအဆင့်ရှိ အစည်းအဝေးများကိုလက်ခံကျင်းပနိုင်ရန်ရည်ရွယ်၍ ဘန်ကောက် ကာဒီနယ်၏ဦးဆောင်မှုအောက်၌ ပြန်လည်မွမ်းမံခဲ့သည်မှာ တစ်နှစ်ကျော်သာရှိသေးကြောင်းရှင်းပြခဲ့ သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Vzw1Qm

 

Add new comment

4 + 5 =