ထိုင်နိုင်ငံအနေဖြင့်ပြောင်းရွေ့လုပ်သားများကိုအလုပ်ပြန်လည်စတင်နိုင်ရန်စီစဉ်

ထိုင်နိုင်ငံအနေဖြင့်ပြောင်းရွေ့လုပ်သားများကိုအလုပ်ပြန်လည်စတင်နိုင်ရန်စီစဉ်

ထိုင်နိုင်ငံအနေဖြင့်ပြောင်းရွေ့လုပ်သားများကိုအလုပ်ပြန်လည်စတင်နိုင်ရန်စီစဉ်

ကိုဗစ် (၁၉) ကပ်ရောဂါကြောင့် မိမိတို့မိခင်ဌာနေသို့ပြန်သွားစေခဲ့သောပြောင်းရွေ့လုပ်သားများကိုလာမည့်အပတ်ထဲ၌ ထိုင်းနိုင်ငံသို့ပြန်လည် ၀င်ရောက်ခွင့်ပြု၍လုပ်ငန်းများပြန်လည်လည်ပတ်စေတော့မည်ဖြစ်သည်။ ဤသို့စီစဉ်သည်ကိုကြည့်ခြင်း ဖြင့်ထိုင်းနိုင်ငံအနေဖြင့်ကိုဗစ် (၁၉) ၏ဘေးမှရုန်းထွက်နိုင်လိုက်သည့်သဘောကိုပြနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည်နိုင်ငံများစွာအနက်ဤရောဂါကပ်ဆိုးကြီးကိုထိန်းသိမ်းလိုက်နိုင်သည့်နိုင်ငံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရောဂါဖြစ်ပွားသူ (၃၂၅၀) ဦးရှိခဲ့သော်လည်း ရောဂါကြောင့်သေဆုံးခဲ့သူ (၅၈) ဦးသာရှိခဲ့သည်။

အထူးသဖြင့်ဆောက်လုပ်ရေးနှင့်စားသောက်ကုန်လုပ်ငန်းများ၌ လုပ်ကိုင်နေသောလုပ်သားများသည်ပြန်လာလိုက ကျန်းမာရေးစီစစ်မူများပြုလုပ်ပြီးနောက် ပြန်လည် ၀င်ရောက်ခွင့်ပြုတော့မည်ဖြစ်သည်။ ထို့အတူအာရှနိုင်ငံများသို့စီးပွားရေးကိစွများ၊ ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူများသည်လည်း၄င်းတို့အလုပ်လုပ်ကိုင်သောကုမဏီကိုတိကျစွာ ဖော်ပြ၍၀င်ခွင့်တောင်းခံလာပါခွင့်ပြုပေးသွားမည်ဖြစ်သည်။

 

ထိုင်းနိုင်ငံသို့ပြန်လည် ၀င်ရောက်လာမည့် ပြောင်းရွေ့လုပ်သားများအနေဖြင့် (၁၄) ရက်သီးသန့်စောင့်ကြည့် ခြင်းဌာန၌ နေရမည်ဖြစ်ကြောင်း၊ သူတို့၏အခြေ အနေကိုဖုန်းမှအသိပေးသွားမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမ္မဂ္ဂ၏ထုတ်ပြန်ချက်အရ မတ်လအကုန်၌ ကမ္ဘောဒီးယား၊ လော၊ မြန်မာနိုင်ငံမှပြောင်းရွေ့အလုပ်သမား သိန်းနှင့်ချီ၍မိမိတို့ဒေသသို့ပြန်သွားခဲ့ကြကြောင်း၊ သို့သော်ဤသို့ပြန်သွားခဲ့သောကြောင့်ဘန်ကောက်အနေဖြင့်လည်းလုပ်ငန်းများအ တော်ရပ်တန့်သွားခဲ့ကြောင်း၊ ဘန်ကောက်မြို့ကြီးပင်လျှင်ကိုဗစ် (၁၉) ကိုကြောက်၍လုံး၀ ပိတ်လိုက်ခြင်းမဟုတ်ဘဲအချို့အပိုင်းကိုသာပိတ်ခဲ့သော်လည်းအတော်ခက်ခဲ့သွားခဲ့ရကြောင်း၊ ပြောင်းရွေ့လုပ်သားများအလုပ်လက်မဲ့ဖြစ်သွားခဲ့ရ၊ အလုပ်ရှင်များကလည်းလုပ် ငန်းကျွမ်းကျင်ပြီးသော၀န်ထမ်းများပြန်မရမည်ကိုစိုးရခြင်း ၊ အလုပ်ဗီဇာများလည်းသက်တမ်းကုန်ဆုံးသွားမည်ကိုစိုးရိမ်ရခြင်းစသောအကြောင်းများသည် ရွေ့ပြောင်း၀န်ထမ်းများ အားပြန်လည်ခေါ်ယူရန်လည်းဖြစ်လာစေခဲ့သည်။

မှန်းချေအရ (၂၀၁၉၊ ဒီဇင်ဘာလ) အထိ ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသောရွေ့ပြောင်းဦးရေ (၂၇၈၈၃၁၆) ရှိခဲ့ပြီး၊ စာရွက်စာ တမ်းမရှိသူများအဘယ်မျှရှိမည်မသိရပေ။ လူ့အခွင့်အရေးဆိုင်ရာကုလသမ္မဂ္ဂ၏ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှ၌ ကိုဗစ် (၁၉) ကြောင့်သန်းချီသောပြောင်းရွေ့များသည် ကျန်းမာရေးစောင့်ရှောက်မူကောင်းစွာမရရှိခဲ့ဟုဆိုပါသည်။ ပြောင်းရွေ့အလုပ်သမားများအလုပ်လက်မဲ့ဖြစ်သွားကြသော်လည်း ၄င်းတို့၏စား၀တ်နေရေးအတွက်ထောက်ပံ့ပေး မည့်အစိုးရ၏အစီအစဉ်တွင် ၄င်းတို့မပါကြောင်း၊ ထောက်ပံ့မူမပြုပေးခြင်းသည်အလွန်ကြပ်တည်းသောအခြေအနေကိုဖြစ်ပေါ်စေကြောင်း၊ ကမ္ဘာ့ဘဏ်ကလည်း လာမည့် (၂၀၂၀) ၌ထိုင်းနိုင်ငံ၏စီးပွားရေးသည် ကိုဗစ် (၁၉) ကြောင့်လက်ရှိထက် ငါးရာခိုင်နှုန်းအထိကျဆင်းလာနိုင်ကြောင်းကြိုတင်ဟောထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

photo courtesy of : ANSA

https://bit.ly/2ZXUhkx

Add new comment

11 + 6 =