ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့ကြားတွင်ပြင်းအား ၅ ဒသမ ၈ ရှိတဲ့ငလျင်လှုပ်ခတ်

ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့ကြားတွင်ပြင်းအား ၅ ဒသမ ၈ ရှိတဲ့ငလျင်လှုပ်ခတ်

ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့ကြားတွင်ပြင်းအား ၅ ဒသမ ၈ ရှိတဲ့ငလျင်လှုပ်ခတ်

=========

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ၁၂ မိုင်အကွာ

ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့ကြားတွင် ယနေ့ နံနက်(၆)နာရီ(၁၅)မိနစ် ၄၁ second က မြေအောက်အနက်(၂၅)မိုင်ကိုဗဟိုပြု၍ ပြင်းအား မဂ္ဂနီကျူ့စ်(၅ ဒသမ ၈)အဆင့်ရှိ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုလှုပ်ခတ် သွားကြောင်း ဒေသခံချင်းမီဒီယာများ၏ ဖော်ပြချက်များအရသိရပါသည်။

အဆိုပါငလျင်အား ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကလေး၊ တီးတိန်၊ ဂန့်ဂေါ၊ India နိင်ငံ မီဇိုရမ်ပြည်နယ်အပြင် Bangladesh နိင်ငံကပါ သိသိသာသာခံစားရတယ်လို့လည်းသိရပါသည်။

နိုဝင်ဘာလ (၂၄) ရက်နေ့ကလည်း ချင်းပြည်နယ် ၊ ထန်ထလန်မြို့တွင် Thantlang Centenary Baptist Church (TCBC) ဘုရား‌ကျောင်းတစ်ခုအပါအ၀င် လူနေအိမ် ၄၉လုံး မီးလောင်ပြာကျသွာ သွားခဲ့သည်ဟုသိရှိရပါသည်။

စက်တင်ဘာ ၉ရက်နေ့မှစ၍ ယနေ့အချိန်ထိ ထန်တလန်မြို့တွင် ခရစ်ယာန်ဘုရားကျောင်း ၃ခုအပါအ၀င် အိမ် ၂၅၀ ကျော် မီးရှို့ ခံခဲ့ရကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရသိရပါသည်။

ချင်းပြည်နယ် ထန်တလန်မြို့ နှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး အမြန်ဆုံး ငြိမ်းချမ်းရန်အတွက် ဆက်လက်ဆုတောင်းပေးကြပါစို့။

Photo - CJ

Source : CNJ

Add new comment

10 + 10 =