တရုတ်ပြည် နှင့် ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီးရုံးတော် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာခြင်း

ဂိုဏ်းထောက် ဘုန်းတော်ကြီး စတီဖန်နို ရှီ ဟုန်းဝှေ့ Monsignor Stefano Xu Hongwei

တရုတ်ပြည် နှင့် ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီးရုံးတော် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာခြင်း
သြဂုတ်လ ၂၈၊ ၂၀၁၉

တရုတ်ပြည် နှင့် ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီးရုံးတော် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာခြင်းဟု ခေါ်ဆိုနိုင်သော အဖြစ်ပျက် တစ်ခုကို သြဂုတ်လ ၂၈ ရက်နေက တွေ့မြင်ခဲ့ရပါသည်။

သြဂုတ်လ ၂၈ ရက်နေက ဂိုဏ်းထောက် ဘုန်းတော်ကြီး စတီဖန်နို ရှီ ဟုန်းဝှေ့ Monsignor Stefano Xu Hongwei ကို တရုတ်ပြည် ဟန်ဇောင်း (ရှန်းဇီ) Hanzhong (Shaanxi)အတွက် လက်ထောက်ဆရာတော်အဖြစ် ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီး ရုံးတော် ထုတ်ပြန်ချက် အတိုင် လိုက်နာပြီး ခန့်အပ်ခဲ့ပါသည်။

ယခင်က တရုတ်ပြည်တောင်စု အစိုးရ၏ လမ်းညွန်ချက်အတိုင်း ဆရာတော် သိက္ခာ တင်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်၊
၂၀၁၈ ခု နှစ် စက်တင်ဘာလ ၂၂ ရက်နေ့က တရုတ်ပြည်သူသမ္မတ နိုင်ငံ နှင့် ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီး ရုံးတော် တို့ ဘေဂျင်း မြို့တွင် ဘာသာရေးဆိုင်ရာများ နှင့်ပတ်သက်ပြီး ယာယီသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ယခုကဲ့သို့ ဂိုဏ်းထောက် ဘုန်းတော်ကြီး စတီဖန်နို ရှီ ဟုန်းဝှေ့ Monsignor Stefano Xu Hongwei ကို တရုတ်ပြည် ဟန်ဇောင်း (ရှန်းဇီ) Hanzhong (Shaanxi)အတွက် လက်ထောကမဆရာတော်အဖြစ် ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီး ရုံးတော် ထုတ်ပြန်ချက် အတိုင် လိုက်နာပြီး ခန့်အပ်ခဲ့ခြင်းသည် ယင်း၏ အသီးအပွင့် အဖြစ် ခေါ်ဆိုနိုင်ပါသည်။

ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီး ရုံးတော် ထုတ်ပြန်ချက် အတိုင် လိုက်နာပြီး ဆရာတော်သိက္ခာတင်ခဲ့ကြောင်းကို ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီးရုံးတော် သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဥက္ကဋ္ဌ မှ သတင်းထောက်များ၏ မေးခွန်းများအပေါ် အတည်ပြု ဖြေကြားပေးခဲ့ပါသည်။

စတီဖန်နို ရှီဟုန်းဝှေ့ Monsignor Stefano Xu Hongwei သည် ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီး ရုံးတော် ထုတ်ပြန်ချက် အတိုင်း လိုက်နာပြီး ခန့်အပ်ခြင်းခံရသည် ဒုတိယမြောက် ဆရာတော် တစ်ပါးဖြစ်ပါသည်။

ယင်းဆရာတော် သိက္ခာတင်ခြင်း ကို တရုတ်ပြည် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော်ကြီး မာ ယိန်းလင် Ma Yinglin မှ ဦးဆောင် သိက္ခာတင်ပေးခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ဆရာတော် ၅ ပါး ဘုန်းတော်ကြီးအပါး ၈၀ နှင့် ဘာသာဝင် တစ်ထောင်ခန့် ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
By Kyi Maung
Photo Credit to Vatican News

https://bit.ly/2ZxYEzl

Add new comment

2 + 1 =