တောင်အာဖရိက ကုန်းတွင်းနိုင်ငံ ဘူကီနာ ဖာဆို တွင် ဂိုဏ်းခွဲ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံမူအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေး

ဘူကီနာ ဖာဆို တွင် ဂိုဏ်းခွဲ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံမူ

တောင်အာဖရိက ကုန်းတွင်းနိုင်ငံ ဘူကီနာ ဖာဆို တွင် ဂိုဏ်းခွဲ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံမူအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေး
ဧပြီလ ၃၀၊၂၀၁၉

​တောင်အာဖရိက ကုန်းတွင်းနိုင်ငံ ဘူကီနာ ဖာဆို တွင် ပြီးခဲ့သော တနင်္ဂနွေနေ့က ဂိုဏ်းခွဲ ခရစ်ယာန် ဘုရားကျောင်းတစ်ခု၌ ဘုရားဝတ်ပြုချိန် အဆုံးပိုင်းတွင် အမည်မသိ လက်နက်ကိုင်များမှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် တရားဟောဆရာ Pierre Ouedrago ၊ သူ၏ သား နှစ်ဦး နှင့် ဘာသာဝင် သုံး ဦး စုစုပေါင်း ခြောက်ဦး သေဆုံးသွားခဲ့ပါသည် ယင်းကဲ့သိုသော အကြမ်းဖက်တိုက်ခိုက်မူ​ကြောင့် သေဆုံးသွားကြရသူများအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေးကြောင်း ဖော်ပြထားပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ တောင်အာဖရိက ကုန်းတွင်းနိုင်ငံ ဘူကီနာ ဖာဆို တွင် ဂိုဏ်းခွဲ ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံမူအတွက် သေဆုံးသွားကြသူများ၊ ဝမ်းနည်းပူဆွေးနေရသော မိသားစုဝင်များ နှင့် ယင်းဒေသရှ ိ ခရစ်ယာန်များအားလုံး အတွက် ဆုတောင်းပေးနေကြောင်း ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီး ရုံးတော် သတင်းထုတ်ပြန်ရေးဌာန ကြာကာလ တာဝန်ခံ ဥက္ကဋ္ဌ Alessandro Gisotti မှ ပြောကြားခဲ့ပါသည်။

အစ္စလာမ် ဘာသာဝင် ၆၀ ရာခိုင်နှုံး နှင့် ခရစ်ယာန် ဘာသာဝင် ၂၅ ရာခိုင်းနှုံးနေထိုင်သော ဘူကီနာ ဖာဆို တွင် ၂၀၁၆ ခုနှစ်က စပြီး လက်နက်ကိုင် အဖွဲ့များမှ ရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ကို တိုက်ခိုက်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဘာသာရေး အဆောက်အဦ ဘုရားဝတ်ပြုချိန်အတွင်း တိုက်ခိုက်ခြင်းဖြစ်ပြီး ထောင်ပေါင်းများစွာသော လူများကို နေအိမ်စွန့်ခွာထွက်ပြေးအောင် တိုက်ခိုက်နေကြောင်း တိုက်ခိုက်မူပေါင်း အကြိမ် ၂၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း ယခုအခါတွင် လူပေါင်း တစ်သန်းခန့် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ကမ္ဘာလူမူကယ်ဆယ်ကူညီရေး အဖွဲ့မှ ဖော်ပြထားပါသည်။

https://bit.ly/2IQHd9d 

#pope, #attack, #victims, #westafrica, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

 

Zawgyi

ဧပြီလ ၃၀၊၂၀၁၉




https://bit.ly/2IQHd9d 


Add new comment

3 + 5 =