တောင်အာဖရိကရှိ ဆင်းရဲသောနေရာများသို့ရည်ရွယ်ပြီး Order of Malta အသင်းအဖွဲ့မှ ပြင်ဆင်ခြင်း

တောင်အာဖရိကရှိ ဆင်းရဲသောနေရာများသို့ရည်ရွယ်ပြီး Order of Malta အသင်းအဖွဲ့မှ ပြင်ဆင်ခြင်း

တောင်အာဖရိကရှိ ဆင်းရဲသောနေရာများသို့ရည်ရွယ်ပြီး Order of Malta အသင်းအဖွဲ့မှ ပြင်ဆင်ခြင်း

တောင်အာဖရိကမှာOrder of Malta ဆိုတဲ့ အသင်းအဖွဲ့ဟာ အောက်ခြေအထိ လိုက်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကာလမှာ လူမှုအလွှာမညီမျှမှုတွေ က စိန်ခေါ်မှုတွေပိုဖြစ်စေပါတယ်။
အာဖရိကမှာ ကိုဗစ် ၁၉ ဖြစ်ပွားမှုတိုးလာနေပြီး လူပေါင်း ၁၆၅၀ ကျော်ကူးစက်ခံထားရကာ ၁၁ ဉီးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ဒီအရေအတွက်ဟာ ကမ္ဘာ့အခြားသော နိုင်ငံတွေနဲ့ယှဉ်ရင် နည်းပေမဲ့ လူမှုရေး အလွှာ မညီမျှမှုများရှိနေတဲ့ ဒီလိုတိုင်းပြည်အတွက် ကိုဗစ်ဟာ ဗုန်း လို ထပွင့် ပြန့်ပွားသွားမှာကို စိုးရိမ်ရကြောင်း

OSB အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Fr Gerard Lagleder ဟာ ရှေ့တန်းက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူဖြစ်ပြီး အာဖရိကတောင်ပိုင်း ကွာဇုလု နေတယ် ဒေသမှ နွမ်းပါးသူများနှင့် ထိလွယ်ရှလွယ်တဲ့ လူ့အဖွဲ့အစည်းများကို ဆေးရုံများဖွင့်ကာ ကူညီပေးနေသူဖြစ်ပါတယ်။Fr Gerard ဟာ Blessed Gerard ညီအကိုများအသင်းကို တည်ထောင်သူနဲ့ ဉက္ကလည်းဖြစ်ကာ ၊ဆေးခန်းများဆေးရုံများ မိဘမဲ့ဂေဟာများနဲ့ ကျေးလက်ဒေသရှိ ပြင်ပလူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနေကြောင်း

တောင်အာဖရိက ကျန်းမာရေးဌာန၏ ခန့်မှန်းချက်အရ ကိုဗစ် ၁၉ ပြန့်နှံ့ဖြစ်ပွားလာပါက လူဉီးရေ သန်း ၄၀ကျော် ကူးစက်နိုင်တယ်လို့ ခန့်မှန်းရကြောင်းနှင့် ကျန်းမာရေးချို့တဲ့မှုကြောင့် အတော်များများ ကိုဗစ် ထိနိုင်ဖွယ်ရှိကြောင်း
တောင်အာဖရိက လူမျိုးများသည် ကက်သလစ် အသင်းတော်အပေါ် အထူးအားကိုး မှုရှိကြကြောင်း အထူးသဖြင့် လူမှုရေးလုပ်ငန်းများ၊ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွေမှာ အားကိုး​ကြောင်း ဘာကြောင့်လဲဆိုတော့ အချိန်တန်လာတဲ့ အခါ မတရားမှုတွေကို ကို တွန်းလှန်ပြီး အနီးနားမှာရှိပေးသူအဖော် အဖြစ် ခံစားကြရလို့ဖြစ်ကြောင်း ယခု အခါ ၀တ်ပြုခြင်းကဏ္ဍမှာ မိမိသည်လည်းနေ့စဉ် မစ္ဆား ပူဇော်ခြင်း ကို အွန်လိုင်းမှ ပူဇော်ပေးနေကြောင်း အစပထမ ပိုင်း၌ တဉီးထဲ ကင်မရာရှေ့ ဟောပြောရခြင်းဟာ အထီးကျန်ဆန်မည်ထင်သော်လဲ ဘာသာဝင်များရဲ့ စောင့်ပြီးတရားနာယူကြတာကိုသိရှိရတဲ့အတွက် အားတက်မိ​ကြောင်း Fr Gerard က ပြောကြားခဲ့သညိကို ဗာတီကန်သတင်းအရသိရှိရပါသည်။

By William ZNO,RVA

https://bit.ly/3aWpKGI

Add new comment

4 + 9 =