တောင်သူဦးကြီးများ၏ဂုဏ်သိက္ခာနှင့်အခွင့်အရေးကိုလေးစားရန်ပုပ်ရဟန်းမင်းကြီးပန်ကြား

တောင်သူဦးကြီးများ၏ဂုဏ်သိက္ခာနှင့်အခွင့်အရေးကိုလေးစားရန်ပုပ်ရဟန်းမင်းကြီးပန်ကြား

တောင်သူဦးကြီးများ၏ဂုဏ်သိက္ခာနှင့်အခွင့်အရေးကိုလေးစားရန်ပုပ်ရဟန်းမင်းကြီးပန်ကြား

မေလ (၁) ရက်နေ့သည်စိန့်ဂျိုးဇက်အလုပ်သမား၏ပွဲနေ့ကိုအမိသာသနာတော်ကြီးကကျင်းပ သည်။ ထိုသို့ကျင်းပရခြင်းမှာစိန့်ဂျိုးဇက်အားဂုဏ်ပြုသကဲ့သို့အလုပ်သမားလူတန်းစားများအားလည်း ဂုဏ်ပြုလို၊ စိန့်ဂျိုးဇက်ကဲ့သို့ရိုးသား၍အလုပ်ကြိုးစားစေလိုသောကြောင့်ဖြစ်သည်။

ထိုမေ (၁) ရက်နေ့၌ရဟန်းမင်းကြီးအနေဖြင့်ကမ္ဘာတစ်ဝှမ်းလုံးရှိအလုပ်သမားများထံမှတိုင်စာ များစွာကိုလက်ခံရရှိခဲ့သည်။ ထိုစာထဲတွင်အလုပ်သမားပြဿနာများအကြောင်းပါ၀င်ပါသည်။ တောင် သူဦးကြီးများ၏အခြေအနေကြောင့်အလွန်စိတ်ထိခိုက်သွားခဲ့ရကြောင်း၊ လယ်သမားအများစုမှာပြောင်း ရွေ့အလုပ်သမားများဖြစ်ကြသည်။ ၄င်းတို့သည်အီတလီနိုင်ငံ၏မြို့စွန့်မြို့ဖျားများတွင်အလုပ်လုပ်ကိုင် နေကြသည်။

မကြာခဏဆိုသလို၄င်းတို့သည်အလွှဲသုံးစားပြုမူခံရကြောင်း၊ လက်ရှိကပ်ရောဂါဆိုးသည် လူတန်းစားအလွှာအသီးသီးကိုရိုက်ခတ်နေကြောင်း၊ သို့သောလူတို့၏ဂုဏ်သိကာကိုမူလေးစားရမည်။ ထို့ကြောင့်လုပ်သားများနှင့်နည်းလမ်းအမျိုးမျိုးဖြင့်အလွှဲအသုံးချခံနေရသောတောင်သူဦးကြီးများအ တွက်တောင်းဆိုသည်မှာဤကပ်ရောဂါဆိုးကြီးသည်ကျွန်ုပ်တို့အားလူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးကိုအဓိက အကြောင်းတရားအဖြစ်ထားရှိနိုင်ပါစေကြောင်းရဟန်းမင်းကြီးမေတ္တာရပ်ခံပန်ကြားခဲ့သည်။

ယခုနှစ်ဧပြီ (၁၆) ၌လည်းကာရီတာစ်ဥရောပအနေ ဖြင့်လည်းတူညီသောတောင်းဆိုမူကို ဥရောပ (၄၆) နိုင်ငံအားပြောင်းရွေ့ တောင်သူဦးကြီးတို့၏အခွင့် အရေးကိုကာကွယ်ပေးရန်၊ အဘယ်ကြောင့်ဆိုသော်ကိုဗစ် (၁၉) ကပ်ဘေးဆိုးကြီးကာလအတွင်းကုန် ထုတ်လုပ်မူကျဆင်း၍အစာရေစာများလျော့နည်းပြတ်လတ်သွားမည်ကိုလည်းစိုးရိမ်ရကြောင်းမေတ္တာ ရပ်ခံချက်ထွက်ပေါ်လာခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2W7XBYr

Add new comment

10 + 7 =