တောင်ဆူဒန်၌ သီလရှင် (၂) ပါးသတ်ဖြတ်ခံရ

တောင်ဆူဒန်၌ သီလရှင် (၂) ပါးသတ်ဖြတ်ခံရ

တောင်ဆူဒန်၌ သီလရှင် (၂) ပါးသတ်ဖြတ်ခံရ

ဤသတင်းကြောင့် ရဟန်းမင်းကြီးသည် လွန်စွာစိတ်ထိခိုက်ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သီလရှင်နှစ်ပါး သည် ရက်ရက်စက်စက်လူမဆန်စွာသတ်ဖြတ်ခံခဲ့ရသည်။ ဤသီလရှင်များသည် ယေဇူးရွှေနှလုံးတော်အသင်းမှဖြစ်ကြသည်။ တိုက်ခိုက်ခံရချိန်၌ သီလရှင်အဖွဲ့လိုက်ဖြစ်သည်။ သတ်ဖြတ်ခံရသောသီလရှင်နှစ်ပါးမှာ Marie Abud နှင့် Regina Roba တို့ဖြစ် ကြသည်။ ထိုသတင်းကြောင့် ဗာတီကန်၏ အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin ကတောင်ဆူဒန်၏ရဟန်းမင်း ကြီးကိုယ်စားလှယ် ဖြစ်သောဆရာတော် Mark Kadima ထံသို့ ဩဂုတ်လ (၁၇၊ ၂၀၂၁) ရက်နေ့ကသံကြိုးစားပေးပို့ခဲ့သည်။

သီလရှင်နှစ်ပါးသတ်ဖြတ်ခံရသည့်အမူ၌ အခြားသောသူများလည်းသတ်ဖြတ်ခံခဲ့ရသည်။ ၄င်းတို့သည် Juba-Nimule လမ်းမပေါ်ခရီးသွားနေစဉ် တောင်ဆူဒန်မှလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ အခင်း၌ပါသွားသောသီ လရှင်နှစ်ပါးသည် သာသနာအုပ်စုတစ်ခု၏ ရာပြည့်ပွဲသို့သွားရောက်ပါ၀င်ပြီး Juba သို့ဘစ်ကားအငယ်ဖြင့်အပြန်တွင်ဖြစ်ပွား ခဲ့သည်။ Juba သည် တောင်ဆူဒန်၏မြို့တော်ဖြစ်သည်။ ဤလမ်းသည် လုံး၀မလုံခြုံဘဲ စီးပွားရေးသမားများ၊ နိုင်ငံခြားသား များ၊ လူ့အသက်ပေါင်းများစွာကိုဆုံးရှုံးခဲ့ရပြီးဖြစ်သည်ဟုသတင်းဌာနများကဆိုသည်။

ယခုကဲ့သို့သော ဆင်ခြင်မူမဲ့သည့်လုပ်ရပ်ကို ရဟန်းမင်းကြီးကလုံး၀ရှုပ်ချထားသည်။ ဤလူမဆန်သောတိုက်ခိုက်မူ ကြောင့် အသက်ဆုံးရှုံးခဲ့ရသောသူတို့၏မိသားစု၀င်များအား ၀မ်းနည်းဆုတောင်းပေးကြောင်းနှင့်ယေဇူးရွှေနှလုံးတော်အသင်း သီလရှင်များအားလည်းအားပေးနှစ်သိမ့်ခဲ့သည်။ ၄င်းတို့၏အပြစ်မဲ့သတ်ဖြတ်ခံရခြင်းသည် ငြိမ်းချမ်းရေးအတွက်၊ ကြေအေးခြင်း အတွက်၊ ဒေသလုံခြုံရေးအတွက်ပေးဆက်ခြင်းဖြစ်ပါစေဟုလည်းဆုတောင်းဆန္ဒပြုထားကြောင်း သံကြိုးစာတွင်ဖော်ပြထား သည်။

ဤကြေကွဲဖွယ်ရာအဖြစ်ကြောင့် Juba ၏ဂိုဏ်းချုပ်ဆရာတော်က (၅) ရက်တာ၀မ်းနည်းဆုတောင်းသည့်နေ့အဖြစ် ကြေညာလိုက်သည်။ ထို့ကြောင့် တက္ကသိုလ်များ၊ ရဟန်းဖြစ်တက္ကသိုလ်များ၊ ကောလိပ်များ၊ မူကြိုကျောင်းများ၊ ကက်သလစ် ကျောင်းများအားလုံး ဩဂုတ်လ (၂၃) တနလ်ာနေ့အထိပိတ်ထားမည်ဖြစ်သည်။ သီလရှင်နှစ်ပါး၏စျာပနာကိုမူ ဩဂုတ်လ (၂၀) ရက်နေ့၊ သောကြာနေ့၌ Djouba ရှိစိန့်ထရေဇားကက်သီဒရယ်တွင်ကျင်းပမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အာဖရိကအရှေ့ပိုင်းနိုင်ငံများ၏အရေးနှင့်ပတ်သက်၍ အနီးကပ်စောင့်ကြပ်ကြည့်ရူနေခဲ့ သည်။ အဘယ်ကြောင့်ဆိုသော ဤဒေသသည် (၂၀၁၃) ခုနှစ်မှစ၍ ပြည်တွင်းစစ်စတင်တောက်လောင်လာခဲ့သည်။ ပြီးခဲ့သော ဇူလိုင်လကလည်း ရဟန်းမင်းကြီး၊ ကန်တာဘူရီမှဂိုဏ်းချုပ်ဆရာတော်နှင့်စကော့တလန်အသင်းတော်မှဘာသာရေးအကြီးအ ကဲတို့နှင့်ပူးတွဲလက်မှတ်ရေးထိုးပြီး၊ ကြေညာချက်ထုတ်ပြန်ချိန်၌လည်း ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၉) ခုနှစ်က ဒေသ၏ ငြိမ်းချမ်းရေးနှင့်စပ်လျင်း၍ ဗာတီကန်၌ ‘ကတိက၀ပ်ကြီးကိုပြုထားခဲ့’ သကဲ့သို့ တောင်ဆူဒန်သို့ တမန် တော်ခရီးကြွရောက်လို ကြောင်းထုတ်ဖော်မိန့်ကြားထားသည်။

Ref: Aleteia.org
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #rvanews

Add new comment

1 + 11 =