တောင်ကြီး ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာတီးယာ ဦးရွှေ (ငြိမ်း)
တောင်ကြီး ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာတီးယာ ဦးရွှေ (ငြိမ်း)
သဘောထားကြီးပြီး အမြင်ကျယ်ကာ နူးညံ့သော သိုးထိန်း ဂိုဏ်းချုပ် ဆရာတော် မာတီးယာ ဦးရွှေ။
သူဟာသဘောထားကြီးသူ။ ။ ရဟန်းဘုန်းတော်ကြီးတွေအပေါ် အမြဲ စိတ်ရှည် သီးခံတယ်။ အထူးသဖြင့် မကောင်းတကောင်း ဘုန်တော်ကြီးတွေ အပေါ်မှာပေါ့။ သူ့ရဲ့ သီးခံခြင်းက အဆုံးမဲ့တယ်။
သသာနာတော်နှင့် ဘာသာသူ/သား တွေအပေါ်မှာ သဘောထားကြီးတယ်။ သသာနာနယ်အနှံ့ရှိ သိုးများဆီ ရောက်ဖို့ စေတမန် သီလှရှင် အသင်းဂိုဏ်း သူတည်ထောင်တယ်။ ကမ္ဘာ့ အနံ့ မှာ လူတွေက ခရစ်တော်ကိုသိဖို့ Little way missionary ရဟန်းအသင်းဂိုဏ်း သူပူးတွဲ တည်ထောင်တယ်။ ပါးပွါမှ အာဖရိကထိတိုင် သူလူလွှတ် အစေခံစေတယ်။
စေတနာအပြည့် လိုလေသေးမရှိအောင် ယေဇူးအသင်းဂိုဏ်း (Jesuits) ကို မြန်မာသို့ သူဖိတ်ခေါ်တယ်။ တောင်ကြီးသာသနာ ဘုရားဖြူနယ်မှာ သူနေရာပေးတယ်။ Jesuits တွေလုပ်နိုင်တာ လုပ်ပါစေ ဆိုတဲ့ အမြော်အမြင်နဲ့ပေါ့။
သူဟာအမြင်ကျယ်တယ်။ ။ "သာသနာအစ လွိုင်ကော်က၊ သာသနာအဆုံး ထိုင်ဝမ်ကျွန်း" ဟု သူကြွေးကြော်ဖူးတယ်။ ဒါ့ကြောင့်လည်း ဒေသအနှံ့ စေတမန် Sisters သူလွှတ်တယ်။ ပါးပွါအစ အာဖရိကအဆုံး Little way Fathers တွေကို သူလွှတ်ပေးတယ်။ ကမ္ဘာ ကြီးဟာ ဘုရားပိုင်ပြီး ကမ္ဘာ လူသားတိုင်းဟာ ဘုရားရဲ့ သားသမီးတွေပါပဲ လို သူရှူ့မြင်တယ်။ ကမ္ဘာ ကြီးတစ်ခုလုံးကို ထွေးပိုက်နိုင်တဲ့ နှလုံးသားလေး ပိုင်ထားသူပါ။
ပညာရေးကို သူမြှင့် တင်တယ်။ လူမျိုး၊ဘာသာ မရွေး ပညာသင်နိုင်ဖို့ ဖယ်ခုံပျိုးခင်း သူအစပျိုးတယ်။ တောင်ကြီး SAG ကို Jesuits တွေကို သူဖွင့်ခိုင်းတယ်။ နိုင်ငံရပ်ခြားသို့လည်း ပညာတော်သင် လူငယ်များကို သူပို့ပေးတယ်။
လူမျိုးရေးကို သူမြှင့်တင်တယ်။ ဗုဒ္ဒ ခရစ်ယာန် သူမခွဲဘဲ ကယန်းလူမျိုး သူစုစည်းတယ်။ ကယန်းအမျိုးသားနေ့ ၔပြီ (၁၀) ရက်ပါလို့ သူပါဝင် ဆွေးနွေး အတည်ပြုတယ်။ ကယန်းစာပေနှင့် ရိုးရာ ဗုံပုလွေ သူအစ ပြန်ဖော်တယ်။ အမျိုး သားစိတ်ဓာတ် သိပ်လှပါတယ် သိုးထိန်း ဆရာတော်ကြီးရယ်။
သူ့နှလုံး အစဉ်နူးညံ့ သိမ်မွေ့တယ်။ ။သိုးများရှိရာ သိုးထိန်းအရောက်လှမ်းမယ်ပေါ့။ ရေနက်ရာမှာ ပိုက်ချမည့်သူပီပီ သိုးများနှင့်အတူတူ ရှင်စဉ်မှာရော တမလွန်မှာပါ သူနေချင်တယ်။ ငါသေတဲ့အခါ ငါ့ချက်မြှပ်ရာ ဇာတိမြေသို့ ပို့ဆောင်ပါလို့ သူမတောင်းဆိုပါ။ ငါ့သိုးများ အနားယူရာ အများပိုင် သင်းချိုင်းမှာပဲ အနားယူပါရစေလို့ သူ့သေတမ်းစာမှာ နူးညံ့စွာဖြင့် သူတောင်းဆိုခဲ့တယ်။
သူအသက်ရှင်စဉ်အခါမှာလည်း နှယ်ဘယ်လောက်ဝေးဝေး၊ ခရီးလမ်း ဘယ်မျှ ကြမ်းကြမ်း သိုးများကျက်စားရာ နေရာတွေတိုင်းမှာ သူအရောက်လှမ်းခဲ့တာ။
ယခုမှာတော့ နူးညံ့နှလုံးပိုင်ရှင် ဖြေးညှင်း ငြိမ်သာစွာဖြင့် စကားပြောဆိုတတ်သူ သိုးထိန်းဆရာတော်ကြီးဟာ တိုးတိုးတိတ်တိတ်နှင့်ပဲ ဒီလောကမှ ထွက်ခွါသွားပါပြီ။ တမလွန်မှာ ထာဝရ အနားယူနေသော သိုးစုများဆီသို့ သူခြေလှမ်းလိုက်ပြီ။
ကျန်ရစ်သူ သိုးစုများနှင့် သာသနာတော်ကြီးအတွက် ဆက်လက်ဆုတောင်းပေးပါနောလို့။ ရင်ထဲမှ ထာဝရ ဂါရဝ ပြုလျက်ပါ။ အာမင်။
ယနေ့ (12.8.2021) ရက်နေ့၊ နေ့လည် (1:00)နာရီဝန်းကျင်ခန့်က အဖအိမ်တော်သို့ ပြန်သွားပြီဟုကြားသိရပါသည်။
ဆရာတော်ကြီး၏ ဝိညာဥ်အတွက် ဆုတောင်းပေးကြပါစို့ ။
သေလွန်သောသူတို့၏ အသက်ဝိညာဥ်သည် သနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိပါစေသော်။ အာမင်
Born - 01.12.1943
Ordained Priest - 12.04.1969
Consecrated Bishop - 13.12.1980
Installed as Archbishop - 30.08.1998
Rest in Christ- 12.08.2021
Credit: Taunggyi Archdiocese
#TaunggyiArchdiocese #biography #RIP #ArchbishopofTaunggyi
Thank you and farewell, Most Rev. Matthias U Shwe,
Archbishop Emeritus of Taunggyi Archdiocese.
(1943-2021) Funeral on 14 August 2021
+++
တောင်ကြီးဂိုဏ်းချုပ်သာသနာ၏ (ထာ၀ရ) အနားယူသွားသော ဆရာတော်ကြီး မာတီးယာဦးရွှေအား ကျေးဇူးတင် ဂုဏ်ပြုလျက်
+++
He was one of the three bishops who invited the Jesuits back into Myanmar after the latter's expulsion from the country by the military regime in 1960s.
+++
“Put out into the deep” (Luke 5:4) was the motto of Bp. Matthias U Shwe till the final moment of his earthly life.
While still in good health, he traveled to great distances to be with people and to engage in activities for their spiritual as well as physical benefits.
To help others share his spiritual vision and mission, he founded the religious congregations of Zetaman Sisters and Little Way Fathers.
He also welcomed the Jesuits into Taunggyi Archdiocese at a time of political oppression and unfamiliarity about the religious life.
Even when he had retired from the official duties of an archbishop, he continued to be very much with people of all faith and ethnic backgrounds, working for the common good and the development of Kayan culture and literature.
Being known to be gentle and magnanimous throughout his life, he put it in his written will that he would want to be buried among the people in the public cemetery.
For him, the deep water appeared to mean wherever people were.
Now he is at eternal peace with the source of the living water, Lord Jesus Christ.
+++
R.I.P. Please remember us and pray for us too.
တောင်ကြီး ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာတီးယာ ဦးရွှေ (ငြိမ်း)
ဆရာတော်ကြီး၏ ဝိညာဥ်အတွက် ဆုတောင်းပေးကြပါစို့ ။
သေလွန်သောသူတို့၏ အသက်ဝိညာဥ်သည် သနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိပါစေသော်။ အာမင်
Born - 01.12.1943
Ordained Priest - 12.04.1969
Consecrated Bishop - 13.12.1980
Installed as Archbishop - 30.08.1998
Rest in Christ- 12.08.2021
ဆရာတော်ကြီး၏ ဝိညာဥ်အတွက် ဆုတောင်းပေးကြပါစို့ ။
သေလွန်သောသူတို့၏ အသက်ဝိညာဥ်သည် သနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိပါစေသော်။ အာမင်
Born - 01.12.1943
Ordained Priest - 12.04.1969
Consecrated Bishop - 13.12.1980
Installed as Archbishop - 30.08.1998
Rest in Christ- 12.08.2021
Add new comment