တောင်ကိုးရီးယားသမ္မတမှ ပုပ်းဖရန်စစ်အား ၀ိုင်ယာကြိုးဖြင့်ပြုလုပ်ထားသည့် လက်၀ါးကပ်တိုင်ကိုလက် ဆောင်ပေးခဲ့

တောင်ကိုးရီးယားသမ္မတမှ ပုပ်းဖရန်စစ်အား ၀ိုင်ယာကြိုးဖြင့်ပြုလုပ်ထားသည့် လက်၀ါးကပ်တိုင်ကိုလက် ဆောင်ပေးခဲ့

တောင်ကိုးရီးယားသမ္မတမှ ပုပ်းဖရန်စစ်အား ၀ိုင်ယာကြိုးဖြင့်ပြုလုပ်ထားသည့် လက်၀ါးကပ်တိုင်ကိုလက် ဆောင်ပေးခဲ့

            တောင်ကိုးရီးယားသမ္မတ Moon Jae-in သည် ရောမ၌ကျင်းပသော စက်မူထိပ်သီးနိုင်ငံ (၂၀) မှခေါင်းဆောင်များ အစည်းအ‌ဝေးတက်ရောက်ရင်း ရဟန်းမင်းကြီးဖရန်စစ်နှင့်လည်း ဗာတီကန်၌တွေ့ဆုံသည်။

ရဟန်းမင်းကြီးဖရန်စစ် နှင့်လက်ရှိတောင်ကိုးရီးယားသမ္မတတို့သည် (၂၀၁၈) ခုနှစ်၌ ပထမအကြိမ် ကိုးရီးယားနိုင်ငံ၌တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ ဆုံစဉ် သမ္မတက ‘တပည့်တော် ကိုယ်တော့်ကိုလာဖူးပါ့မယ်။ အဲဒီအခါကြရင်တပည့်တော့်က တောင်ကိုးရီးယားသမ္မတ အနေနဲ့ရော၊ ကက်သလစ်ဘာသာတူတစ်ဦးအနေနဲ့ပါလာခဲ့ပါ့မည်။ တပည့်တော်‌ရဲ့ဆေးကြောခြင်းနာမည်ကတော့ တီမောသီဖြစ်ပါတယ်’ ဟုရင်းနှီးပွင့်လင်းစွာစကားလက်ဆုံကျခဲ့ဖူးသည်။ ထို့ကြောင့် ၄င်းတို့၏ယခုတစ်ကြိမ်တွေ့ဆုံ ခြင်းသည် ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ ၄င်းတို့တွေ့ဆုံစဉ်၌ ကမ္ဘာတစ်၀ှမ်းလုံး၌လူသားများတွေ့ကြုံနေရ သော အကြပ်အတည်းကိစ္စ၊ ရာသီဥတုပူနွေးလာမူကိစ္စ၊ မြောက်ကိုးရီးယား နှင့်ပြန်လည်ကြေအေးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

           ခေါင်းဆောင်ကြီးနှစ်ဦး၏တွေ့ဆုံမှုအစအဆုံး၌ ရင်းနှီးချစ် ကြည်မှုကိုမြင်တွေ့ရသည်။ တွေ့ဆုံစဉ်၌ တောင်ကိုးရီးယားသမ္မတက ရဟန်းမင်းကြီးအား ၀ိုင်ယာဖြင့်ပြုလုပ်ထားသော လက်၀ါးကပ်တိုင်တစ်ခုကို လက် ဆောင်ပေးခဲ့သည်။ ထို၀ိုင်ယာကြိုးသည် တောင်နှင့်မြောက်ကိုးရီးယားပိုင်းခြားရန် ကာထားသော ၀ိုင်ယာကြိုးဖြင့်ယှက် လုပ်ထားခြင်းဖြစ်သည်။ အလွန်ပင်အဓိပ္ပါယ်ရှိလှပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏ဆွေးနွေးသည်အကြောင်းအရာများ၌ တောင်မြောက်ပြန်လည်ကြေအေးနိုင်ရေးလည်းပါသည်။ ထို့အတူ ရဟန်း မင်းကြီးဖရန်စစ် တောင်ကိုးရီးယားသို့ကြွရောက်စဉ်က သူ့အနေဖြင့် တောင်မြောက်ခွဲခြားပြောဆိုခြင်းမပြုဘဲ ကိုးရီးယားဟုသာသုံးနှုန်းခဲ့သည်။

       ယခုကဲ့သို့ နယ်နိမိတ်ပိုင်းခြားသတ်မှတ်သော သံဆူးကြိုးကိုယူ၍ လက်၀ါးကပ်တိုင် (၁၃၆) ခုကိုပြုလုပ်ခဲ့သည်။ တောင်မြောက်ကိုးရီးယားကွဲသွားခဲ့သည်မှာ (၆၈) နှစ်ကြာခဲ့ပြီဖြစ်သည်။ ဤလက်၀ါးကပ်တိုင်ကို လက်ဆောင်ပေးခြင်းဖြင့် ကိုးရီးယားကျွန်းစု၌ဖြစ်ပွားနေသော စစ်၏အနိဌာရုံကိုပြန်လည်အမှတ်ရစေခြင်းဖြစ်သည်။ တစ်ဆက်တည်း၌ပင် ရဟန်းမင်းကြီးအား တောင်ကိုးရီးယားသို့ကြွရောက်ရန် သွယ်၀ိုက်၍ဖိတ်ခေါ်လိုက်သည့်သဘော လည်းသက်ရောက်သွားပါသည်။

         ရဟန်းမင်းကြီကလည်း တုန့်ပြန်လက်ဆောင်အဖြစ် ယခုနှစ်၏ငြိမ်းချမ်းရေးသတင်းစကားကိုပြန်လည်ပေးခဲ့သည်။ ထို့နောက် သမ္မတနှင့်သူ၏ကတော်တို့အား ချစ်ကြည်ရင်းနှီးစွာနှုတ်ဆက်ပြီး၊ ဘုရားသခင် ကောင်းကြီးပေးပါစေကြောင်းဆုတောင်း၍ တွေ့ဆုံခြင်းကိုအဆုံးသတ်လိုက်ကြသည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Rome Reports/Google images

https://bit.ly/3bS8Awj

Add new comment

7 + 11 =