တောင်ကိုးရီးယားမှ သန္ဓေသားကာကွယ်​ရေး​ကျောင်းသားများ ပုပ်ဖရန်စစ်အား စာ​ပေးပို့ ​

တောင်ကိုးရီးယားမှ သန္ဓေသားကာကွယ်​ရေး​ကျောင်းသားများ ပုပ်ဖရန်စစ်အား စာ​ပေးပို့ ​

တောင်ကိုးရီးယားမှ သန္ဓေသားကာကွယ်​ရေး​ကျောင်းသားများ ပုပ်ဖရန်စစ်အား စာ​ပေးပို့ ​

တောင်ကိုးရီးယားနိုင်ငံမှ ​တက္ကသိုလ်​ကျောင်းသားများပါဝင်​သော သ​န္ဓေသားကာကွယ်​ရေးလှုပ်ရှားသူများသည် နိုင်ငံ​တော်၏က​လေးဖျက်ချ​ရေးဥပ​ဒေအ​ကြောင်းကို ပုပ်ရဟန်းမင်းကြီးအား စာတစ်​စောင်​ရေးသား​ပေးပို့ခဲ့သည်။

​​ကျောင်းသားများနှင့် ကက်သလစ်ရဟန်း​တော်များသည် ​တောင်ကိုးရီးယားနိုင်ငံ၏ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာ​တော် Alfred Xuerebနှင့် လာ​ရောက်​တွေ့ဆုံပြီး ဆရာ​တော်မှ စာကို ဗာတီကန်သို့​ပေးပို့မည်ဟုကတိ​ပေးခဲ့သည်။

အဆိုပါ​ကျောင်းသားများသည် တက္ကသိုလ် ၆ခုမှဖြစ်ကြပြီး အဖွဲ့​ခေါင်း​ဆောင် Anna Choo Hee-jin၏အဆိုအရ သူတို့သည် ငြိမ်းချမ်းစွာဆန္ဒပြ၍​သော်လည်း​ကောင်း က​လေးများအသက်ရှင်ခွင့်အတွက် ကြိုးစားခဲ့ကြ​ကြောင်းသို့​​သော်လည်း လူ့အခွင့်အ​ရေးလှုပ်ရှားသူများသည် က​လေးမိခင်၏သ​ဘောအတိုင်း တရားဝင်ဖျက်ချခွင့်ပြုရန် ​တောင်းဆိုကြ​ကောင်း​​ရေးသားထားသည်။

ထိုက​လေးဖျက်ချခွင့်ဥပ​ဒေကို ဒီဇင်ဘာ၃၀အထိတားမြစ်ထားပြီး ဇန်နဝါရီ၁ရက်​နေ့မှစ၍ တရားဝင်ခွင့်ပြုဖွယ်ရှိ​ကြောင်း​တွေ့ရသည်။ယခုအချိန်အထိ ဥပ​ဒေအရ ဖျက်ချခွင်ရှိသူများမှာ အဓမ္မပြုကျင့်ခံရခြင်း၊စိတ်မမှန်ခြင်း၊မျိုးရိုးချို့ယွင်းချက်ရှိသူများသာ ဖြစ်သည်ဟုဆိုသည်။

အလားတူပင် ဆိုလ်းကက်သလစ်သာသနာပိုင် ကာဒီနယ် Yoem Soo-jung သည် သြဂုတ်လ ၂၅ရက် က သမ္မတ အိမ်ပြာ​တော်တွင် သွား​ရောက်ခဲ့ပြီး သမ္မတ မွန်​ဂျေအင်းကို ဖျက်ချခံရမည့်သ​န္ဓေသားများအား ကာကွယ်​ရေးအတွက် အကြံ​ပေးချက်များကို သွား​ရောက် ​ပေးပိူ့ခဲ့သည်ဟုဆိုသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of the South Korean Pro-Life Students Association

https://bit.ly/3hODN4P

 

 

Add new comment

18 + 0 =