တောင်ကိုးရီးယားမှ ကာဒီနယ် နီကောလပ်စ် ချုန်းဂျင်စွတ် ပျံလွန်

တောင်ကိုးရီးယားမှ ကာဒီနယ် နီကောလပ်စ် ချုန်းဂျင်စွတ် ပျံလွန်

တောင်ကိုးရီးယားမှ ကာဒီနယ် နီကောလပ်စ် ချုန်းဂျင်စွတ် ပျံလွန်

တောင်ကိုးရီးယားနိုင်ငံမှ သက်တော် ၈၉ နှစ်ရှိပြီဖြစ်တဲ့  ကာဒီနယ် နီကောလပ်စ် ချုန်းဂျင်စွတ် ပျံလွန်သွားပါတယ်။

၎င်းဟာ  ကိုးရီးယား ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဉက္ကဌအဖြစ် ၁၉၉၆ မှ ၁၉၉၉ အထိ ၎င်း၊ ဆိုးလ်မြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် ၁၄ နှစ်တိုင်တိုင် အမှုတော်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) က ၂၀၀၆ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ၎င်းအား ကာဒီနယ်အဖြစ်တင်မြှောက်ပေးခဲ့တာပါ။

သူဟာ ပုပ်ရဟန်းမင်းကြီးရုံးတော် မိသားစုများဆိုင်ရာ ရုံးတော်ကောင်စီနှင့် လူထုဆက်သွယ်ရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီတို့မှာလည်း အသင်းဝင် တစ်ဉီးဖြစ်ခဲ့ပါတယ်။

ကာဒီနယ် နီကောလပ်စ် ပျံလွန်သွားတဲ့အတွက် အခုချိန်မှာ ကာဒီနယ် အရေအတွက်ဟာ ၂၃၃ ပါးသာ ကျန်ရှိသော်လည်း ပုပ်ရဟန်းမင်းကြီး အသစ် ရွေးချယ်တင်မြှောက်ရာမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ကာဒီနယ် အရေအတွက်ကတော့ လျော့မသွားသေးပဲ ၁၂၆ ပါး ကျန်ရှိနေတာဖြစ်ပါတယ်။

မဲပေးရာမှာ မပါဝင်နိုင်တော့တဲ့ သက်တော် ၈၀ ကျော် ကာဒီနယ်ကြီးများ ကတော့ ၉၇ ပါးရှိနေတာပါ။

 

ဘာသာပြန်။  ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: The Korea Herald

https://bit.ly/3tUoMo1

 

 

 

Add new comment

19 + 1 =