တောင်ကိုးရီးယားကက်သ လစ်ဆရာတော်ကြီးများက ‘အသက်ကိုကာကွယ်ရန်’ ထပ်မံတောင်းဆို

တောင်ကိုးရီးယားကက်သ လစ်ဆရာတော်ကြီးများက ‘အသက်ကိုကာကွယ်ရန်’ ထပ်မံတောင်းဆို

တောင်ကိုးရီးယားကက်သ ၏လစ်ဆရာတော်ကြီးများက ‘အသက်ကိုကာကွယ်ရန်’ ထပ်မံတောင်းဆို

သန္ဓေဖျက်ချခွင့်ဥပဒေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ၌ ထည့် သွင်းအပြီး (၂) နှစ်အကြာတွင် ‘လူ့အသက် ကာကွယ်စောင့် ရှောက်ရေးကော်မတီ’ ၌ ပါ၀င်သော ကိုးရီးယား ကက်သ လစ်ဆရာတော်ကြီးများက ကြေညာချက်တစ်ရပ်ကိုထုတ်ပြန်လိုက်သည်။ ထိုကြေညာ ချက်ထဲ၌ ‘မမွေးဖွားသေးသော ကလေးများအား ကာကွယ်စောင့်ရှောက်ကြရန် အထူး တောင်းခံထားသည်။ နှစ်စဉ် သန့်နှင့်ချီသော သန္ဓေ သားလောင်းများသည် မည်သည့်အကာအကွယ်မျှမရ၊ မရှိဘဲ ဖျက်ချခံနေကြရသည်’ ဟုလည်းထည့်သွင်း ဖော်ပြထားသည်။

အသက်သည်မြင့်မြတ်သည်။

သန္ဓေသားကို ခိုင်လုံသည့်မည်သည့် အကြောင်းပြချက်မျှမရှိဘဲ မိမတို့၏ကိုယ်ပိုင်ဆုံး ဖြတ်ချက်ဖြင့် လွတ်လပ်စွာဖျက်ချ နေခြင်းသည် ‘လူသိရှင်ကြား လူသတ်မူကိုကျူးလွန်ခြင်းဖြစ်သည်။ မြင့်မြတ်သော လူ့တန်ဖိုးအား လစ်လျူရူနေခြင်းလည်းဖြစ် သည်။ အသက်သည် သန့်ရှင်းမြင့်မြတ်သည်။ ထို့ကြောင့် လူ့ဂုဏ်သိက္ခာကိုထောက်၍ လေးစားရမည်။ ကိုယ်ဝန်စလွယ်သည့်အ ချိန်မှစ၍ ကာကွယ်ရမည်’ ဟုဆိုထားသည်။ ထို့အတူ လူ့အ သက်ကို ကာကွယ်စောင့် ရှောက်ခြင်းနှင့်ပတ်သက်၍ အမိသာသနာ တော်ကြီး၏ ရပ်တည်ချက်ကိုလည်း တောင်ကိုးရီးယားနိုင်ငံရှိ ကက်သလစ်သာသနာအုပ်စုတိုင်း၌ များမကြာမီ ‘လူ့အ သက်နှင့်မိ သားစု’ အတွက်ရည်စူးသော မစ္ဆားတရားများ ပူဇော်ကြတော့မည်ဖြစ်သည်။ မေလသည် ‘မိသားစုလ’ လည်းဖြစ်သည့်အားလျှော် စွာ ဤလ၌ ‘လူ့အသက်၊ လူ့ဂုဏ်သိက္ခာကိုစောင့်‌ရှောက်ကာကွယ်တတ်သော ယဉ် ကျေးမူ’ ကိုဖန်တီးရန် ဦး စားပေးလုပ်ဆောင် မည်။

ပြင်းပြင်းထန်ထန်ဆန့်ကျင် သည်။

ယခုကြေညာချက်သည် (၂၀၂၀၊ ဩဂုတ်လ) ၌ သန္ဓေဖျက်ချခြင်းဥပဒေကို တ ရား ၀င်အတည်ပြုပြဌာန်းလိုက်သည်ကို ပြင်း ထန်စွာကန့် ကွက်ကြောင်းပြသရန်ဖြစ်သည်။ (၂၀၂၀၊ ဩဂုတ်လ၊ ၂၀) ရက်က ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ် Andrew Yeom Soo-jung နှင့်အတူကက်သလစ်ကိုယ် စားလယ်များသည် တောင်ကိုးရီးယားသမ္မတ Moon Jae-in နှင့်တွေ့ဆုံကာ အတည်ပြုပြ ဌာန်းလိုက်သော သန္ဓေဖျက်ချသည့်ဥပဒေနှင့်ပတ်သက်သော စိုးရိမ်ဖွယ်ရာများကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံ့ခေါင်း ဆောင်များထံပေးပို့သော အိတ်ဖွင့်ပေးစားတစ်စောင်၌ လည်း သန္ဓေဖျက်ချရန် ရောက်လာသောအမျိုးသမီးအား သန္ဓေဖျက်ချခြင်း ကိုမပြုလုပ်ပေးမီ သူ၏စိတ်ပိုင်း၊ ကာယပိုင်း၊ ဆင်ခြင်တွေးခေါ်မူပိုင်းဆိုင်ရာများကို ဦးစွာဆွေးနွေးပြီး၊ အဘယ်ကြောင့်၊ မည်သည့် အခြေအနေသည် သူ့အားဤသို့ပြုလုပ်ရန်ဆုံး ဖြတ်ခဲ့ရသည့်အကြောင်းများကို ကူညီအကြံပြုပေးကြရန်တောင်းဆိုထားပါသည်။

အချိန်ကာလ

တောင်ကိုးရီးယားနိုင်ငံ၌ သ န္ဓေသားဖျက်ချခြင်းနှင့်ပတ် သက်သော ဆွေးနွေးငြင်းခုံမူကို အဆိုပါဥပဒေကိုပြဌာန်းခဲ့သော (၂၀၁၉၊ ဧပြီ ၁၁) မှစခဲ့သည်။ ဤသို့ဖြစ်ပေါ်လာစေ သော ဇစ်မြစ်ကိုပြန်သွားရလျှင် (၁၉၅၃) ဆီသို့ပြန်သွားရမည်ဖြစ်သည်။ ထိုစဉ် က တား မြစ်ချက်ကို (၂၀၂၀) ပြဌာန်း ချက်ဥပဒေက ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ ယခင်နှစ်အောက်တိုဘာလ၌ ပါလီမန်က သာမန်ကိုယ်၀န်ဖြစ်နေလျှင် ကိုယ်၀န်ရပြီး (၁၄) ပတ်အတွင်း သနွေဖျက်ချခွင့်နှင့်အတင်းအဓမ္မပြုကျင့်ခံရ၍ ရလိုက်သောကိုယ်၀န်ဖြစ် ပါက ကိုယ်၀န်ရပြီး (၁၄) ပတ်မှ (၂၄) ပတ်အတွင်းသန္ဓေဖျက်ချခွင့်ကိုပြဌာန်းခဲ့သည်။ (၂၀၂၁၊ ဇန္နာ၀ါရီလ) ၌ အစိုးရက အ ဆိုပါ ဥပဒေကို ပြဌာန်းနိုင်ရန် လိုအပ်ချက်များဖြည့်ဆည်းပြီး သန္ဓေဖျက်ချခြင်းဥပဒေကိုအတည်ပြုပြဌာန်းပေးလိုက်သည်။ ဤသို့ဖြင့် (၁၉၅၃) ခုနှစ်က ပြဌာန်းခဲ့သော သန္ဓေဖျက်ချခြင်းကိုမြစ်တားသည့်ဥပဒေကို ပယ်ဖျက်လိုက်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2QXEzUj

Add new comment

6 + 8 =