တောင်ကိုးရီးယားကက်သလစ်သာသနာ၌ ဘုန်းတော်ကြီးအသစ် ၂ ဒါဇင် နီးပါး သိက္ခာခံယူ
တောင်ကိုးရီးယားကက်သလစ်သာသနာ၌ ဘုန်းတော်ကြီးအသစ် ၂ ဒါဇင် နီးပါး သိက္ခာခံယူ
တောင်ကိုးရီးယားကက်သလစ်သာသနာ၊ ဆိုးလ်မြို့တော်၊ Myeongdong
ကက်သလစ်ကက်သီဒြယ်မှာ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Peter Chung Soon-taick, O.C.D. လက်တော်မှ ရဟန်းဘုန်းတော်ကြီး သစ် ၂၃ ပါးဟာ ဇန်နဝါရီလ ၂၈ ရက် သောကြာနေ့က ရဟန်းသိက္ခာတော်မဂ်လာခံယူခဲ့ကြပါတယ်။
တောင်ကိုးရီးယား အစိုးရရဲ့ ကိုဗစ် ကန့်သတ်ချက်များအားလိုက်နာပြီး အဆိုပါ ရဟန်းသိက္ခာတင်ပွဲမှာ မိဘများသာ တက်ရောက်ခဲ့ကြကြောင်းနဲ့ အစီအစဉ်ကို သာသနာရဲ့ တီဗီချန်နယ်ဖြစ်တဲ့ Catholic Peace Broadcasting Corporation TV နဲ့ ယူကျုဒ် တို့ကနေ ထုတ်လွှင့်ပြသခဲ့တာပါ။
အစီအစဉ်အပြီးမှာတော့ ဂိုဏ်းချုပ်ဆရာတော်ကြီးက အဆိုပါရဟန်းသစ်များ၏ မိဘများအားကျေးဇူးတင်ခဲ့သလို, ၎င်းတို့အား ပျိုးထောင်ကြရာမှာ ကူညီပံ့ပိုးပေးကြသူ ဓမ္မဆရာများ၊ သီလရှင်များ၊ ဆရာ ဆရာမများ၊ ဝိညာဉ်ရေးလမ်းညွှန်သူပြများ ၊ ရဟန်းဖြစ်သင်ကျောင်းမှ ဝန်ထမ်းများ၊ အမှုတော်ဆောင်များ၊ ကျေးဇူးရှင်များ၊ အားလုံးကိုလည်း ယခုလို ခေါ်တော်မူခြင်းဘဝအဆင့်ဆင့်မှာ ကူညီပေးကြခြင်းများအတွက် ကျေးဇူးတင်ခဲ့ပါတယ်။
ဆိုးလ်ဂိုဏ်းချုပ်သာသနာဟာဆိုရင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ စစ်တမ်းအရ ကာဒီနယ်တစ်ပါး၊ ဂိုဏ်းချုပ်ဆရာတော်ကြီး တစ်ပါး၊ ဆရာတော်ကြီး ၃ ပါး၊ မွန်ဆီညော် ၅ ပါးအပါအဝင် ဘုန်းတော်ကြီး ၉၆၆ ပါးရှိပြီဖြစ်ပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment