တောင်ကိုးရီးယားကက်သလစ်ဘာသာ၀င်များ နိုင်ငံ့ခေါင်းဆောင်၏ချီးမွှမ်းခြင်းခံရ

တောင်ကိုးရီးယားကက်သလစ်ဘာသာ၀င်များ နိုင်ငံ့ခေါင်းဆောင်၏ချီးမွှမ်းခြင်းခံရ

တောင်ကိုးရီးယားကက်သလစ်ဘာသာ၀င်များ နိုင်ငံ့ခေါင်းဆောင်၏ချီးမွှမ်းခြင်းခံရ

တောင်ကိုးရီးယားသမ္မတ Moon Jae-in ကပြီးခဲ့သောဖေဖော်၀ါရီလက ကိုဗစ် (၁၉) စတင်ဖြစ် ပွားလာသည်နှင့်ကက်သလစ်သာသနာတော်ကြီးအနေဖြင့် လိုအပ်သည်များကိုလျင်မြန်စွာလုပ်ကိုင်ပေးခဲ့ သည့်အတွက်ချီးကျူးစကားဆိုခဲ့သည်။ သမ္မတသည် ဩဂုတ်လ (၂၀) ရက်နေ့ကဘာသာရေးခေါင်းဆောင် များနှင့်တွေ့ဆုံထိုသို့ပြောကြားခဲ့ပြီး၊ ဆက်လက်၍လည်းကိုဗစ် (၁၉) ကပ်ရောဂါကြောင့်စိတ်ဓာတ်ကျ ဆင်းနေသောနိုင်ငံသားများ၏စိတ်ဓာတ်တက်ကြွလာရန်နှင့်စည်းလုံးစွာဖြင့်နိုင်ငံသားများကိုဘေးကင်းလုံ ခြုံအောင်ဦးဆောင်ပေးရမည်ဖြစ်ကြောင်း ကိုယ်တိုင်လည်းကက်သလစ်တစ်ဦးဖြစ်သောသမ္မတကမေတ္တာ ရပ်ခံခဲ့သည်။ သမ္မတကလက်ရှိအဖြစ်အပျက်ကိုလေးနက်စွာခံယူထားကြောင်း၊ အဘယ်ကြောင့်ဆိုသော်ကွာရန် တင်းထားရှိမူမရှိတော့ဘဲရောဂါဖြစ်ပွားမူနှုန်းထပ်မံမြင့်တက်လာပါကအစိုးရအတွက်ရောဂါသံသယရှိသူမ များအားခြားထားပေးရေးအခြားရွေးချယ်ရန်မရှိတော့ပေ။ ထိုအကျိုးဆက်သည်နိုင်ငံ၏စီးပွားရေးကိုဖော်မ ပြနိုင်အောင်ထိခိုက်ဆုံးရှုံးစေမည်။

ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ် Andrew Yeom Soo-jung ကလည်းဤကပ်ရောဂါအရေးနှင့်ပတ်သက်၍ကက်သလစ်သာသနာတော်ကြီးအနေဖြင့်နိုင်ငံတော်နှင့်အတူလက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့အတူဘာသာတူများအားလည်းကျန်းမာရေး၀န်ကြီးဌာန၏လမ်း ညွှန်ချက်များအတိုင်းရောဂါကင်စင်ရန်ပါ၀င်လုပ်ဆောင်ရေးကိုလည်းတိုက်တွန်းနှိုးဆော်ပေးသွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။ လွန်ခဲ့သောဖေဖော်၀ါရီလ ကိုဗစ် (၁၉) ပထမလှိုင်း၌ တောင်ကိုးရီးယားရှိကက်သလစ်ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာသနာ (၁၆) ခုလုံးကိုမစ္ဆားတရားမှစ၍လူစုလူ‌‌ေ၀းနှင့်ဆုတောင်း၀တ်ပြုခြင်းကိုဧပြီလအထိ မပြုရန်ညွှန်ကြားထားခဲ့သည်။ ဤညွှန်ကြားချက်ကြောင့်ကိုးရီးယားကျွန်းဆွယ်၏ကက်သလစ်သာသနာ့ သမိုင်း၏နှစ်ပေါင်း (၂၃၆) နှစ်တွင်ဘာသာတူများနှင့်မစ္ဆာပူဇော်ခြင်းကိုလုံး၀ရပ်တန့်ခဲ့ရသည့်ကာလဖြစ်ခဲ့ သည်။ နိုင်ငံအတွင်းရောဂါကူးစက်မူနှုန်းထားသည် ဩဂုတ်လ (၂၀) ရက်နေ့၌ပင် (၂၈၈) ဦးရှိကြောင်း၊ ထို့ ကြောင့်ကူးစက်ခံလူနာများသည်သုံးဆမျှတိုးလျှက်ရှိကြောင်း၊ တောင်ကိုးရီးယားနိုင်ငံ၌ကူးစက်ခံရသူ ပေါင်း (၁၆၆၇၀) ဦးရှိပြီး၊ ဤရောဂါကြောင့်သေဆုံးသူ (၃၀၉) ဦးရှိပြီဖြစ်သည်။ ပြန်လည်ကျန်းမာလာကြ သူများမှာ (၁၄၁၂၀) ဦးရှိပြီဖြစ်သည်။ တောင်ကိုးရီးယားသည်တရုတ်နိုင်ငံပြီးနောက်ရောဂါအစုလိုက်အ ပြုန်လိုက်ကူးစက်ခံရသောနိုင်ငံတစ်ခုဖြစ်သည်။

ဆိုးရွားစွာထပ်မံဖြစ်ပွားလာရသည့်အကြောင်းအရင်းမှာ ဩဂုတ်လ (၁၅) ရက်နေ့က ပါစတာတစ်ဦး၏အစိုးရဆန့်ကျင်သည့်ဆုတောင်းတရားပွဲမှစတင်ခဲ့ခြင်းဖြစ် သည်။ ကူးစက်ခံရသူ (၅၃) ဦးမှာ Sarang Jeil အသင်းတော်နှင့်ဆက်စပ်နေကြသူများဖြစ်ပြီး၊ ရောဂါရှိ သူ (၆၇၆) ဦးအထိတိုးလာစေခဲ့သည်။ ရာနှင့်ချီသောပရက်စ်ဘီတေးရီးယန်အသင်းတော်မှအသင်းသားများ လည်းဆေးစစ်ရဦးမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့်လူ (၂၅) နေထိုင်သောဆိုးလ်ပြည်နယ်တ၀ှမ်းရှိဘု ရားကျောင်းများ၌လူကိုယ်တိုင်တွေ့ဆုံစည်း‌ေ၀းခြင်းများကိုမပြုရန်တားမြစ်ထားသည်။ ထို့အတူကူး စက်နိုင်ချေများသောကာရာအိုခေဆိုင်၊ ဘူးဖေးဆိုင်၊ အင်တာနက်များသုံးနိုင်သောကော်ဖီဆိုင်များကို လည်းပိတ်ထားရန်ညွှန်ကြားထားသည်။ ဆိုလ်ပြည်နယ်အစိုးရက ဩဂုတ်လ (၂၁) ရက်မှစ၍ လူ (၁၀) ထက်ပို၍စု‌ေ၀◌းခြင်းမပြုရန်အမိန့်ကိုလည်းဩဂုတ်လကုန်ဆုံးသည်အထိကြေငြာခဲ့သည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo by Jung Yeon-je/AFP via LiCAS.news

https://bit.ly/3jELATi

 

 

Add new comment

1 + 3 =