တောင်ကိုရီးယား ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည်း မြန်မာနိုင်ငံပြည်သူများနှင့်အတူတကွ ရပ်တည်လျှက်ရှိနေခြင်း ။

တောင်ကိုရီးယား ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည်း မြန်မာနိုင်ငံပြည်သူများနှင့်အတူတကွ ရပ်တည်လျှက်ရှိနေခြင်း ။
တောင်ကိုရီးယား ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှလည်း မြန်မာနိုင်ငံပြည်သူများနှင့်အတူတကွ ရပ်တည်လျှက်ရှိနေခြင်း ။
မတ်လ (၁၁) ရက်နေ့က တောင်ကိုရီးယားရှိ ကက်သလစ် ခရစ်ယာန်သာသနာမိသားစုများမှ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး မတည်ငြိမ်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်လျက်ရှိကြောင်း ၊ ဒေသတွင်း ဒီမိုကရေစီ လှုပ်ရှားမှုများနှင့်အတူ စည်းလုံးညီညွတ်စွာရှိနေကြောင်း ထောက်ခံဖော်ပြသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း Younhap News Agency တွင်ဖော်ပြထားပါသည်။ မတ်လ (၁၁) ရက်နေ့ ၊ ကြာသပတေးနေ့ က ကျင်းပသော တောင်ကိုရီးယား ကက်သလစ် ဆရာတော်ကြီး များအဖွဲ့ချုပ်၏ ဖော်ပြချက်တွင် ကိုရီးယားကက်သလစ် ခရစ်ယာန်သာသနာတော်သည် အကြမ်းဖက်မှု များနှင့်ရင်ဆိုင်နေရသော ကျွန်ုပ်တို့၏ ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော မြန်မာပြည်သူများ၏ သွေးထွက်သံယိုမှု များအတွက် စိုးရိမ်ပူပန်လျှက်ရှိကြောင်း ပါရှိပါသည်။ ထိုနည်းတူ ကိုရီးယားနိုင်ငံသည်လည်း တချိန်က စစ်အာဏာရှင်များ၏ ဖိနှိပ်မှုများရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က စစ်အာဏာသိမ်းချိန်မှစတင်ပြီး ခုခံတော်လှန်ခဲ့ကြသော မြန်မာပြည်သူပြည်သားများအပေါ်၌ ကိုယ်ချင်းစာနာမှုရှိပါကြောင်း ၊ ယခုအချိန်အခါသည် ကက်သလစ် ခရစ်ယာန်များ၏ ဝါတွင်းကာလဖြစ်သည်နှင့် မိမိတို့၏ ဒုက္ခစရိယာကျင့်စဉ် ပူဇော်ခြင်း၌ မြန်မာနိုင်ငံမှ ညီအစ်ကိုမောင်နှမများအတွက် ရင်းနှီးပေါင်းစည်းမှုကို ပြသခြင်းအားဖြင့် ညဉ်းတွားသံများနှင့် ငိုကြွေးမှု ၊ နာကျင်မှု ဝေဒနာများကို ထပ်တူခံစားပေးပါကြောင်း ဆိုးလ်မြို့တော်ရှိ Cardinal Andrew Yeom Soo-jung မှလည်း မြန်မာပြည်သူများအတွက် လက်တွဲလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ထံသို့ သောကြာနေ့က အမေရိကန်ဒေါ်လာ (၅၀,၀၀၀) (US$50,000)ထည့်ဝင်လှူဒါန်းခဲ့ကြောင်းကိုလည်း ပြောကြားထားပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် စစ်အာဏာရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် အကြမ်းဖက်မှု သတင်းများကြောင့် အထူးဝမ်းနည်းရပါကြောင်း ၊ ဒီမိုကရေစီကို လိုလားတောင့်တမှုများအတွက် အမြန်ဆုံးပြန်လည်ရရှိမည်ဟု မျှော်လင့်မိပါကြောင်း ၊ ၎င်းတို့သည်လည်း မြန်မာပြည်သူတို့နှင့်အတူ တစ်လုံးတဝတည်းရှိကြောင်း ‘’ ဖော်ပြပါရှိပါသည်။ တောင်ကိုရီးယား ကက်သလစ် ခရစ်ယာန်နည်းတူ National Council of Churches in Korea (NCCK) ကိုရီယား ခရစ်ယာန်သာသနာတော်များကောင်စီက လည်း လူထု၏ ဆန္ဒပြတောင်းဆိုမှု များနှင့်အ တူရှိနေပါကြောင်း ဖော်ပြခဲ့ကြပါသည်။ တောင်ကိုရီးယားခရစ်ယာန်မောင်နှမများအနေနှင့် ဧပြီလ ပထမပတ် ဝါတွင်းကာလ ကုန်ဆုံးချိန်အထိ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံအတွက် တစ်နာရီ ကိုယ်တော်မြတ်ပူဇော်ပေးခြင်းတို့ကို ပြုလုပ်ကြဖို့ အကြံပြုခဲ့ကြပြီး လုပ်ဆောင်လျှက်ရှိနေကြောင်းကိုလည်း ပြောကြားထားပါသည်။

Add new comment

3 + 7 =