တူရင်းမြို့ရှိ ရဟန္တာဒွန်ဘောစကို၏နေအိမ်အား ပြတိုက်အဖြစ်ဖွင့်လှစ်

တူရင်းမြို့ရှိ ရဟန္တာဒွန်ဘောစကို၏နေအိမ်အား ပြတိုက်အဖြစ်ဖွင့်လှစ်

တူရင်းမြို့ရှိ ရဟန္တာဒွန်ဘောစကို၏နေအိမ်အား ပြတိုက်အဖြစ်ဖွင့်လှစ်

လူငယ်များကို ကူညီမှိုင်းမသော ရဟန္တာအဖြစ် အသိအမှတ်ပြုကြသည့် ရဟန္တာဒွန်ဘောစကို၏နေအိမ်သည် အီတလီနိုင်ငံမြောက်ပိုင်း တူရင်မြို့နှင့်မနီးမဝေး Valdocco အရပ်တွင်တည်ရှိသည်။

ယခုအခါ ထိုနေအိမ်သည် ပြတိုက်အဖြစ်ဖွင့်လှစ်ထားသည်။ ဤပြတိုက်၏ဒါရိုက်တာကြီးက "ဤနေအိမ်တွင် အဖဒွန်ဘောစကိုနှင့်အမေ မာဂရီတာတို့သည် လူငယ်များစွာကိုကြိုဆိုခဲ့ကြောင်း ပြန်ပြောင်းသတိရစေသည်"ဟုပြောဆိုခဲ့သည်။

ထိုနေအိမ်ပြတိုက်တွင် ရဟန္တာ၏ လက်ရေးမူများ၊ပေးစာများနှင့်အနုပညာလက်ရာများ၊မယ်တော်သခင်မ ကားချပ်တော်များကို တွေ့မြင်ရမည်ဖြစ်သည်။

ထိုပြတိုက်ဖွင့်လှစ်ခြင်းကို ဒေသခံ ဆလေးရှင်းမိသားစုမှ အင်တိုက်အားတိုက်ကူညီပေးခဲ့ကြပြီး ယခုအချိန်တွင် ဘုရားဖူးများနှင့်ကမ္ဘာလှည့်ခရီးသွား ထောင်ပေါင်းများစွာတို့အတွက် လာရောက်လေ့လာစရာနေရာတစ်ခုဖြစ်လာခဲ့သည်။

ဤနေအိမ်ပြတိုက်သည် ရဟန္တာ၏ရိုးရှင်းသော ဘဝအမှန်ကို ပကတိအတိုင်း တွေ့မြင်နိုင်စေရန်လည်း ရည်ရွယ်ထားသည် ဟုဆိုသည်။ ၁၉ရာစုမှ ရဟန်းတစ်ပါးဖြစ်သော ဤရဟန္တာသည် လူငယ်ရာပေါင်းများစွာနှင့် မိသားစုပေါင်းများစွာကို နွေးထွေးစွာ ခေါ်ယူခဲ့ပြီး ဤနေရာတွင် ပြုပြင်ထိန်းကျောင်းပေးခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of : Rome Reports/YouTube

https://bit.ly/32gWTdY

Add new comment

2 + 15 =