တိုင်းပြည်အတွင်းအကြမ်းဖက်ခြင်းများအတွက် နိုက်ဂျီးရီးယား ကက်သလစ်ဆရာတော်ကြီးများဉီးဆောင်ဆန္ဒပြခြင်း

တိုင်းပြည်အတွင်းအကြမ်းဖက်ခြင်းများအတွက် နိုက်ဂျီးရီးယား ကက်သလစ်ဆရာတော်ကြီးများဉီးဆောင်ဆန္ဒပြခြင်း

တိုင်းပြည်အတွင်းအကြမ်းဖက်ခြင်းများအတွက် နိုက်ဂျီးရီးယား ကက်သလစ်ဆရာတော်ကြီးများဉီးဆောင်ဆန္ဒပြခြင်း

ဘိုကိုဟာရန် အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူများစွာသေဆုံးကြရခြင်းအပေါ် နိုက်ဂျီးရီးယား ကက်သလစ်ဆရာတော်ကြီးများက အကြမ်းဖက်ခြင်းကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ခြင်းကို မတ်လ ၁ရက်နေ့က  ဉီးဆောင်ပြုလုပ်ခဲ့ရာတွင် ရဟန်းသီလရှင်များ ဘာသာ၀င်များစွာပါ၀င်ခဲ့ကြပါသည်။

တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်ခြင်းနှင့် အပြစ်မဲ့ ပြည်သူများစွာ အသတ်ခံရခြင်းအတွက် နိုင်ငံတကာ မီဒီယာနှင့် နိုက်ဂျီးရီးယား အစိုးရတို့ သိရှိစေပြီး ကာကွယ်မှုများပြုလုပ်နိုင်ရန် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း

အပြစ်မဲ့ အမျိုးသား အမျိုးသမီးများ ကလေးငယ်လေးများနှင့် နိုက်ဂျီးရီးယားပြည်သူများစွာ ဘိုကိုဟာရန်အကြမ်းဖက် အဖွဲ့အစည်းကြောင့် ရက်စက်စွာသတ်ဖြတ်ခံရခြင်း အတွက် ကျွန်ုပ်တို့ဆန္ဒပြခြင်းဖြစ်တယ်လို့ နိုက်ဂျီးရီးယား ကကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် CBCN ၏ ဉက္ကဌ ဂိုဏ်းချုပ်ဆရာတော်ကြီး Augustine Akubeze က ပြောကြားခဲ့သည်။

 

အာဗီအေမြန်မာဗာတီကန်သတင်း

#RVAMyanmarVaticanNews

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

https://www.vaticannews.va/en/africa/news/2020-03/nigeria-bishops-protest-march-against-extremism.html

Add new comment

1 + 5 =