တိုကျို အိုလံပစ်အားကစားသမားများအတွက် ပုပ်ဖရန်စစ်  ဆုတောင်းကာ ကောင်းကြီးပေး

တိုကျို အိုလံပစ်အားကစားသမားများအတွက် ပုပ်ဖရန်စစ်  ဆုတောင်းကာ ကောင်းကြီးပေး

တိုကျို အိုလံပစ်အားကစားသမားများအတွက် ပုပ်ဖရန်စစ်  ဆုတောင်းကာ ကောင်းကြီးပေး

၃၂ ကြိမ်မြောက် အိုလံပစ်အားကစားပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမှာ ဂျူလိုင် ၂၃ ရက်ကထဲက စတင် ကျင်းပနေတာဖြစ်ပြီး အားကစားသမားများနဲ့ ပြိုင်ပွဲစီစဉ်သူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဆုတောင်းပေးကာ ကောင်းကြီးပေးခဲ့ပါတယ်။

ဂျူလိုင် ၂၅ ရက် တနဂ်နွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းအစီအစဉ်မှာ အရှင်သူမြတ်က ဆုတောင်းပေးခဲ့တာပါ။ 

“ပြီးခဲ့တဲ့ သောကြာနေ့က အိုလံပစ်စတင်ခဲ့ပါပြီ။ ယခုလို ကပ်ဘေးကာလမှာကျရောက်တဲ့ အိုလံပစ်ပွဲတော်ဟာ၊ ကျန်းမာစွာနဲ့ယှဉ်ပြိုင်တဲ့ပွဲတော်ဖြစ်ပြီး မျှော်လင့်ခြင်းအမှတ်လက္ခဏာ၊ ညီရင်းအစ်ကိုစိတ်ရှိတဲ့ အမှတ်လက္ခဏာဖြစ်ပါစေ။ ဘုရားသခင်သည် ပွဲစီစဉ်သူများအား၎င်း၊ အားကစားသမားများအား၎င်း၊ ဒီကြီးမားတဲ့ အစီအစဉ်ကြီးဖြစ်မြောက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ပေးကြသူများအားလုံးကို ကောင်းကြီးမဂ်လာပေးတော်မူပါစေ” လို့ အရှင်သူမြတ်က ဆုတောင်းကာ ကောင်းကြီးပေးခဲ့ပါတယ်။ 

ကမ္ဘာ့စိတ်ဝင်တစားအကြည့်ခံရဆုံး အိုလံပစ်ပွဲတော်ကြီးဟာ အမှန်မှာတော့ ၂၀၂၀ ခုနှစ် မတ်လမှာ စီစဉ်ခဲ့တာဖြစ်ပေမယ့် ကပ်ရောဂါဘေးကြောင့်ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ယခုကျင်းပနေတဲ့ ပွဲတော်ဟာဆိုရင် ဩဂုတ်လ ၉ ရက်နေ့မှာပြီးဆုံးမှာဖြစ်ကြောင်း

ကပ်ဘေးစိုးရိမ်ဖွယ်ရာရှိတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့  အားကစားသမားများအား ဘုရားကျောင်းများသို့ လည်ပတ်ဝင်ရောက်ခြင်းမပြုကြဘို့ကိုလည်း တိုကျိုဂိုဏ်းချုပ်ဆရာတော်ကြီးက မကြာသေးမှီက မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံပေါင်း ၂၀၆ နိုင်ငံက အားကစားသမား ၁၁၆၅၆ ဉီးအထဲမှာ  အမေရိကားမှ Grace McCallum လိုမျိုး ကက်သလစ် အားကစားသမားများလည်း ပါဝင်ကြောင်း, McCallum ဟာ စိတ်ပုတီးမပါရင် ဘယ်ကိုမှ ခရီးသွားလေ့မရှိတဲ့ ယုံကြည်ခြင်းခိုင်မာသူ ကက်သလစ်အားကစားသမားတစ်ဉီးဖြစ်တယ်လို့ လည်း ၂၀၁၉ ခုနှစ်က ကက်သလစ်မဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခံခဲ့ရသူဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of the New York Times

https://bit.ly/3y9vIzC

 

 

 

 

Add new comment

2 + 8 =