Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
တိုကျိုဂိုဏ်းချုပ်သာသနာသည် ကက်သလစ်အိုလံပစ်အားကစားသမားများအတွက်၀ိညာဉ်ရေးအစီအစဉ်များမရှိတော့ကြောင်း ကြေညာလိုက်
တိုကျိုဂိုဏ်းချုပ်သာသနာသည် ကက်သလစ်အိုလံပစ်အားကစားသမားများအတွက်၀ိညာဉ်ရေးအစီအစဉ်များမရှိတော့ကြောင်း ကြေညာလိုက်
အိမ်ရှင်အဖြစ် ဂျပန်နိုင်ငံကလက်ခံကျင်းပမည့် အိုလံပစ်ပွဲတော်သည် နက်ဖန်စတော့မည်ဖြစ်သော်လည်း ကိုးဗစ်ကပ်ရော ဂါဆိုးကြီးမှာ နိုင်ငံအနှံ့အနားမယူ။ ဆက်လက်ကူးစက်ပျံ့ပွားလျှက်ရှိနေပါသည်။ မှတ်တမ်းများအရ ဂျပန်နိုင်ငံ၌ ကိုးဗစ်ကူးစက်လူ နာ (၈၄၈၀၀၀) ဦးရှိပြီး၊ သေးဆုံးသွားသူ (၁၅၀၀၀) ဦးရှိသည်။ ထို့ကြောင့် နိုင်ငံအတွင်းပြုလုပ်မည့် မည်သည့်အစီအစဉ်ကိုမဆို ပြန် လည်သုံးသပ်စီစစ်ရန်လိုပါသည်။
ကျန်းမာရေးစိုးရိမ်မှုမြင့်တက်နေခြင်းကြောင့် အိုလံပစ်ပွဲသို့ရောက်ရှိလာကြမည့်ကက်သလစ်အားကစားသမားများအား ၀ိညာဉ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ပေးနိုင်ရန် တိုကျိုဂိုဏ်းချုပ်သာသနာမှစီစဉ်ထားခဲ့သော်လည်း ထိုအစီအစဉ်များအားလုံး ကိုဖျက်သိမ်းလိုက်ရသည်။ ဤသို့ဖျက်သိမ်းလိုက်ခြင်းနှင့်စပ်လျင်း၍ တိုကျိုဂိုဏ်းချုပ်ဆရာတော် Tarcisio Isao Kikuchi က ‘တိုကျို ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာအုပ်စုတိုင်းသည် အိုလံပစ်ပွဲသို့ရောက်ရှိလာကြမည့်အားကစားသမားများ၏၀ိညာဉ်ရေးလို အပ်ချက်များကို အတတ်နိုင်ဆုံးကူညီဖြည့်ဆည်းပေးရန်ညွှန်ကြားထားကြောင်း၊ သို့သော် ကူးစက်ရောဂါပိုးအန္တရာယ်ကြောင့် လုံ ခြုံရေးအရ ယခင်ဆုံးဖြတ်ချက်များအားလုံးကိုပြန်လည်ရုတ်သိမ်းလိုက်ရကြောင်း’ ရှင်းပြပါသည်။
ယခင်ဆုံးဖြတ်ထားသောအစီအစဉ်၌ ကက်သလစ်အိုလံပစ်အားကစားသမားများအားလုံးပါ၀င်ပူဇော်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာသုံးဘာသာစကားများဖြင့် ကက်သီဒရယ်တွင်နေ့စဉ်ပူဇော်ပေးရန်၊ ထို့အတူ စိတ်ပုတီးစိတ်ခြင်းကိုလည်းအထူးအစီအ စဉ်အဖြစ်လည်းထည့်သွင်းထားသည်။ မထင်မှတ်ဘဲနှင့်တိုကျိုမြို့တော်ကြီးကိုအစိုးရမှ ကပ်ရောဂါအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်သောကြောင့် အားကစားသမားများသည် ၄င်တို့တည်းခိုသောအဆောင်များမှ ထွက်ခွာသွားလာခွင့်မပြုတော့ပေ။ ထို့အတူ ဘုန်းတော်ကြီးများကလည်း ၄င်းတို့ထံသွားရောက်၍ ၀ိညာဉ်ရေး၀တ္တရားများဖြည့်ဆည်းပေးနိုင်ခွင့်မရှိတော့ပေ။
ဆရာတော်က မည်သည့်နေရာ၌မဆို ပြုလုပ်မည့်ဆုတောင်း၀တ်ပြုခြင်း၌ ကိုးဗစ်ကာကွယ်ရေးသတိပေးချက်များကိုလိုက် နာကြရန်၊ အားကစားသမားများအားလည်း ဘုရားကျောင်းများသို့သွားရောက်ဖူးခြင်းများမပြုလုပ်ရန်၊ အဘယ်ကြောင့်ဆိုသော် ကပ်ရောဂါကူးစက်ပျံ့ပွားမူကိုထိန်းချုပ်လုပ်ဆောင်ရာ၌အားလုံးပါ၀င်ရမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် ပိုးမကူးစက်မပျံ့ပွား ရေးကိုအလွန်အလေးထားဆောင်ရွက်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏အသက်ကိုကာကွယ်စောင့်ရှေဦက်ရသ ကဲ့သို့ အခြားသူများ၏အသက်ကိုလည်း ကာကွယ်ပေးရသည့်တာ၀န်ရှိကြောင်း၊ ထို့ကြောင့် ဘာသာရေး၀တ်ပြုဆုတောင်းခြင်းအစီ အစဉ်များကို လိုင်းများမှတဆင့် ဆက်လက်ထုတ်လွှင့်နေဦးမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ ဂျပန်နိုင်ငံ၌ မိုးတွင်းကာလသည်လွန် သွားပြီဖြစ်ပြီး၊ ယမန်နေ့ည၌ ကောင်းကင်ယံတွင်သက်တန့်ပင်ထွန်းနေကြောင်း၊ သင်တန့်သည်မျှော်လင့်ခြင်း၏အတိတ် နိမိတ်ဖြစ် ကြောင်းဖြင့် အကောင်းဖက်မှပြောကြားသွားသည်။
အမှန်မှာ (၃၂) ကြိမ်မြောက် အိုလံပစ်ပွဲကို ယခင်နှစ် (၂၀၂၀၊ ဇူလိုင် ၂၄ မှ ဩဂုတ် ၉) ရက်နေ့အထိကျင်းပရန်သတ်မှတ် ထားခဲ့သော်လည်း ကပ်ရောဂါဆိုးကြောင့် ယခုနှစ် (ဇူလိုင် ၂၃ မှ ဩဂုတ် ၈) ရက်နေ့သို့ပြောင်းရွေ့ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို သောကြာနေ့၊ ဒေသစံတော်ချိန်ည (၈) တိုကျိုမြို့၏အမျိုးသားအားကစားရုံ၌ကျင်းပမည်ဖြစ်သည်။ မသန်စွမ်းအိုလံပစ်ပွဲသည် လည်းထို့အတူပင် ယခင်နှစ်မှ ယခုနှစ် (၂၀၂၁၊ ဂုတ်လ ၂၄ မှ စက်တင်ဘာလ ၅) ရက်နေ့အထိကျင်းပသွားမည်ဖြစ်သည်။
Add new comment