တိုက်ဖုန်းကြားမှာ မျှော်လင့်ခြင်းထားရှိကြဘို့ ဖိလစ်ပိုင်ဆရာတော်ကြီးများက ကက်သလစ်ဘာသာ၀င်များအားနှိုးဆော်

တိုက်ဖုန်းကြားမှာ မျှော်လင့်ခြင်းထားရှိကြဘို့ ဖိလစ်ပိုင်ဆရာတော်ကြီးများက ကက်သလစ်ဘာသာ၀င်များအားနှိုးဆော်

တိုက်ဖုန်းကြားမှာ မျှော်လင့်ခြင်းထားရှိကြဘို့ ဖိလစ်ပိုင်ဆရာတော်ကြီးများက ကက်သလစ်ဘာသာ၀င်များအားနှိုးဆော်

နို၀င်ဘာ လထဲမှာပင် တိုက်ဖုန်း မုန်တိုင်း နှစ်ခုဟာ ဖိလစ်ပိုင်ကို ရိုက်ခတ်ပြီးဖြစ်ပါတယ်ဒါ့ကြောင့် Legaspi မှ ဆရာတော်ကြီး Bp. Joel Baylon က ဘာသာ၀င်များအား တရားဓမ္မ ပါရမီများကို နှလုံးသွင်းကျင့်ကြံကြဘို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

တိုက်ဖုန်းအပြီး ယုံကြည်ခြင်းနဲ့ ပြန်လည်ရပ်တည်ကြဘို့ ဆရာတော်ကြီး Baylon က နှိုးဆော်အားပေးလိုက်တာပါ။

ကျွန်ုပ်တို့၏ မြို့၊ ရွာ၊ ရပ်ကွက်၊ သာသနာစီရင်စု အိမ်နီးနားချင်း အထူးသဖြင့် မိသားစုများမှာ တစ်ဉီးနှင့်တစ်ဉီး အပြန်အလှန်ယုံကြည်ခြင်းနဲ့ ဂရုစိုက်မှုများရှိတဲ့နေရာ ဖြစ်ပါစေလို့ ဆရာတော် Baylon က ဆုတောင်းခဲ့ပါတယ်။

တိုက်ဖုန်း Vamco ဟာ ၃ ကြိမ်မြောက်တိုက်ဖုန်းဖြစ်ပြီး မြေပြိုမှုများလည်းဖြစ်ပွားခဲ့ကြောင်း ရေကြီးရေလျှံမှု အဆိုးရွားဆုံးနှစ်ဖြစ်ခဲ့ကြောင်း၊ ရွာတရွာလုံး ရေအောက် ရောက်ရှိခဲ့ရသလို မနီလာတွင်လည်း လျှပ်စစ်ပြတ်တောက်ခံရခြင်းကို လူများစွာကြုံတွေ့ရကြောင်း

ပျက်စီးမှုများအလွန်များသည့်အတွက် မတတ်နိုင်တာကြောင့်နိုင်ငံတကာ အကူအညီတောင်းခံရန် အစိုးရကို ကျွန်ုပ်တို့ တိုက်တွန်းထားပါတယ်လို့ ကာရီးတာ့စ် တာ၀န်ခံ ဘုန်းတော်ကြီး ဖာသာရ် အန်တိုနီယိုက ဆိုပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: CNN

https://bit.ly/3puhMwe

Add new comment

18 + 1 =